Zawgyi ဖြင့်ဖတ်၇န်






Unicodeဖြင့်ဖတ်ရန်
မေလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည့် တရုတ်နိုင်ငံသား ဘတ်ငွေ ၈ သန်းနှင့် အတူ ထိုင်းနယ်စပ်မှာ အဖမ်းဆီးခံလိုက်ရကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မယ်ပကျေးရွာတွင် စစ်ဆေးရေးဂိတ်ကနေ မြန်မာနိုင်ငံဘက်ကိုဝင်ရောက်မယ့် ကားတစီးကို ရဲများက စစ်ဆေးကြည့်ရာ ထိုင်းဘတ်ငွေ ၈ သန်း တွေ့ရှိခဲ့သည် ။ ထိုရာတွင် ကားပေါ်မှ လိုက်ပါလာသော တရုတ်နိုင်ငံသား လီကြာဝမ် အသက် ၂၅ နှစ် နဲ့ ကားမောင်းသူ မောင်ရင် အသက် ၃၂ တို့ဟာ နှစ်ဦးထွက်ဆိုချက်တွေ လွဲနေလို့ မင်္သကာဖြစ်ပြီး ဖမ်းဆီးထားကြောင်း သိရသည် ။

READ  ဒေါ်နယ်ထရမ့်ကို လက်တုန့်ပြန်သည့်အနေဖြင့် တရုတ် က အမေရိကန်သွင်းကုန်များအပေါ် အခွန်သစ်များ ချမှတ်

ကားမောင်းသူ မောင်ရင်သည် ချင်းမိုင်အတွင်း နေထိုင်သူဖြစ်သည်ဟု သိရပြီး တရုတ်နိုင်ငံသားကတော့ မြန်မာနိုင်ငံက နယ်ခြားစောင့်တပ်တွေစိုးမိုးထားတဲ့နယ်မြေမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် သွားသည်ဟု သိရသည် ။

ထိုင်းရဲများက မောင်ရင် နှင့် တရုတ်နိုင်ငံသား လီကြာဝမ်ကို ရဲစခန်းတွင် ထိန်းချုပ်ထားပြီး ထိုင်းအာဏာပိုင်တွေက လီကြဝမ်ရဲ့ ရာဇဝင်ကို အတိအကြသိရအောင် သူ့ရဲ့အချက်အလက်တွေ တရုတ်သံရုံးသို့ ပေးပို့ပြီး အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ် ။
Credit; popolay

LEAVE A REPLY