Zawgyi ျဖင့္ဖတ္၇န္

အေမရိကန္ ကယ္လီဖိုးနီးယားမွာ ျပဳလုပ္ေနတဲ့ ကုမၸဏီရဲ႕ ႏွစ္ပတ္လည္ ညီလာခံမွာ Facebookအမႈေဆာင္ အရာရွိခ်ဳပ္ Mark Zuckerbergက အခုလို ေၾကညာလိုက္တာ ျဖစ္ပါတယ္။

ဒီဝန္ေဆာင္မႈဟာ စစ္မွန္တဲ့ ကာလၾကာ ဆက္ဆံေရး ရွိတဲ့သူအတြက္ ရည္႐ြယ္ထားၿပီး အေပ်ာ္တြဲလိုတဲ့သူေတြ အတြက္ မရည္႐ြယ္ဘူးလို႔ ေျပာပါတယ္။

Facebook မွာ လူလြတ္လို႔ မွတ္တမ္းတင္ထားတဲ့သူ သန္း ၂၀၀ နီးပါးရွိေနသလို အဓိပၸာယ္ရွိတဲ့ ဆက္ဆံေရးကို တည္ေဆာက္ေပးမယ္ ဆိုရင္ အားလုံးအတြက္ အဓိပၸာယ္ရွိသြားမယ္လို႔ မစၥတာ Zuckerbergက ေျပာပါတယ္။

သုံးစြဲသူအခ်က္အလက္ တလြဲသုံးတဲ့ အရႈပ္ေတာ္ပုံထဲ ေရာက္ေနတဲ့ Facebook
Facebookရဲ႕ ဒီႏွစ္ ပထမ ၃လ အျမတ္ေငြ တိုး
အသုံးျပဳသူ ကိုယ္ေရးအခ်က္အလက္ ေပါက္ၾကားလို႔ Facebook ရွယ္ယာေတြ ေဈးက်
Facebookက လက္တြဲေဖာ္ေတြရွာတဲ့ ဝန္ေဆာင္မႈ ေပးေနတဲ့ Tinder ကိုလည္း ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။

ဒါအျပင္ အသုံးျပဳသူေတြ ၾကည့္ရႈထားတဲ့ ေနာက္ေၾကာင္း ရာဇဝင္ကို ဖ်က္ႏိုင္ ေတာ့မယ္လို႔လည္း မစၥတာ Zuckerbergက ေျပာပါ တယ္။

ၿပီးခဲ့တဲ့လက သန္းခ်ီတဲ့ Facebook အသုံးျပဳသူေတြရဲ႕ ကိုယ္ေရး အခ်က္ အလက္ ေတြကို အခ်က္အလက္ေတြသိုမွီးတဲ့ Cambridge Analytica ကုမၸဏီက ရရွိခဲ့တယ္ ဆိုတဲ့ အရႈပ္ေတာ္ပုံ ၿပီးတဲ့ေနာက္ Facebook အခုလို လုပ္ေဆာင္လာတာ ျဖစ္ပါတယ္။

ဒီလို ျဖစ္ရပ္မ်ိဳးေတြ ေနာင္ဘယ္ေတာ့မွ မျဖစ္ေအာင္ လုံၿခဳံေစဖို႔ လုပ္ေဆာင္တာလို႔ မစၥတာ Zuckerbergက ဆိုပါတယ္။

လုပ္ေဆာင္မယ့္အထဲမွာ အသုံးျပဳသူေတြက Facebookကေန ကိုယ္ေရး အခ်က္အလက္ေတြ စုေဆာင္းတဲ့ အပလီေကးရွင္းနဲ႔ တျခားေသာ ကုမၸဏီေတြကို ျမင္ႏိုင္မွာ ျဖစ္ပါတယ္။

ဘီဘီစီရဲ႕ နည္းပညာ သတင္းေထာက္ Rory Cellan-Jonesကေတာ့ မစၥတာ Zuckerbergရဲ႕ မိန႔္ခြန္းအတြက္ Facebook အသုံးျပဳသူေတြနဲ႔ Facebookနဲ႔ ဆက္ႏြယ္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္ ဆိုတဲ့ ပရိသတ္ ၂ မ်ိဳးရွိတယ္လို႔ ဆိုပါတယ္။

