ZawGyiဖြင့်ဖတ်ရန်




Credit:KKK(momolay)

Source – MNO fb, ptrt fb

UniCodeဖြင့်ဖတ်ရန်

ဖြိုးသီရိထွန်း နဲ့ ဒိန်းပိုပိုဒေါင် တို့ အပြန်အလှန် စိန်ခေါ်နေကြပါပြီ

မဲကြေးလိမ်တဲ့ပြဿနာဟာ ပိုပိုပြီးကြီးလာခဲ့ပြီး ယခုဆိုရင် အဖွဲ့ ၂ဖွဲ့ဖြစ်နေပြီး တစ်ဖွဲ့ခြင်းကနေ သီးခြားဆီ ဖြေရှင်းနေကြတယ်လို့ ထင်ရပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒိန်းဒေါင်ရဲ့ သမီးလေး ဒိန်းပိုပိုဒေါင်ကတော့ ” “ဖြိုးသီရိထွန်း လူတွေ လူလိုနားလည်စွာနဲ့ ဖြိုးသီရိထွန်း ဆီသွားတောင်းနော်..ကျွန်မအဖေ ကြားထဲက စေတနာနဲ့လိုက်ကူညီ ပေးနေတာ နော် ဒီ့ထက်မရောင့်တတ်ကြနဲ့ အိမ်ပေါ်ထိခေါ်တင်ပေးပြီး စာချုပ်ချုပ်ခိုင်းတာကိုပဲကျေးဇူးတင်ကြ ” ဆိုကာ ပေါက်ကွဲနေပါတယ်။
အဲ့ဒီနောက်မှာတော့ သူမက ဆက်ပြီး ” သူတို့ဘာလို့ပြေးသွားလဲတဲ့။ ကဲဟုတ်ပြီ ကျွန်မဖြေမယ်.. ကျွန်မတို့ကသူတို့ကို အချိန်တခုထိပဲ ထိန်းသိမ်းနိုင်မယ်..၂ယောက်ကို လွှတ်ပေးပြီး တစ်ယောက်ကိုထိန်းချုပ်ထားလို့ လွတ်သွားတဲ့၂ယောက်က ကျွန်မတို့လူတယောက်ကို အဲ့အိမ်ကပြန်ပေးစွဲ ထားပါတယ်လို့ ရဲကိုသွားတိုင်ရင် ရှင်တို့ကျွန်မတို့အစားအချုပ်ထဲဝင်ပေးမလား ပြော ” ဆိုကာ စာရိုက်ပြီးဝေဖန်နေသူတွေကို မေးခွန်းထုတ်လိုက်ပြန်ပါတယ်။

တဆက်ထဲမှာဘဲ ” သူတို့ပိုက်ဆံရှာချင်တယ် ထွက်ခွင့်ပြုပါဆိုလို့ ပိုက်ဆံရှာဖို့ လွှတ်လိုက်တဲ့ချိန် သူတို့ပြေးသွားတယ်။ အိမ်မှာဆက်ထားလို့လဲ ရောင်းစားလိုက်လို့ ၃ ယောက်ပေါင်းမှ သိန်းတစ်ရာပြည့်အောင် မရဖူးဘူး..ဒါကျွန်မ အရှုင်းဆုံးပြောပြတာနော်..သူ့တို့ကိုအိမ်မှာဆက်ထားလို့ သူတို့ပိုက်ဆံရှာလို့မရဘူး.. ကျွန်မတို့ပါသွားတာ တစ်ရာ နှစ်ရာမဟုတ်ဘူး ထောင်ဂဏန်း ထောင်တောင် တစ်ထောင် နှစ်ထောင်မဟုတ် ၈ထောင်နီးပါး သိလား” ဆိုပြီး ပြောထားပါတယ်။
ဒိန်းပိုပိုဒေါင်ဟာ သရုပ်ဆောာင်ဖြိုးသီရိထွန်း ဆီက ဆုမဲများကို ဝယ်ယူကာ တစ်ဖက်မဲသားများဆီသို့ ငါးသောင်းသော်လည်းကောင်း တစ်သိန်းသော်လည်းကောင်း အမြတ်စားကာ ဝယ်ရောင်းလုပ်ခဲ့တာဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း ဖြိုးသီရိထွန်းဆီက သိန်းရာချီ ဝယ်ခဲ့သလို သူမကို ယုံကြည်ပြီးတစ်ဆင့်ခံ ဝယ်ယူခဲ့တဲ့ မဲသားတွေလည်း ရှိလို့နေခဲ့တာပါ။ ဒိုင်ဖြစ်သူ ဖြိုးသီရိထွန်းက ဆုမဲများကို မလျော်နိုင်လို့ ထွက်ပြေးခဲ့ပေမယ့်လည်း မေလ(၄)ရက်နေ့မှာ ဒိန်းပိုပိုဒေါင်နဲ့ ဖခင်ဖြစ်သူ ဒိန်းဒေါင်တို့ဟာ ဖြိုးသီရိထွန်းတို့ကို ရှာဖွေနိုင်ခဲ့ပြီး မဲကိစ္စများဖြေရှင်းပေးဖို့အတွက် အလိမ်ခံရသော မိသားစုပေါင်းများစွာရဲ့ရှေ့မှာ စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖြိုးသီရိထွန်းတို့ မိသားစုမှာ ငွေရှာမည်လို့ ပြောတာပြီး ထွက်သွားခဲ့ပေမယ့် အခုချိန်ထိ ဘယ်သူမှ ဆက်သွယ်၍ မရဘဲ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။ ဖြိုးသီရိထွန်းဟာ သရုပ်ဆောင်လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသူ တစ်ယောက်ဖြစ်ပြီး ဇာတ်ကားရိုက်ကူးမှုတွေ ပြုလုပ်ကာ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ သိနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဖြိုးသီရီထွန်း ဘက်လဲ ဖေ့စ်ဘုတ်အကောင့် တစ်ခုနဲ့” လာညှိရင်ညှိပါ ၊ နင်ဆိုတာ သာမန်လူမဟုတ်ဘူးနော် ၊နင်အဖေဘာဆိုတာ သိတယ်နော် ဒီအကောင့် chat boxကိုလာညှိပါ၊ မညှိရင်မီဒီယာတွေကိုသတင်းပေးပါမယ် ” ဆိုကာ ပြန်လည် တုန့်ပြန်စာတွေ ရေးထားခဲ့ပါတယ်။

Credit:KKK(momolay)

Source – MNO fb, ptrt fb