Zawgyi ျဖင့္ဖတ္၇န္

ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေမလ ၁ ရက္ေန႔ မနက္အေစာပုိင္းက အထပ္ ၄ ထပ္ရွိ ေနအိမ္ ဝရန္တာကေန ကေလး ၄ ဦး ျပဳတ္က်ခဲ့မႈအတြင္း ၅ ႏွစ္အရြယ္ ေယာက်္ားေလးတဦး ေသဆံုးခဲ့ၿပီးတဲ့ေနာက္ ဆြစ္ႏုိင္ငံသား ဖခင္ျဖစ္သူက အမႈဖြင့္လုိက္ပါတယ္။

ဘန္ေကာက္ၿမိဳ႕မွာ အဂၤလိပ္စာဆရာအေနနဲ႔ အလုပ္လုပ္ကိုင္ေနတဲ့ မာစယ္ဘုိရယ္က လြန္ခဲ့တဲ့ ၄ ႏွစ္ သူတုိ႔ အိမ္ေထာင္ကြဲၿပီးတဲ့ေနာက္ ထုိင္းဇနီးေဟာင္းက သူ႔ကို ကေလးေတြ ၾကည့္ခြင့္မျပဳခဲ့ေၾကာင္း ထုိင္းတီဗီခ႐ူးစ္ သတင္းဌာနကို ေျပာခဲ့ပါတယ္။

အခုလို ကေလးေတြ ျပဳတ္က်တဲ့ အျဖစ္အပ်က္ မတုိင္ခင္ကတည္းက သူနဲ႔ ထုိင္းဇနီးေဟာင္းဟာ ကေလးေတြကုိ ထိန္းသိမ္းခြင့္နဲ႔ပတ္သက္ၿပီး တရားရင္ဆုိင္ေနရဆဲျဖစ္တယ္လို႔ ေျပာပါတယ္။

အသက္ ၅ ႏွစ္နဲ႔ ၁၀ ႏွစ္အရြယ္ ေယာက္်ားေလး ၂ ဦး၊ ၇ ႏွစ္နဲ႔ ၁၁ ႏွစ္အရြယ္ မိန္းကေလး ၂ ဦးတို႔ဟာ ရမ္ခမ္ဟဲန္အရပ္ရွိ သူတို႔ရဲ႕တုိက္ခန္း ဝရန္တာေပၚတက္ၿပီး ဝရန္တာထိပ္မွာ စင္တခုလုိ တြဲထားတဲ့ သစ္သားစင္ေပၚ တက္ထုိင္ၿပီးေနာက္ ျပဳတ္က်ခဲ့ၾကတာပါ။

အသက္ ၅ ႏွစ္အရြယ္ အဲလက္စ္ဆုိတဲ့ ေယာက္်ားေလးက ေဆး႐ံုမွာ ေသဆံုးခဲ့ၿပီး ၇ ႏွစ္နဲ႔ ၁၀ ႏွစ္အရြယ္ ကေလး ၂ ဦးကို အေရးေပၚကုသေနရကာ အႀကီးဆံုးကေလးကေတာ့ ေျခေထာက္က်ိဳးသြားပါတယ္။

အသက္ ၃၆ ႏွစ္အရြယ္ မိခင္ျဖစ္သူ ရက္တီကာန္ပရာကိုင္ကယူးက ဝါယာလက္စ္လမ္းေပၚက ဟုိတယ္မွာ ညဘက္အလုပ္ဆင္းရလုိ႔ အေဆာက္အအံုတခုတည္းမွာ ေနထုိင္တဲ့ သူမမိဘေတြနဲ႔ ကေလးေတြကို ထားခဲ့တာလုိ႔ တီဗီြသတင္းေထာက္ေတြကို ငုိၿပီး ေျပာပါတယ္။

အသက္ ၆၃ ႏွစ္အရြယ္ အဖြားျဖစ္သူ ရက္တာနာက ကေလးေတြကို ထမင္းေကၽြးၿပီး အိပ္ရာထဲပုိ႔ကာ သူမအခန္းကို ျပန္ခဲ့တာလုိ႔ စႏြတ္ခ္သတင္းမွာ ေဖာ္ျပထားပါတယ္။

ကေလးေတြက လိမၼာၾကၿပီး မိခင္ျဖစ္သူ ရက္တီကာန္ရဲ႕ လစာေလးကိုပဲ မိသားစုက မွီခုိေနရလုိ႔ သူတုိ႔မွာ ေငြေၾကးအခက္အခဲရွိတယ္လုိ႔ အိမ္နီးခ်င္းေတြက ေျပာပါတယ္။

