Zawgyi ျဖင့္ဖတ္၇န္
မဂၤလာဒုံၿမဳိ႕နယ္ ေအာင္မဂၤလာ အေ၀းေျပးကား၀င္း ဂိတ္ေပါက္ (၂) ေရွ႕ ေရေျမာင္းထဲ၌ အမ်ဳိးသားအေလာင္း ေတြ႕ရွိမႈ ေမ ၂၉ ရက္ နံနက္ ၉ နာရီ၀န္းက်င္က ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ေအာင္မဂၤလာ အေ၀းေျပးကား၀င္း အေရွ႕ဂိတ္ေပါက္ (၂) ေရေျမာင္းထဲ၌ နံနက္ ၉ နာရီ၀န္းက်င္တြင္ စည္ပင္၀န္ထမ္းမ်ားက သန္႔ရွင္းေရး ျပဳလုပ္ေနစဥ္ အသက္ ၂၀ ၀န္းက်င္ရွိ အမ်ဳိးသားတစ္ဦး အေလာင္းအား စတင္ေတြ႕ရွိခဲ့ေၾကာင္း ဂိတ္ေပါက္ (၂) တြင္ ေစ်းေရာင္းခ်ေနသူ တစ္ဦးက ေျပာၾကားသည္။

“ေရေျမာင္းအတြင္း စည္ပင္၀န္ထမ္းေတြက သန္႔ရွင္းေရး ျပဳလုပ္ေနရင္း အမ်ိဳးသား အေလာင္းကို စတင္ေတြ႕တာပါ။ ေသဆံုးေနတဲ့ အမ်ိဳးသားက အက်ႌအျဖဴ ၀တ္ဆင္ထားတယ္။ အသက္ ၂၀ ေက်ာ္အရြယ္ လူငယ္ပိုင္း ျဖစ္ပါတယ္။ အေလာင္းကိုေတာ့ တာ၀န္ရွိသူေတြ စစ္ေဆးရာမွာလည္း ျပင္ပဒဏ္ရာေတြ မေတြ႕ခဲ့ရပါဘူး” ဟု ဂိတ္ေပါက္ (၂) တြင္ ေစ်းေရာင္းခ်ေနသူ တစ္ဦးက ဆိုသည္။

ေသဆုံးသူ အမ်ဳိးသားမွာ အသက္ ၂၂ ႏွစ္အရြယ္ မဂၤလာဒုံၿမိဳ႕နယ္ ေပါက္ကုန္းအပုိင္း ၅ သုခိတာလမ္း ၅/၆တြင္ ေနထုိင္သူ ျဖစ္ေၾကာင္း၊ အေလာင္းအား ေျမာက္ဥကၠလာ ေမဓာ၀ီေဆး႐ုံသုိ႔ ပုိ႔ေဆာင္ခဲ့ေၾကာင္း ပုလဲၿမဳိ႕သစ္ အရန္မီးသတ္တပ္ဖြဲ႕မွ သိရသည္။

“မနက္ ၉ နာရီ၀န္းက်င္က ေအာင္မဂၤလာ အေ၀းေျပးကား၀င္းေရွ႕ အေလာင္းေပၚလုိ႔ ကြၽန္ေတာ္တုိ႔ ပုလဲမီးသတ္အဖြဲ႕ သြားေရာက္ကူညီ ေဆာင္ရြက္ေပးခဲ့တယ္။ အေလာင္းက အသက္ ၂၂ အရြယ္ အမ်ဳိးသား အေလာင္းပါ။ သူကုိေတာ့ ေမဓာ၀ီေဆး႐ုံ ပုိ႔ေဆာင္ေပးခဲ့ပါတယ္။ အေလာင္းမွာ ျပင္ပဒဏ္ရာေတြလည္း မေတြ႕ပါဘူး” ဟု ပုလဲၿမိဳ႕သစ္ အရန္မီးသတ္တပ္ဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးက ဆက္လက္ေျပာၾကားသည္။

Unicodeဖြင့်ဖတ်ရန်

မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဝင်း ဂိတ်ပေါက် (၂) ရှေ့ ရေမြောင်းထဲ၌ အမျိုးသားအလောင်း တွေ့ရှိမှု မေ ၂၉ ရက် နံနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မင်္ဂလာ အဝေးပြေးကားဝင်း အရှေ့ဂိတ်ပေါက် (၂) ရေမြောင်းထဲ၌ နံနက် ၉ နာရီဝန်းကျင်တွင် စည်ပင်ဝန်ထမ်းများက သန့်ရှင်းရေး ပြုလုပ်နေစဉ် အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး အလောင်းအား စတင်တွေ့ရှိခဲ့ကြောင်း ဂိတ်ပေါက် (၂) တွင် ဈေးရောင်းချနေသူ တစ်ဦးက ပြောကြားသည်။

“ရေမြောင်းအတွင်း စည်ပင်ဝန်ထမ်းတွေက သန့်ရှင်းရေး ပြုလုပ်နေရင်း အမျိုးသား အလောင်းကို စတင်တွေ့တာပါ။ သေဆုံးနေတဲ့ အမျိုးသားက အကျႌအဖြူ ဝတ်ဆင်ထားတယ်။ အသက် ၂၀ ကျော်အရွယ် လူငယ်ပိုင်း ဖြစ်ပါတယ်။ အလောင်းကိုတော့ တာဝန်ရှိသူတွေ စစ်ဆေးရာမှာလည်း ပြင်ပဒဏ်ရာတွေ မတွေ့ခဲ့ရပါဘူး” ဟု ဂိတ်ပေါက် (၂) တွင် ဈေးရောင်းချနေသူ တစ်ဦးက ဆိုသည်။

သေဆုံးသူ အမျိုးသားမှာ အသက် ၂၂ နှစ်အရွယ် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းအပိုင်း ၅ သုခိတာလမ်း ၅/၆တွင် နေထိုင်သူ ဖြစ်ကြောင်း၊ အလောင်းအား မြောက်ဥက္ကလာ မေဓာဝီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

“မနက် ၉ နာရီဝန်းကျင်က အောင်မင်္ဂလာ အဝေးပြေးကားဝင်းရှေ့ အလောင်းပေါ်လို့ ကျွန်တော်တို့ ပုလဲမီးသတ်အဖွဲ့ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့တယ်။ အလောင်းက အသက် ၂၂ အရွယ် အမျိုးသား အလောင်းပါ။ သူကိုတော့ မေဓာဝီဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။ အလောင်းမှာ ပြင်ပဒဏ်ရာတွေလည်း မတွေ့ပါဘူး” ဟု ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။

Credit: Eleven