Zawgyi ျဖင့္ဖတ္၇န္
နာမည္ေက်ာ္ ေမာ္ဒယ္ Kylie Jenner ရဲ႕ ကိုယ္ရံေတာ္ Tim Chung ဟာ အခု Kylie ရဲ႕ သမီးေလး Stormi Webster ရဲ႕ အေဖရင္းျဖစ္ႏိုင္တယ္ဆိုတဲ့ သတင္းေတြ ပရိသတ္ေတြၾကားမွာ ပ်ံ႕ႏွံ႔လာခဲ့ခ်ိန္ကစလို႔ အမ်ားရဲ႕ အာ႐ုံစူးစိုက္မႈကို ခံေနရၿပီး သူ႔အစ္မျဖစ္သူကေတာ့ အဲဒီလိုမ်ိဳး ေကာလာဟလေတြအေပၚ တုန႔္ျပန္ေျပာဆို ထားပါတယ္။

Kylie Jenner ဟာ သူကိုယ္ဝန္လြယ္ထားရတယ္လို႔ သတင္းေတြပ်ံ႕ႏွံ႔ၿပီး လေပါင္းမ်ားစြာၾကာၿပီးတဲ့ ေနာက္ ခ်စ္သူ Travis Scott ရဲ႕ ရရွွိတယ္လို႔ဆိုတဲ့ ပထမဆုံးရင္ေသြးေလးကို ဒီႏွစ္ ေဖေဖာ္ဝါရီလထဲမွာ ေမြးဖြားခဲ့တာပါ။

အခုအခ်ိန္မွာေတာ့ အဲဒီသမီးေလး Stormi Webster ရဲ႕ ဓာတ္ပုံေတြကို Instagram မွာ တင္ရာကေန တဆင့္ ကေလးဟာ ခ်စ္သူ Scott နဲ႔ ႐ုပ္ရည္ မတူဘဲ Kylie ရဲ႕ အနီးကပ္ကိုယ္ရံေတာ္ ေမာ္ဒယ္ Tim Chung ရဲ႕ ႐ုပ္ရွည္ အသြင္အျပင္နဲ႔ ဆင္တူေနတာကစလို႔ သတင္းေတြ ပ်ံ႕ႏွံ႔လာခဲ့တာျဖစ္ပါတယ္။ အခုလိုမ်ိဳး ေကာလာဟလေတြ အႀကီးအက်ယ္ ထြက္ေပၚေနခ်ိန္မွာပဲ Tim ရဲ႕ အစ္မျဖစ္သူ Jenny ကေတာ့ သူ႔ေမာင္ျဖစ္သူဟာ Stormi ရဲ႕ ဖခင္ရင္းျဖစ္တယ္လို႔ မယုံၾကည္ဘူးလို႔ဆိုပါတယ္။ ဒါ့အျပင္ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ သတင္းကိုလည္း သူမသိဘူးလို႔ ဆိုလိုက္ပါတယ္။

အခုလိုမ်ိဳး Tim ရဲ႕ အစ္မျဖစ္သူက အဲဒီသတင္းေတြကို ၾကားသိထားျခင္း မရွိတဲ့အေၾကာင္း ေျပာထားေပမယ့္ သတင္းေတြ ပ်ံ႕ႏွံ႔မႈအရွိန္အဟုန္က ေႏွးမသြားပါဘူး။ Kylie အျပင္ထြက္ခ်ိန္တခုမွာ Tim နဲ႔အတူ တြဲၿပီး ေတြ႕လိုက္ရတဲ့ ဓာတ္ပုံတခုနဲ႔ Stormi ရဲ႕ ဓါတ္ပုံေတြကို ႏႈိင္းယွဥ္ၿပီး ၿပီးခဲ့တဲ့ အပတ္မွာ အခုလိုမ်ိဳး ေကာလာဟလေတြ စတင္ခဲ့ေပမယ့္ Twitter သုံးစြဲသူ တခ်ိဳ႕ကေတာ့ အခုေကာလာဟလဟာ အမွန္ျဖစ္ႏိုင္တယ္လို႔ တထစ္ခ် ယုံၾကည္ထားသူေတြလည္း ရွိေနပါတယ္။ ဒါ့အျပင္ Kylie ရဲ႕ကေလးဟာ ခ်စ္သူနဲ႔ရတာလား၊ ကိုယ္ရံေတာ္နဲ႔ရတာလားဆိုတဲ့ အျဖစ္မွန္ကို ဇေဝဇဝါျဖစ္ေနတဲ့သူတခ်ိဳ႕လည္း ရွိေနပါတယ္။

အခုလိုမ်ိဳး ျဖစ္ႏိုင္ေခ်သတင္းေတြက ၿပီးခဲ့တဲ့သီတင္းပတ္ကို လႊမ္းမိုးခဲ့ေပမယ့္ Kylie နဲ႔ Travis တို႔ကိုေတာ့ စိတ္ရႈပ္ရေလာက္ေစတဲ့ အေနအထားမ်ိဳးအထိ ေရာက္ခဲ့ဟန္မတူပါဘူး။ အေၾကာင္းကေတာ့ သူတို႔ႏွစ္ဦးဟာ အခုထိ တပူးတြဲတြဲ ရွိေနတုန္းေၾကာင့္ပါပဲ။ သူတို႔ဟာ ၿပီးခဲ့တဲ့ ေမ ၇ ရက္မွာ ျပဳလုပ္ခဲ့တဲ့ 2018 Met Gala ကို ႏွစ္ဦးသား တက္ေရာက္ခဲ့ၿပီးေတာ့ အဲဒီမတိုင္ခင္မွာလည္း သမီးေလး Stormi နဲ႔အတူ အားလပ္ရက္ အပန္းေျဖခရီး ထြက္ခဲ့ၾကပါေသးတယ္။

