Zawgyi ျဖင့္ဖတ္၇န္

မုၿဒာ ရဲ့ ေအာင္ၿမင္မွဳႏွင့္အတူ မုၿဒာ ရုပ္ရွင္ရဲ့ပဲ့ကိုင္ရွင္ေတြၿဖစ္တဲ့ ခီ စံုတဲြ ရဲ့ ရုပ္ရွင္အဖဲြ့သားေတြအေပၚ ၿပန္လည္ေ၀မွ်တဲ့ ေစတနာ ကေတာ့ ပရိသတ္ ေမတၱာပိုတိုးစရာၿဖစ္သလုိ ၊ အၿခား ရုပ္ရွင္ေလာကသားမ်ား နမူနာ ယူေစႏုိင္ရန္အတြက္လည္း ေရွ ့ဦးလမ္းၿပပမာပါပဲ။

မုျဒာရဲ႕ေခၚသံ ျဖစ္ေျမာက္ရန္အတြက္ ေငြေရာင္ပိတ္ကားထက္ ႏွင့္ ပိတ္ကားေနာက္ကြယ္မွ ဝိုင္းဝန္းကူညီအားျဖည့္ၾကေသာ အႏုပညာရွင္မ်ားႏွင့္ အႏုပညာအဖြဲ႕သားမ်ား ကိုဂုဏ္ျပဳေသာအားျဖင့္ မုျဒာရဲ႕ေခၚသံ (၆) ပတ္ ေျမာက္ ဝင္ေငြအားလံုးအပါအဝင္ ထုတ္လုပ္သူမ်ား မွ ေငြေၾကးထပ္မံထည့္ဝင္ၿပီးလုပ္ေသာ ဂုဏ္ျပဳညစာစားပြဲႏွင့္ ဆုေငြခ်ီးျမင့္ေသာအခမ္းအနားပံုရိပ္မ်ားျဖစ္ပါတယ္။ ထို႔အျပင္ Central Base Productions မွ CEO ႏွင့္ ဒါ႐ိုက္တာ ခရစ္စ္တီးနားခီ ႏွင့္ မင္းသား ဇဏ္ခီ မွလည္းထပ္မံ၍ ဂုဏ္ျပဳဆုေငြမ်ားကိုေပးအပ္ခဲ့ပါသည္။ ယေန႔အခ်ိန္ထိ အားေပးၾကတဲ့ ခ်စ္ရတဲ့ပရိတ္သတ္အားလံုးကိုလဲေက်းဇူးတင္ရင္း အားလံုးပဲပီတိျဖစ္ႏိုင္ေအာင္ ယေန႔ပြဲမွ ပံုရိပ္မ်ားကိုေဝမွ်လိုက္ပါတယ္ လို ့ မုၿဒာရဲ့ေခၚသံ စာမ်က္ႏွာ မွာေရးသားထားတာၿဖစ္ပါတယ္။

ဒါနဲ ့ပတ္သတ္ၿပီး မူရင္းပိုစ့္ေအာက္မွာ ေဖ့ဘြတ္ခ္အသံုးၿပဳသူတဦၿဖစ္တဲ့ (K Han) ေရးသားထားတာေလးေကာင္းလုိ ့ၿပန္လည္ေ၀မွ်လိုက္ပါတယ္။ ေရးထားတာကဒီလုိပါ။ “ၿမန္မာ့ရုပ္ရွင္ေလာကမွာ မျမင္ဘူးတာေတြ ျမင္ေနရတယ္ မၾကားဘူးတာေတြ ၾကားေနရတယ္ heart ထိတယ္ဗ်ာ။ ဘာလုပ္လုပ္ နည္းပညာအေျခခံတဲ့ ဗဟုသုတဥာဏ္ စူးစမ္းေလ့လာဆင္ျခင္တဲ့ စဥ္းစားဥာဏ္ လက္ေတြ့လုပ္ၾကည့္ရင္း နားလည္သေဘာေပါက္တဲ့ ပညာဥာဏ္ ၃ မ်ိဳးနဲ ့ ေစတနာေကာင္းထား ႀကံ ့ႀကံ ့ခံ ဇြဲနပဲနဲ ့သည္းခံ ေက်ာ္ျဖတ္ရမယ္ဆိုတာရယ္ win-win policy ဆိုတဲ့ သူေတာ္ေကာင္းထံုး ႏွလံုးမူရင္ လူသာဓုေခၚ နတ္သာဓုေခၚ တရားက ေစာင့္ေရွာက္ေၾကာင္းပါဗ်ာ။ လမ္းေဖါက္သူေတြကို ဝန္းရံကူညီရမယ့္တာဝန္ အားလံုးမွာ ရွိပါတယ္။