စီးပြားေရးသမားေတြကေတာ့ သူတိုရဲ႕ စီးပြားေရး အတြက္ ပူပန္ေနေပမယ့္ Facebook အသုံးျပဳသူေတြကေတာ့ လူမႈကြန္ရက္ကို ယုံၾကည္ရမရ မသိၾကဘူးလို႔ သူက သုံးသပ္ပါတယ္။

Unicodeဖြင့်ဖတ်ရန်

အမေရိကန် ကယ်လီဖိုးနီးယားမှာ ပြုလုပ်နေတဲ့ ကုမ္ပဏီရဲ့ နှစ်ပတ်လည် ညီလာခံမှာ Facebookအမှုဆောင် အရာရှိချုပ် Mark Zuckerbergက အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုဟာ စစ်မှန်တဲ့ ကာလကြာ ဆက်ဆံရေး ရှိတဲ့သူအတွက် ရည်ရွယ်ထားပြီး အပျော်တွဲလိုတဲ့သူတွေ အတွက် မရည်ရွယ်ဘူးလို့ ပြောပါတယ်။

Facebook မှာ လူလွတ်လို့ မှတ်တမ်းတင်ထားတဲ့သူ သန်း ၂၀၀ နီးပါးရှိနေသလို အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ပေးမယ် ဆိုရင် အားလုံးအတွက် အဓိပ္ပာယ်ရှိသွားမယ်လို့ မစ္စတာ Zuckerbergက ပြောပါတယ်။

သုံးစွဲသူအချက်အလက် တလွဲသုံးတဲ့ အရှုပ်တော်ပုံထဲ ရောက်နေတဲ့ Facebook
Facebookရဲ့ ဒီနှစ် ပထမ ၃လ အမြတ်ငွေ တိုး
အသုံးပြုသူ ကိုယ်ရေးအချက်အလက် ပေါက်ကြားလို့ Facebook ရှယ်ယာတွေ ဈေးကျ
Facebookက လက်တွဲဖော်တွေရှာတဲ့ ဝန်ဆောင်မှု ပေးနေတဲ့ Tinder ကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ဒါအပြင် အသုံးပြုသူတွေ ကြည့်ရှုထားတဲ့ နောက်ကြောင်း ရာဇဝင်ကို ဖျက်နိုင် တော့မယ်လို့လည်း မစ္စတာ Zuckerbergက ပြောပါ တယ်။

ပြီးခဲ့တဲ့လက သန်းချီတဲ့ Facebook အသုံးပြုသူတွေရဲ့ ကိုယ်ရေး အချက် အလက် တွေကို အချက်အလက်တွေသိုမှီးတဲ့ Cambridge Analytica ကုမ္ပဏီက ရရှိခဲ့တယ် ဆိုတဲ့ အရှုပ်တော်ပုံ ပြီးတဲ့နောက် Facebook အခုလို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရပ်မျိုးတွေ နောင်ဘယ်တော့မှ မဖြစ်အောင် လုံခြုံစေဖို့ လုပ်ဆောင်တာလို့ မစ္စတာ Zuckerbergက ဆိုပါတယ်။

လုပ်ဆောင်မယ့်အထဲမှာ အသုံးပြုသူတွေက Facebookကနေ ကိုယ်ရေး အချက်အလက်တွေ စုဆောင်းတဲ့ အပလီကေးရှင်းနဲ့ တခြားသော ကုမ္ပဏီတွေကို မြင်နိုင်မှာ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ နည်းပညာ သတင်းထောက် Rory Cellan-Jonesကတော့ မစ္စတာ Zuckerbergရဲ့ မိန့်ခွန်းအတွက် Facebook အသုံးပြုသူတွေနဲ့ Facebookနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဆိုတဲ့ ပရိသတ် ၂ မျိုးရှိတယ်လို့ ဆိုပါတယ်။

စီးပွားရေးသမားတွေကတော့ သူတိုရဲ့ စီးပွားရေး အတွက် ပူပန်နေပေမယ့် Facebook အသုံးပြုသူတွေကတော့ လူမှုကွန်ရက်ကို ယုံကြည်ရမရ မသိကြဘူးလို့ သူက သုံးသပ်ပါတယ်။

Credit: BBC