Ref; hollywoodlife
Unicodeဖြင့်ဖတ်ရန်
နာမည်ကျော် မော်ဒယ် Kylie Jenner ရဲ့ ကိုယ်ရံတော် Tim Chung ဟာ အခု Kylie ရဲ့ သမီးလေး Stormi Webster ရဲ့ အဖေရင်းဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ပရိသတ်တွေကြားမှာ ပျံ့နှံ့လာခဲ့ချိန်ကစလို့ အများရဲ့ အာရုံစူးစိုက်မှုကို ခံနေရပြီး သူ့အစ်မဖြစ်သူကတော့ အဲဒီလိုမျိုး ကောလာဟလတွေအပေါ် တုန့်ပြန်ပြောဆို ထားပါတယ်။

Kylie Jenner ဟာ သူကိုယ်ဝန်လွယ်ထားရတယ်လို့ သတင်းတွေပျံ့နှံ့ပြီး လပေါင်းများစွာကြာပြီးတဲ့ နောက် ချစ်သူ Travis Scott ရဲ့ ရရှှိတယ်လို့ဆိုတဲ့ ပထမဆုံးရင်သွေးလေးကို ဒီနှစ် ဖေဖော်ဝါရီလထဲမှာ မွေးဖွားခဲ့တာပါ။

အခုအချိန်မှာတော့ အဲဒီသမီးလေး Stormi Webster ရဲ့ ဓာတ်ပုံတွေကို Instagram မှာ တင်ရာကနေ တဆင့် ကလေးဟာ ချစ်သူ Scott နဲ့ ရုပ်ရည် မတူဘဲ Kylie ရဲ့ အနီးကပ်ကိုယ်ရံတော် မော်ဒယ် Tim Chung ရဲ့ ရုပ်ရှည် အသွင်အပြင်နဲ့ ဆင်တူနေတာကစလို့ သတင်းတွေ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ကောလာဟလတွေ အကြီးအကျယ် ထွက်ပေါ်နေချိန်မှာပဲ Tim ရဲ့ အစ်မဖြစ်သူ Jenny ကတော့ သူ့မောင်ဖြစ်သူဟာ Stormi ရဲ့ ဖခင်ရင်းဖြစ်တယ်လို့ မယုံကြည်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းကိုလည်း သူမသိဘူးလို့ ဆိုလိုက်ပါတယ်။

အခုလိုမျိုး Tim ရဲ့ အစ်မဖြစ်သူက အဲဒီသတင်းတွေကို ကြားသိထားခြင်း မရှိတဲ့အကြောင်း ပြောထားပေမယ့် သတင်းတွေ ပျံ့နှံ့မှုအရှိန်အဟုန်က နှေးမသွားပါဘူး။ Kylie အပြင်ထွက်ချိန်တခုမှာ Tim နဲ့အတူ တွဲပြီး တွေ့လိုက်ရတဲ့ ဓာတ်ပုံတခုနဲ့ Stormi ရဲ့ ဓါတ်ပုံတွေကို နှိုင်းယှဉ်ပြီး ပြီးခဲ့တဲ့ အပတ်မှာ အခုလိုမျိုး ကောလာဟလတွေ စတင်ခဲ့ပေမယ့် Twitter သုံးစွဲသူ တချို့ကတော့ အခုကောလာဟလဟာ အမှန်ဖြစ်နိုင်တယ်လို့ တထစ်ချ ယုံကြည်ထားသူတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် Kylie ရဲ့ကလေးဟာ ချစ်သူနဲ့ရတာလား၊ ကိုယ်ရံတော်နဲ့ရတာလားဆိုတဲ့ အဖြစ်မှန်ကို ဇဝေဇဝါဖြစ်နေတဲ့သူတချို့လည်း ရှိနေပါတယ်။

အခုလိုမျိုး ဖြစ်နိုင်ချေသတင်းတွေက ပြီးခဲ့တဲ့သီတင်းပတ်ကို လွှမ်းမိုးခဲ့ပေမယ့် Kylie နဲ့ Travis တို့ကိုတော့ စိတ်ရှုပ်ရလောက်စေတဲ့ အနေအထားမျိုးအထိ ရောက်ခဲ့ဟန်မတူပါဘူး။ အကြောင်းကတော့ သူတို့နှစ်ဦးဟာ အခုထိ တပူးတွဲတွဲ ရှိနေတုန်းကြောင့်ပါပဲ။ သူတို့ဟာ ပြီးခဲ့တဲ့ မေ ၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ 2018 Met Gala ကို နှစ်ဦးသား တက်ရောက်ခဲ့ပြီးတော့ အဲဒီမတိုင်ခင်မှာလည်း သမီးလေး Stormi နဲ့အတူ အားလပ်ရက် အပန်းဖြေခရီး ထွက်ခဲ့ကြပါသေးတယ်။

Ref; hollywoodlife
Credit; burma.irrawaddy