Zawgyi ျဖင့္ဖတ္၇န္

ကေမၻာဒီးယားႏုိင္ငံက ေက်းရြာေတြမွာ အရည္ေသြးေကာင္းမြန္မႈမရွိတဲ့ ညစ္ပတ္တဲ့ ၀ိုင္အရက္ကိုေသာက္သံုးခဲ့မိတာေၾကာင့္ ၁၃ ဦးေသဆံုးၿပီး လူေပါင္း ၂၀၀ေက်ာ္ကို ေဆးရံုတင္ပို႔ခဲ့ရတယ္လို႔သိရပါတယ္။

ကေမာၻဒီးယားႏုိင္ငံ ကာရာတီေဒသရွိ ေက်းရြာႏွစ္ရြာက ရြာသားေတြဟာ အရည္ေသြးေကာင္းမြန္မႈမရွိတဲ့အရက္၀ိုင္နဲ႔ ေရေတြကို ေသာက္သံုးခဲ့တယ္လို႔သိရပါတယ္။ ကာရာတီေဒသ က်န္းမာေရးဌာန မွညြန္ၾကားေရးမႈး ခ်ဟီအာဆုိဗာသာက ေသဆံုးအေရအတြက္ဟာ ၁၃ ဦးအထိ ျမင့္တက္လာတယ္လို႔ေျပာခဲ့ပါတယ္။

အရည္ေသြးေကာင္းမြန္မႈမရွိတဲ့ ၀ိုင္အရက္ေတြကို ေသာက္သံုးခဲ့တဲ့ ရြာသားေတြဟာ ရင္ဘတ္နာက်င္တာ၊ ခႏၶာကုိယ္ အနီစက္ေတြျဖစ္လာတာ၊ ေခါင္းမူးတာ ၊ အျပင္ ၀မ္းဗိုက္နာက်င္မႈေတြ ဆက္လက္ခံစားေနရတယ္လို႔ သိရပါတယ္။ အသက္ ၂၄ ႏွစ္ နဲ႔ ၇၃ ႏွစ္ၾကားရွိအရြယ္ေတြ ခံစားေနရတာျဖစ္ၿပီး ေအာ့အန္မႈ နဲ႔ ေမာပန္းမႈေတြလည္းေတြၾကံဳခံစားရေနတယ္လို႔ သိရပါတယ္။

ကေမာၻဒီးယား က်န္းမာေရး တာ၀န္ရွိသူေတြ ဟာ ဆန္နဲ႔ ျပဳလုပ္တဲ့၀ိုင္အရက္ နမူနာနဲ႔ ညစ္ပတ္တဲ့ေရေတြေတြကို စစ္ေဆးၾကည့္ခ်ိန္မွာ ၀ိုင္အရက္မွာ အစာအဆိပ္ကိုျဖစ္ပြားေစတဲ့ မက္သေနာဓါတ္ေငြ႔ရည္ ပါ၀င္မႈႏႈန္းျမင့္တက္လာေစခဲ့တယ္လို႔ ေျပာပါတယ္။ ကေမာၻဒီးယားအာဏာပိုင္ေတြဟာ ေဒသအတြင္းထုတ္လုပ္တဲ့ ဆန္နဲ႔ျပဳတဲ့ ၀ိုင္အရက္ေတြ ေရာင္းခ်တာကို ျဖိဳခြင္းမႈလုပ္ခဲ့သလို ရြာသားေတြကို တူေျမာင္းက ညစ္ပတ္တဲ့ေရေတြကို အသံုးျပဳတာကိုလည္း ပိတ္ပင္မႈေတြ လုပ္ခဲ့တယ္လို႔သိရပါတယ္။

ကေမာၻဒီးယားက်န္းမာေရး၀န္ၾကီးက သန္းရွင္းမႈမရွိတဲ့ ၀ိုင္အရက္ေတြ နဲ႔ ေကာင္းမြန္တဲ့နည္းစနစ္နဲ႔ ထုတ္လုပ္မႈမရွိတဲ့ ၀ိုင္အရက္ေတြကို မေသာက္သံုးဖုိ႔ ျပည္သူေတြကိုတုိက္တြန္းပါတယ္လို႔ ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလအတြင္းကလည္း အင္ဒိုနီးရွားႏုိင္ငံမွာ အရက္ပုန္းေတြကို ေသာက္သံုးမႈေတြေၾကာင့္ လူေသဆံုးမႈေတြ ျဖစ္ခဲ့ရဖူးတယ္လို႔ သိရပါတယ္။

