ZawGyiျဖင့္ဖတ္ရန္

MMA ၿပိဳင္ပြဲ၏ ဝိတ္တန္းႏွစ္ခု ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆု ကာကြယ္ပြဲအျဖစ္ ဘရာဇီးလ္ ႏိုင္ငံသား လီအန္ဒ႐ိုႏွင့္ ယွဥ္ၿပိဳင္ ထိုးသတ္ ရမည္ျဖစ္ေၾကာင္း သိရသည္။ ယင္းခ်န္ပီယံဆုကာကြယ္ပြဲကို ဇြန္ ၂၉ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသား အားကစားၿပိဳင္ပြဲ႐ုံ-၁ သုဝဏၰ၌ က်င္းပမည္ျဖစ္သည္။

ေမ ၁၂ ရက္က အင္ဒိုနီးရွား ႏိုင္ငံ၌ က်င္းပခဲ့သည့္ MMA ၿပိဳင္ပြဲတြင္ မစ္ဒယ္ဝိတ္တန္း စိန္ေခၚပြဲအျဖစ္ ခ်န္ပီယံေဟာင္း ႐ုရွားႏိုင္ငံသား ဘစ္ဒက္ရွ္ႏွင့္ ဘရာဇီးလ္ႏိုင္ငံသား လီအန္ဒ႐ိုတို႔ ယွဥ္ၿပိဳင္ထိုးသတ္ရာ လီအန္ဒ႐ိုက တတိယအခ်ီတြင္အႏိုင္ရခဲ့ေသာေၾကာင့္ ေအာင္လ အန္ဆန္အား စိန္ေခၚခြင့္ရခဲ့ျခင္း ျဖစ္သည္။

ေအာင္လအန္ဆန္ႏွင့္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆု စိန္ေခၚပြဲထိုးသတ္မည့္ လီအန္ဒ႐ိုသည္ ၂၀၀၈ ခုႏွစ္တြင္ MMA ၿပိဳင္ပြဲ စတင္ထိုးသတ္ခဲ့ၿပီး ေမ ၁၂ ရက္က ထိုးသတ္သည့္ပြဲ အပါအဝင္ စုစုေပါင္း ၁၄ ပြဲ ထိုးသတ္ထားရာ ၁၁ ပြဲႏိုင္၊ သုံးပြဲရႈံးထားသည္။ လီအန္ဒ႐ိုသည္ ေနာက္ဆုံးထိုးသတ္သည့္ သုံးပြဲဆက္ အႏိုင္ရထားၿပီး ၿပိဳင္ဘက္မ်ားမွာ ေအာင္လအန္ဆန္ အႏိုင္ထိုးသတ္ခဲ့သည့္ မိုဟာမက္အလီ (အီဂ်စ္)၊ ပတ္ခ္စတာနက္ (ပိုလန္)ႏွင့္ ဗစ္တာလီဘစ္ဒက္ရွ္ (႐ုရွား) တို႔ ျဖစ္သည္။ လီအန္ဒ႐ိုသည္ ေအာင္လအန္ဆန္ႏွင့္ ထိုးသတ္မည့္ ကမာၻ႔ခ်န္ပီယံဆု စိန္ေခၚပြဲအတြက္ ျပင္ဆင္ခ်ိန္ တစ္လေက်ာ္ ရရွိမည္ျဖစ္သည္။

ေအာင္လအန္ဆန္သည္ MMA ၿပိဳင္ပြဲတြင္ မစ္ဒယ္ဝိတ္တန္း ႏွင့္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုရထားၿပီး ပထမဆုံး ခ်န္ပီယံဆု ကာကြယ္ပြဲအျဖစ္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုအား ကာကြယ္ရမည္ျဖစ္သည္။

ေအာင္လအန္ဆန္သည္ ၂၀၁၇ ခုႏွစ္ ဇြန္ ၃၀ ရက္က ရန္ကုန္ၿမိဳ႕၌ က်င္းပသည့္ ၿပိဳင္ပြဲတြင္ ဘစ္ဒက္ရွ္ကို အမွတ္ျဖင့္ အႏိုင္ယူၿပီး မစ္ဒယ္ဝိတ္တန္းကမာၻ႔ခ်န္ပီယံဆု ရယူႏိုင္ခဲ့ျခင္းျဖစ္သည္။ ေအာင္လအန္ဆန္သည္ ျမန္မာ ႏိုင္ငံ၌ ထိုးသတ္သည့္ ခ်န္ပီယံ စိန္ေခၚပြဲ ႏွစ္ပြဲ အပါအဝင္ ငါးပြဲစလုံး အႏိုင္ရထားေၾကာင္း သိရသည္။

Credit-EMG

UniCodeဖြင့်ဖတ်ရန်

အောင်လအန်ဆန်းနဲ့ထိုးသတ်ခွင့်ရဖို့ ချန်ပီယံဟောင်းကို အနိုင်ထိုးသတ်ခဲ့ရတဲ့ လီအန်ဒရိုရဲ့ အကြောင်း

MMA ပြိုင်ပွဲ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် ဘရာဇီးလ် နိုင်ငံသား လီအန်ဒရိုနှင့် ယှဉ်ပြိုင် ထိုးသတ် ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းချန်ပီယံဆုကာကွယ်ပွဲကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။

မေ ၁၂ ရက်က အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပခဲ့သည့် MMA ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ချန်ပီယံဟောင်း ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နှင့် ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုတို့ ယှဉ်ပြိုင်ထိုးသတ်ရာ လီအန်ဒရိုက တတိယအချီတွင်အနိုင်ရခဲ့သောကြောင့် အောင်လ အန်ဆန်အား စိန်ခေါ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

အောင်လအန်ဆန်နှင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲထိုးသတ်မည့် လီအန်ဒရိုသည် ၂၀၀၈ ခုနှစ်တွင် MMA ပြိုင်ပွဲ စတင်ထိုးသတ်ခဲ့ပြီး မေ ၁၂ ရက်က ထိုးသတ်သည့်ပွဲ အပါအဝင် စုစုပေါင်း ၁၄ ပွဲ ထိုးသတ်ထားရာ ၁၁ ပွဲနိုင်၊ သုံးပွဲရှုံးထားသည်။ လီအန်ဒရိုသည် နောက်ဆုံးထိုးသတ်သည့် သုံးပွဲဆက် အနိုင်ရထားပြီး ပြိုင်ဘက်များမှာ အောင်လအန်ဆန် အနိုင်ထိုးသတ်ခဲ့သည့် မိုဟာမက်အလီ (အီဂျစ်)၊ ပတ်ခ်စတာနက် (ပိုလန်)နှင့် ဗစ်တာလီဘစ်ဒက်ရှ် (ရုရှား) တို့ ဖြစ်သည်။ လီအန်ဒရိုသည် အောင်လအန်ဆန်နှင့် ထိုးသတ်မည့် ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲအတွက် ပြင်ဆင်ချိန် တစ်လကျော် ရရှိမည်ဖြစ်သည်။

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရထားပြီး ပထမဆုံး ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား ကာကွယ်ရမည်ဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် ပြိုင်ပွဲတွင် ဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မြန်မာ နိုင်ငံ၌ ထိုးသတ်သည့် ချန်ပီယံ စိန်ခေါ်ပွဲ နှစ်ပွဲ အပါအဝင် ငါးပွဲစလုံး အနိုင်ရထားကြောင်း သိရသည်။

Credit-EMG

 

LEAVE A REPLY