ZawGyiဖြင့်ဖတ်ရန်




Credit:Pann Pwint

UniCodeဖြင့်ဖတ်ရန်

အသက် ၄၇ နှစ်ပြည့် မွေးနေ့ကျရောက်လာတဲ့ ထက်ထက်မိုးဦး

နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ထက်ထက်မိုးဦးတစ်ယောက်ကတော့ ဒီနေ့ မေလ ၈ ရက်နေ့မှာ အသက် ၄၇ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ အနုပညာလောကမှာ ကျင်လည်လာတာ ဆယ်စုနှစ် သုံးခုကျော်ရှိခဲ့ပြီး ထွန်းပေါက်အောင်မြင်ခဲ့တဲ့ သူမက ခုတော့ ဘဝအချိုးအကွေ့များစွာကို ကျင်လည်ပြီးသူ တစ်ယောက်ဖြစ်လာပါပြီ။

ထက်ထက်မိုးဦးက မြန်မာနိုင်ငံက မင်းသမီးတွေထဲ ကြော်ငြာအများဆုံးရိုက်ကူးထားရတဲ့ ကြော်ငြာဘုရင်မ မင်းသမီးတစ်ဦးလို့လည်း အများက သိထားကြပါတယ်။ကြော်ငြာအရေအတွက် ၁ဝဝဝ ခန့် ရိုက်ကူးခဲ့ရတယ်လို့လည်း သူမကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ပြောထားပါ

ထက်ထက်မိုးဦးက အောင်မြင်ခဲ့စဉ်ကာလတစ်လျှောက် ကြော်ငြာပေါင်း ထောင်နှင့်ချီ ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။ “ပန်းသခင်”၊ “သမီးမိုက်” ရုပ်ရှင်ကားများနဲ့လည်း ၁၉ ၉ ၆၊ ၂ဝဝ၁ ခုနှစ်များက အကယ်ဒမီများ ရခဲ့ပါတယ်။

Credit:Pann Pwint