Ref UPI Tainted wine kills 13, hospitalizes 200 in Cambodia
Unicodeဖြင့်ဖတ်ရန်

ကမ္ဘောဒီးယားနိုင်ငံက ကျေးရွာတွေမှာ အရည်သွေးကောင်းမွန်မှုမရှိတဲ့ ညစ်ပတ်တဲ့ ဝိုင်အရက်ကိုသောက်သုံးခဲ့မိတာကြောင့် ၁၃ ဦးသေဆုံးပြီး လူပေါင်း ၂၀၀ကျော်ကို ဆေးရုံတင်ပို့ခဲ့ရတယ်လို့သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ကာရာတီဒေသရှိ ကျေးရွာနှစ်ရွာက ရွာသားတွေဟာ အရည်သွေးကောင်းမွန်မှုမရှိတဲ့အရက်ဝိုင်နဲ့ ရေတွေကို သောက်သုံးခဲ့တယ်လို့သိရပါတယ်။ ကာရာတီဒေသ ကျန်းမာရေးဌာန မှညွန်ကြားရေးမှုး ချဟီအာဆိုဗာသာက သေဆုံးအရေအတွက်ဟာ ၁၃ ဦးအထိ မြင့်တက်လာတယ်လို့ပြောခဲ့ပါတယ်။

အရည်သွေးကောင်းမွန်မှုမရှိတဲ့ ဝိုင်အရက်တွေကို သောက်သုံးခဲ့တဲ့ ရွာသားတွေဟာ ရင်ဘတ်နာကျင်တာ၊ ခန္ဓာကိုယ် အနီစက်တွေဖြစ်လာတာ၊ ခေါင်းမူးတာ ၊ အပြင် ဝမ်းဗိုက်နာကျင်မှုတွေ ဆက်လက်ခံစားနေရတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ် နဲ့ ၇၃ နှစ်ကြားရှိအရွယ်တွေ ခံစားနေရတာဖြစ်ပြီး အော့အန်မှု နဲ့ မောပန်းမှုတွေလည်းတွေကြုံခံစားရနေတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယား ကျန်းမာရေး တာဝန်ရှိသူတွေ ဟာ ဆန်နဲ့ ပြုလုပ်တဲ့ဝိုင်အရက် နမူနာနဲ့ ညစ်ပတ်တဲ့ရေတွေတွေကို စစ်ဆေးကြည့်ချိန်မှာ ဝိုင်အရက်မှာ အစာအဆိပ်ကိုဖြစ်ပွားစေတဲ့ မက်သနောဓါတ်ငွေ့ရည် ပါဝင်မှုနှုန်းမြင့်တက်လာစေခဲ့တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားအာဏာပိုင်တွေဟာ ဒေသအတွင်းထုတ်လုပ်တဲ့ ဆန်နဲ့ပြုတဲ့ ဝိုင်အရက်တွေ ရောင်းချတာကို ဖြိုခွင်းမှုလုပ်ခဲ့သလို ရွာသားတွေကို တူမြောင်းက ညစ်ပတ်တဲ့ရေတွေကို အသုံးပြုတာကိုလည်း ပိတ်ပင်မှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးက သန်းရှင်းမှုမရှိတဲ့ ဝိုင်အရက်တွေ နဲ့ ကောင်းမွန်တဲ့နည်းစနစ်နဲ့ ထုတ်လုပ်မှုမရှိတဲ့ ဝိုင်အရက်တွေကို မသောက်သုံးဖို့ ပြည်သူတွေကိုတိုက်တွန်းပါတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံမှာ အရက်ပုန်းတွေကို သောက်သုံးမှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်ခဲ့ရဖူးတယ်လို့ သိရပါတယ်။

Ref UPI Tainted wine kills 13, hospitalizes 200 in Cambodia
Credit; Kaung Htet Ngwe (ရိုးရာေလး)