ZawGyiဖြင့်ဖတ်ရန်
Source kstarlive
Credit:Celenow
UniCodeဖြင့်ဖတ်ရန်
လီမင်ဟိုနဲ့ပတ်သက်ပြီး FAN အများစု မှားသိထားတဲ့ အရာ……
တောင်ကိုရီးယားမင်းသားလီမင်ဟိုကတော့ အာရှပရိသတ်တွေရဲ့ သဲသဲလှုပ်အားပေးခံရသူပါ။လီ မင်ဟိုရဲ့ အကြောင်းကိုတော့ သူ့ရဲ့ အမာခံပရိသတ်တွေက သိထားပြီးကြပါပြီ။လီမင်ဟို အနုပညာ လောကထဲကို ပွဲဦးထွက် ဝင်ရောက်လာတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပရိသတ်တော်တော်များများ က မှားသိထားကြပါတယ်။
လီမင်ဟိုက သူ့ရဲ့ အနုပညာအလုပ်ကို ‘Boys Over Flowers.’ ဆိုတဲ့ F 4 ဇာတ်ကားထဲက Gu Junpyo ဆိုတဲ့ ဇာတ်ကောင်နဲ့ စတင် ဝင် ရောက်လာတာလို့ ပရိသတ်တော်တော်များများက ထင်ေ နကြပါတယ်။တကယ်တော့ ဒါဟာ လီမင်ဟိုရဲ့ ပထမဆုံး ဇာတ်ကားမဟုတ်ပါဘူး။ဒါပေမယ့် ဒီဇာတ် ကား ဟာ လီမင်ဟိုကို တဟုန်ထိုးနာမည်ကြီးသွားစေခဲ့တဲ့ ဇာတ်ကားပါ။ F 4 က လီမင်ဟိုအတွက် အနုပညာတံခါး ပေါက်ပါ။အဲ့ဒီနောက်ပိုင်းမှာတော့‘Personal Taste,’ ‘City Hunter,’The Heirs,’ ‘Legend of the Blue Sea,’ ..အစရှိတဲ့ ဇာတ်ကားတွေမှာ ပါဝင် နိုင်ခဲ့ပါတယ်။
သူ့ရဲ့ ပွဲဦးထွက်ဇာတ်ကားကတော့ Sharp‘ ဖြစ်ပြီး အရံသရုပ်ဆောင် တစ်ဦး အနေနဲ့ ပါဝင် ခဲ့ တာ ပါ။ ‘Sharp’ ကတော့ Lee Okrim ရဲ့ အကြောင်းကို အခြေခံထားတာပါ။Lee Okrim ကတော့ အသက် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပြီးစိတ်ကူးယဉ်ရတာကိုကြိုက်ပြီး စိတ်ေ ကာ င်း ရှိကာပွင့်လင်းတဲ့ Type မျိုးပါ။အိမ်မှာကတော့ ဒုတိယကလေးဖြစ်ပြီး၊စာတော်တဲ့ အစ်မကြီးနဲ့ အမြွှာ မောင်လေးနှစ်ယောက် ရှိပါတယ်။Okrim ရဲ့ ချစ်သူကတော့ Yoo Ahin ဖြစ်ပြီး အထက် တန်းကျောင်းမှာ ပန်းချီသင်ယူနေသူပါ။။ Okrim မှာ နှစ်အကြာကြီးခင်လာတဲ့ Jangwook ဆိုတဲ့ ကောင်လေးသူငယ်ချင်းရှိပါတယ်။d Yoo Ahin နဲ့ Jangwook တို့အပေါ် ထားတဲ့ သူမရဲ့ ခံစား ချက်အစစ်အမှန်ကို သူမကိုယ်တိုင်တောင် ဝေခွဲမရဖြစ်နေတဲ့ ဇာတ်ကားမျိုးပါ။
Source kstarlive
Credit:Celenow
LEAVE A REPLY