ZawGyiဖြင့်ဖတ်ရန်





UniCodeဖြင့်ဖတ်ရန်

အိပ်မက်ထဲအထိအရမ်းရူးသွပ်ခဲ့ရတဲ့ အမိုက်စားကားကြီးကိုမောင်းခွင့်ရလိုက်လို့ပျော်နေတဲ့ သရုပ်ဆောင်ကျော်ဇင်ထွဋ်

အနုပညာလောကမှာ ခပ်ကြမ်းကြမ်းခပ်မိုက်မိုက်၊ဇာတ်ကောင်တွေနဲ့ အမြဲမြင်တွေ့ရတဲ့ သရုပ်ဆောင်ကျော်ဇင် ထွဋ်ကတော့ သူအရမ်းကိုရူးသွပ်ရတဲ့ အမိုက်စားကားကြီးကို ကိုယ်တိုင်မောင်းခွင့်ရလိုက်တာကြောင့် အရမ်းကို ပျော်ရွှင်နေပါတယ်။ပြိုင်ကားပုံစံ အဲ့ဒီအမိုက်စားကားကြီးကတော့ သူအိပ်မက်ထဲမှာအထိ ရူးသွပ်ခဲ့ရတဲ့ ကားကြီး ဖြစ်တယ်လို့ ဆိုပါတယ်။

သူကတော့လက်ရှိမှာ အမိုက်စားအက်ရှင်ခန်းတွေနဲ့ နာမည်ကြီးနေတဲ့ Cover ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုရိုက် ကူးနေတာပဲ ဖြစ်ပါတယ်။Cover ဇာတ်ကားကြီးကတော့ ရဟတ်ယာဉ်ပေါ်မှာ ဖိုက်တင်ချတဲ့ အခန်းတွေပါဝင်ပြီး ရိုက်ကွင်းပေါ်က ပုံရိပ်တွေထွက်ပေါ်လာကတည်း ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

အက်ရှင်ဇာတ်လမ်းဖိုက်တာဇာတ်လမ်းတွေမှာ မပါမဖြစ်လို့ ဆိုရမယ့် ပရိသတ်အချစ်တော်ကျော်ဇင်ထွဋ်က လည်းဒီဇာတ်ကားကြီးမှာ ကြိုးကြိုးစားစားနဲ့ သူရဲ့ အနုပညာတွေကို ချပြရင်းအကောင်းဆုံးပါဝင်ရိုက်ကူးနေ တာပဲ ဖြစ်ပါတယ်။ဒီနေ့မှာ သူအရမ်းကိုရူးသွပ်ရတဲ့ အမိုက်စားကားကြီးနဲ့ စမတ်ကျကျအရမ်းကိုကြည့်ကောင်း နေတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေ ပရိတ်သတ်အတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo : ရန်ကုန်ဖေချစ်ကျော်ဇင်ထွဋ် <3 <3 <3

Credit:myanmarload.com