ရဲေတြက အမႈကို ဆက္လက္စံုစမ္းေနတယ္လုိ႔ ကုိကိုးနပ္စ္ သတင္းတပုဒ္မွာ ေဖာ္ျပထားၿပီး ဖခင္ျဖစ္သူ မာစယ္ဘုိရယ္က ကေလးေတြကုိ ေငြေၾကးေထာက္ပ့ံဖုိ႔ ပ်က္ကြက္သလုိ သူေစာင့္ေရွာက္စဥ္မွာလည္း ကေလးေတြကို ဂ႐ုတစိုက္ ေစာင့္ေရွာက္မႈမရွိလုိ႔ မိသားစုက ကေလးေတြကို ဖခင္ျဖစ္သူထံ ေပးမွာမဟုတ္ဘူးလုိ႔ အဘုိးျဖစ္သူ အက္က ေျပာေၾကာင္း ကုိကုိးနပ္စ္ ေနာက္ဆက္တြဲသတင္းမွာ ေမလ ၃ ရက္ေန႔က ေဖာ္ျပထားပါတယ္။
Unicodeဖြင့်ဖတ်ရန်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၁ ရက်နေ့ မနက်အစောပိုင်းက အထပ် ၄ ထပ်ရှိ နေအိမ် ဝရန်တာကနေ ကလေး ၄ ဦး ပြုတ်ကျခဲ့မှုအတွင်း ၅ နှစ်အရွယ် ယောကျ်ားလေးတဦး သေဆုံးခဲ့ပြီးတဲ့နောက် ဆွစ်နိုင်ငံသား ဖခင်ဖြစ်သူက အမှုဖွင့်လိုက်ပါတယ်။

ဘန်ကောက်မြို့မှာ အင်္ဂလိပ်စာဆရာအနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မာစယ်ဘိုရယ်က လွန်ခဲ့တဲ့ ၄ နှစ် သူတို့ အိမ်ထောင်ကွဲပြီးတဲ့နောက် ထိုင်းဇနီးဟောင်းက သူ့ကို ကလေးတွေ ကြည့်ခွင့်မပြုခဲ့ကြောင်း ထိုင်းတီဗီခရူးစ် သတင်းဌာနကို ပြောခဲ့ပါတယ်။

အခုလို ကလေးတွေ ပြုတ်ကျတဲ့ အဖြစ်အပျက် မတိုင်ခင်ကတည်းက သူနဲ့ ထိုင်းဇနီးဟောင်းဟာ ကလေးတွေကို ထိန်းသိမ်းခွင့်နဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ပြောပါတယ်။

အသက် ၅ နှစ်နဲ့ ၁၀ နှစ်အရွယ် ယောက်ျားလေး ၂ ဦး၊ ၇ နှစ်နဲ့ ၁၁ နှစ်အရွယ် မိန်းကလေး ၂ ဦးတို့ဟာ ရမ်ခမ်ဟဲန်အရပ်ရှိ သူတို့ရဲ့တိုက်ခန်း ဝရန်တာပေါ်တက်ပြီး ဝရန်တာထိပ်မှာ စင်တခုလို တွဲထားတဲ့ သစ်သားစင်ပေါ် တက်ထိုင်ပြီးနောက် ပြုတ်ကျခဲ့ကြတာပါ။

အသက် ၅ နှစ်အရွယ် အဲလက်စ်ဆိုတဲ့ ယောက်ျားလေးက ဆေးရုံမှာ သေဆုံးခဲ့ပြီး ၇ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေး ၂ ဦးကို အရေးပေါ်ကုသနေရကာ အကြီးဆုံးကလေးကတော့ ခြေထောက်ကျိုးသွားပါတယ်။

အသက် ၃၆ နှစ်အရွယ် မိခင်ဖြစ်သူ ရက်တီကာန်ပရာကိုင်ကယူးက ဝါယာလက်စ်လမ်းပေါ်က ဟိုတယ်မှာ ညဘက်အလုပ်ဆင်းရလို့ အဆောက်အအုံတခုတည်းမှာ နေထိုင်တဲ့ သူမမိဘတွေနဲ့ ကလေးတွေကို ထားခဲ့တာလို့ တီဗွီသတင်းထောက်တွေကို ငိုပြီး ပြောပါတယ်။

အသက် ၆၃ နှစ်အရွယ် အဖွားဖြစ်သူ ရက်တာနာက ကလေးတွေကို ထမင်းကျွေးပြီး အိပ်ရာထဲပို့ကာ သူမအခန်းကို ပြန်ခဲ့တာလို့ စနွတ်ခ်သတင်းမှာ ဖော်ပြထားပါတယ်။

ကလေးတွေက လိမ္မာကြပြီး မိခင်ဖြစ်သူ ရက်တီကာန်ရဲ့ လစာလေးကိုပဲ မိသားစုက မှီခိုနေရလို့ သူတို့မှာ ငွေကြေးအခက်အခဲရှိတယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

ရဲတွေက အမှုကို ဆက်လက်စုံစမ်းနေတယ်လို့ ကိုကိုးနပ်စ် သတင်းတပုဒ်မှာ ဖော်ပြထားပြီး ဖခင်ဖြစ်သူ မာစယ်ဘိုရယ်က ကလေးတွေကို ငွေကြေးထောက်ပံ့ဖို့ ပျက်ကွက်သလို သူစောင့်ရှောက်စဉ်မှာလည်း ကလေးတွေကို ဂရုတစိုက် စောင့်ရှောက်မှုမရှိလို့ မိသားစုက ကလေးတွေကို ဖခင်ဖြစ်သူထံ ပေးမှာမဟုတ်ဘူးလို့ အဘိုးဖြစ်သူ အက်က ပြောကြောင်း ကိုကိုးနပ်စ် နောက်ဆက်တွဲသတင်းမှာ မေလ ၃ ရက်နေ့က ဖော်ပြထားပါတယ်။
Credit: DVB