Papawady ပပဝတီ မွ ေရးသားတင္ဆက္သည္။
Unicodeဖြင့်ဖတ်ရန်

မုဒြာ ရဲ့ အောင်မြင်မှုနှင့်အတူ မုဒြာ ရုပ်ရှင်ရဲ့ပဲ့ကိုင်ရှင်တွေဖြစ်တဲ့ ခီ စုံတွဲ ရဲ့ ရုပ်ရှင်အဖွဲ့သားတွေအပေါ် ပြန်လည်ဝေမျှတဲ့ စေတနာ ကတော့ ပရိသတ် မေတ္တာပိုတိုးစရာဖြစ်သလို ၊ အခြား ရုပ်ရှင်လောကသားများ နမူနာ ယူစေနိုင်ရန်အတွက်လည်း ရှေ ့ဦးလမ်းပြပမာပါပဲ။

မုဒြာရဲ့ခေါ်သံ ဖြစ်မြောက်ရန်အတွက် ငွေရောင်ပိတ်ကားထက် နှင့် ပိတ်ကားနောက်ကွယ်မှ ဝိုင်းဝန်းကူညီအားဖြည့်ကြသော အနုပညာရှင်များနှင့် အနုပညာအဖွဲ့သားများ ကိုဂုဏ်ပြုသောအားဖြင့် မုဒြာရဲ့ခေါ်သံ (၆) ပတ် မြောက် ဝင်ငွေအားလုံးအပါအဝင် ထုတ်လုပ်သူများ မှ ငွေကြေးထပ်မံထည့်ဝင်ပြီးလုပ်သော ဂုဏ်ပြုညစာစားပွဲနှင့် ဆုငွေချီးမြင့်သောအခမ်းအနားပုံရိပ်များဖြစ်ပါတယ်။ ထို့အပြင် Central Base Productions မှ CEO နှင့် ဒါရိုက်တာ ခရစ်စ်တီးနားခီ နှင့် မင်းသား ဇဏ်ခီ မှလည်းထပ်မံ၍ ဂုဏ်ပြုဆုငွေများကိုပေးအပ်ခဲ့ပါသည်။ ယနေ့အချိန်ထိ အားပေးကြတဲ့ ချစ်ရတဲ့ပရိတ်သတ်အားလုံးကိုလဲကျေးဇူးတင်ရင်း အားလုံးပဲပီတိဖြစ်နိုင်အောင် ယနေ့ပွဲမှ ပုံရိပ်များကိုဝေမျှလိုက်ပါတယ် လို ့ မုဒြာရဲ့ခေါ်သံ စာမျက်နှာ မှာရေးသားထားတာဖြစ်ပါတယ်။

ဒါနဲ ့ပတ်သတ်ပြီး မူရင်းပိုစ့်အောက်မှာ ဖေ့ဘွတ်ခ်အသုံးပြုသူတဦဖြစ်တဲ့ (K Han) ရေးသားထားတာလေးကောင်းလို ့ပြန်လည်ဝေမျှလိုက်ပါတယ်။ ရေးထားတာကဒီလိုပါ။ “မြန်မာ့ရုပ်ရှင်လောကမှာ မမြင်ဘူးတာတွေ မြင်နေရတယ် မကြားဘူးတာတွေ ကြားနေရတယ် heart ထိတယ်ဗျာ။ ဘာလုပ်လုပ် နည်းပညာအခြေခံတဲ့ ဗဟုသုတဉာဏ် စူးစမ်းလေ့လာဆင်ခြင်တဲ့ စဉ်းစားဉာဏ် လက်တွေ့လုပ်ကြည့်ရင်း နားလည်သဘောပေါက်တဲ့ ပညာဉာဏ် ၃ မျိုးနဲ ့ စေတနာကောင်းထား ကြံ ့ကြံ ့ခံ ဇွဲနပဲနဲ ့သည်းခံ ကျော်ဖြတ်ရမယ်ဆိုတာရယ် win-win policy ဆိုတဲ့ သူတော်ကောင်းထုံး နှလုံးမူရင် လူသာဓုခေါ် နတ်သာဓုခေါ် တရားက စောင့်ရှောက်ကြောင်းပါဗျာ။ လမ်းဖေါက်သူတွေကို ဝန်းရံကူညီရမယ့်တာဝန် အားလုံးမှာ ရှိပါတယ်။

Papawady ပပဝတီ မှ ရေးသားတင်ဆက်သည်။

LEAVE A REPLY