Zawgyi ဖြင့်ဖတ်၇န်


























Unicodeဖြင့်ဖတ်ရန်

ဒါဟာ ယုံကြည်မှုတွေ ပျက်သုန်းသွားစေတဲ့ နမူနာဖြစ်ရပ်တစ်ခုပဲ လို့ ပြည်နယ်ရဲမှူးကပြောသွားပါတယ်

အခုနောက်ပိုင်း ဘာကြောင့် ဒီဆရာမတွေက ကျောင်းသားတွေနဲ့ ရောထွေးနေကြတာလဲမသိဘူး

ဟိုတလောကလည်းဗြိတိန်က လူငယ်တစ်ယောက်နဲ့အတူအိပ်လို့ တရားစွဲခံရတဲ့အကြောင်းဖော်ပြခဲ့ဖူးပြီးပြီအခုလည်းနောက်တစ်ယောက်ထပ်ပေါ်လာပြန်ပြီ

Hunter Day ဆိုတဲ့ အိမ်ထောင်သည်ဆရာမတစ်ယောက်ဟာ ဖယောင်းတိုင်ထွန်းထားတဲ့ စိတ်ကူးယဉ်ဆန်ဆန်အခန်းထဲမှာ သူ့ရဲ့ကျောင်းသားတစ်ယောက်နဲ့အတူအိပ်ဖို့ စောင့်နေတုန်းအဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်

ဒါကတော့ အသက် ၂၂ နှစ်အရွယ် Hunter Day ပဲဖြစ်ပါတယ်

ကောင် လေးရဲ့မိဘတွေကတော့ ကနေဒါနိုင်ငံရဲစခန်းမှာ ဒီဆရာမနဲ့ သူတို့သားနဲ့ မသင့်တော်တဲ့ပတ်သတ်မှုရှိနေကြောင်းတိုင်ကြားခဲ့ပါတယ်

ရဲတွေကောင်းလေးရဲ့ဖုန်းကိုစစ်ဆေးတဲ့အခါမှာတော့ ညစ်ပတ်တဲ့စာတွေနဲ့ ဝတ်လစ်စလစ်ပုံတွေပို့ထားတာကိုတွေ့ရပါတယ်

ဒီဆရာမဟာ သူတို့ရဲ့အသက်မပြည့်သေးတဲ့သားနဲ့ လိင်ပိုင်းဆိုင်ရာပတ်သတ်မှုရှိနေမလားလို့ သံသယဝင်ခဲ့တယ်..

ရဲတွေဆက်လက်စစ်ဆေးတဲ့အခါမှာတော့ Day နဲ့ ကောင်လေးဟာ အတူအိပ်ခဲ့ဖူးတာကို သိခဲ့ရပါတယ်

ထို့အပြင် သူတို့နှစ်ယောက်ဟာ Day ရဲ့နေအိမ်မှာထပ်ချိန်းထားတာကို ကြိုသိခဲ့ရတဲ့အတွက် ထပ်မဖြစ်ခင် ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်

အရာရှိတွေဟာ ကောင်လေးရဲ့ဖုန်းကိုအသုံးပြုပြီး ကောင်လေးဟန်ဆောင်ရင်းနဲ့ Day ကိုဆက်သွယ်ပြီး တွေ့ဆုံဖို့ဖြစ်နိုင်သေးလားဆိုတာမေးမြန်းခဲ့ပါသေးတယ်

Yukon , Oklahoma က Day ရဲ့အိမ်မှာပဲသူ့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်

ရဲတွေက Day ရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ “ငါရောက်ပြီ” လို့စာပို့ခဲ့ပါတယ်

အဲ့ဒီအခါမှာ Day က “အရင်လိုပဲ တံခါးမပိတ်ထားဘူး” လို့ပြန်ဖြေခဲ့ပါတယ်

ရဲတွေ အခန်းထဲဝင်သွားပြီးတဲ့နောက်မှာတော့ ရှုပ်အင်္ကျ ီ နဲ့ ဘောင်းဘီတိုဝတ်ပြီး ဖယောင်းတိုင်မိးထွန်းထားတဲ့အခန်းထဲမှာထိုင်နေတဲ့ Day ကိုတွေ့ရပါတော့တယ်

ကောင်လေးဆီကို ဘရာတွေ အောက်ခံဘောင်းဘီတွေဝတ်ထားတဲ့ပုံတွေအပြင် သီးသန့်အင်္ဂါတွေရဲ့ဓါတ်ပုံတွေကိုပါပို့ဖူးကြောင်း Day ကဝန်ခံပါတယ်

“ဒါဟာ ယုံကြည်မှုတွေ ပျက်သုန်းသွားစေတဲ့ နမူနာဖြစ်ရပ်တစ်ခုပဲ

ဆရာတွေဆိုတာ ကလေးတွေကို ပညာသင်ပေးပြီးကာကွယ်ပေးရမှာ.

သူတို့နဲ့အတူအိပ်နေဖို့မဟုတ်ဘူး” လို့ရဲမှူး Chris West ကပြောကြားခဲ့ပါတယ်

“ဒီအပြုအမူဟာ ကျောင်းသားတွေယုံကြည်ထားတဲ့ ဆရာတစ်ယောက်အတွက်တော့အလွန်ကို သိမ်ဖျင်းတဲ့အပြုအမူပါပဲ

ကျောင်းသားတွေကို ကာကွယ်ပေးဖို့နဲ့ ကောင်းကောင်းမွန်မွန်ပျိုးထောင်ပေးဖို့က နံပတ် ၁ တာဝန်ပဲ ” လို့ ကျောင်းကထုတ်ပြန်တဲ့ စာတ

မ်းမှာဖော်ပြထားပါတယ်

Day ကိုတော့ အရွယ်အရောက်သူနဲ့လိင်ပိုင်းဆိုင်ရာပတ်သတ်မှု ဒုတိယအဆင့် မဒိန်းမှုနဲ့စွဲချက်တင်ထားပြီးတော့ ကနေဒီယန်ထောင်ထဲမှာ အချုပ်ချထားလိုက်ပါပြီ

အာမခံကြေး ဒေါ်လာ ၈၅၀၀၀ ပေးရင်တော့ အပြင်ထွက်ခွင့်ရမှာဖြစ်ပါတယ်

အိမ်း….Day ရဲ့ ခင်ပွန်းသည်ဘယ်လိုများခံစားရမလဲမသိဘူး။

Credit: Min Thu [Daily Hot News]

LEAVE A REPLY