Zawgyi ျဖင့္ဖတ္၇န္
ဆုိမာလီယာႏုိင္ငံမွာ အမ်ိဳးသမီးတဦးကုိ ေယာက္က်ား ၁၀ ေယာက္ရွိတယ္လုိ႔ စြပ္စြဲၿပီး အစၥလာမ္အၾကမ္းဖက္ အဖြဲ႔ေတြက ေက်ာက္တံုးနဲ႔ ေပါက္သတ္လုိက္တယ္လို႔ ေမရာသတင္းမွာ ေမ ၉ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ႏုိင္ငံေတာင္ပုိင္း ရွီေဘလီေအာက္ပုိင္း ေဒသက ဆက္လာလီၿမိဳ႕မွာ အသက္ ၃၀ အရြယ္ ႐ူကရီအက္ဘ္ဒူလာဟီ ဆုိတဲ့ အမ်ဳိးသမီးကို ေက်ာက္တံုးနဲ႔ ေပါက္သတ္ခဲ့တာပါ။

တရား႐ုံးမွာ အမ်ိဳးသား ၁၀ ေယာက္က သူတုိ႔ေတြ ဒီအမ်ိဳးသမီးနဲ႔ လက္ထပ္ထားတယ္လုိ႔ ေျပာခဲ့ၿပီး အမ်ိဳးသမီးကို အယူခံတင္ခြင့္နဲ႔ ေရွ႕ေန႔ငွားရမ္းခြင့္ပါ ျငင္းဆန္ခဲ့တယ္လုိ႔ သိရပါတယ္။

“႐ူကရီအက္ဘ္ဒူလာဟီကုိ သူမရဲ႕ တရားဝင္ေယာက္်ားနဲ႔ ေနာက္ထပ္ ေယာက္်ား ၉ ေယာက္က သူတုိ႔ရဲ႕မိန္းမပါဆုိၿပီး ေျပာလုိ႔ သူတုိ႔အားလံုးကို တရား႐ုံးတင္ခဲ့တယ္” လုိ႔ ရွီေဘလီေအာက္ပုိင္း အယ္လ္ရွာဘက္ေခါင္းေဆာင္ မုိဟာမက္အဘူအူစမာက ေျပာပါတယ္။

အဲဒီေဒသမွာရွိတဲ့ အၾကမ္းဖက္အဖြဲ႔ေတြက ဆုိမာလီယာႏုိင္ငံရဲ႕ အစၥလာမ္ဥပေဒကို သူတုိ႔ရဲ႕ ကုိယ္ပုိင္ ရက္စက္ျပင္းထန္တဲ့ သတ္မွတ္ခ်က္ေတြနဲ႔ က်င့္သံုးေနတာပါ။

အဲဒီေဒသက တရား႐ုံးေတြမွာ ခိုးမႈအတြက္ ေျခလက္အဂၤါေတြ ျဖတ္ေတာက္တာ အပါအဝင္ ဘာသာေရးခ်ိဳးေဖာက္မႈေတြအတြက္ ရက္စက္တဲ့ ျပစ္ဒဏ္ေတြ ေပးတယ္လုိ႔လည္း သိရပါတယ္။

စြပ္စြဲခံရသူေတြကို လည္ပင္းအထိ ေျမႀကီးထဲမွာျမႇဳပ္ကာ လူအုပ္ႀကီးက ေက်ာက္တံုးနဲ႔ ပစ္ေပါက္ၿပီး သတ္တာက အိမ္ေထာင္ေရးေဖာက္ျပန္မႈ သံသယရွိတဲ့ သူေတြအတြက္ အျပစ္ေပးနည္းတခုျဖစ္တယ္လုိ႔ သိရၿပီး အမ်ိဳးသားေရာ၊ အမ်ိဳးသမီးပါ ေက်ာက္တံုးနဲ႔ ပစ္ေပါက္သတ္ခံရတယ္လုိ႔ သိရပါတယ္။
Unicodeဖြင့်ဖတ်ရန်
ဆိုမာလီယာနိုင်ငံမှာ အမျိုးသမီးတဦးကို ယောက်ကျား ၁၀ ယောက်ရှိတယ်လို့ စွပ်စွဲပြီး အစ္စလာမ်အကြမ်းဖက် အဖွဲ့တွေက ကျောက်တုံးနဲ့ ပေါက်သတ်လိုက်တယ်လို့ မေရာသတင်းမှာ မေ ၉ ရက်နေ့က ဖော်ပြထားပါတယ်။

နိုင်ငံတောင်ပိုင်း ရှီဘေလီအောက်ပိုင်း ဒေသက ဆက်လာလီမြို့မှာ အသက် ၃၀ အရွယ် ရူကရီအက်ဘ်ဒူလာဟီ ဆိုတဲ့ အမျိုးသမီးကို ကျောက်တုံးနဲ့ ပေါက်သတ်ခဲ့တာပါ။

တရားရုံးမှာ အမျိုးသား ၁၀ ယောက်က သူတို့တွေ ဒီအမျိုးသမီးနဲ့ လက်ထပ်ထားတယ်လို့ ပြောခဲ့ပြီး အမျိုးသမီးကို အယူခံတင်ခွင့်နဲ့ ရှေ့နေ့ငှားရမ်းခွင့်ပါ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

“ရူကရီအက်ဘ်ဒူလာဟီကို သူမရဲ့ တရားဝင်ယောက်ျားနဲ့ နောက်ထပ် ယောက်ျား ၉ ယောက်က သူတို့ရဲ့မိန်းမပါဆိုပြီး ပြောလို့ သူတို့အားလုံးကို တရားရုံးတင်ခဲ့တယ်” လို့ ရှီဘေလီအောက်ပိုင်း အယ်လ်ရှာဘက်ခေါင်းဆောင် မိုဟာမက်အဘူအူစမာက ပြောပါတယ်။

အဲဒီဒေသမှာရှိတဲ့ အကြမ်းဖက်အဖွဲ့တွေက ဆိုမာလီယာနိုင်ငံရဲ့ အစ္စလာမ်ဥပဒေကို သူတို့ရဲ့ ကိုယ်ပိုင် ရက်စက်ပြင်းထန်တဲ့ သတ်မှတ်ချက်တွေနဲ့ ကျင့်သုံးနေတာပါ။

အဲဒီဒေသက တရားရုံးတွေမှာ ခိုးမှုအတွက် ခြေလက်အင်္ဂါတွေ ဖြတ်တောက်တာ အပါအဝင် ဘာသာရေးချိုးဖောက်မှုတွေအတွက် ရက်စက်တဲ့ ပြစ်ဒဏ်တွေ ပေးတယ်လို့လည်း သိရပါတယ်။

စွပ်စွဲခံရသူတွေကို လည်ပင်းအထိ မြေကြီးထဲမှာမြှုပ်ကာ လူအုပ်ကြီးက ကျောက်တုံးနဲ့ ပစ်ပေါက်ပြီး သတ်တာက အိမ်ထောင်ရေးဖောက်ပြန်မှု သံသယရှိတဲ့ သူတွေအတွက် အပြစ်ပေးနည်းတခုဖြစ်တယ်လို့ သိရပြီး အမျိုးသားရော၊ အမျိုးသမီးပါ ကျောက်တုံးနဲ့ ပစ်ပေါက်သတ်ခံရတယ်လို့ သိရပါတယ်။
Credit; DVB