Zawgyiျဖင့္ဖတ္ရန္
ႏွစ္ႏုိင္ငံၾကား သမုိင္း၀င္ထိပ္သီးအစည္းေ၀းလုပ္ဖို႔ ျပင္ဆင္ေနတာေၾကာင့္ စစ္ေရးၿခိမ္းေျခာက္မႈအျပင္ ဖိအားေပးမႈေတြနဲ႔ပတ္သက္ၿပီးအေမရိကန္ႏိုင္ငံကို ေျမာက္ကိုရီးယားႏုိင္ငံက သတိေပးမႈေတြ လုပ္လုိက္ပါတယ္။
ေျမာက္ကိုရီးယားႏုိင္ငံျခားေရး၀န္ၾကီးတစ္ဦးက ေျမာက္ကိုရီးယားႏုိင္ငံက ႏ်ဴကလီးယာလက္နက္ကို အၿပီးတုိင္မစြန္႔လြတ္ခင္အထိ ပိတ္ဆုိမႈျပဳလုပ္တာေတြက ိုမေျဖေလွ်ာ့ေပးတာဟာ ေျမာက္ကိုရီးယားႏုိင္ငံအေပၚ ရန္စတာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံသမၼတေဒၚနယ္ထရမ့္နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္တုိ႔ဟာ လာမယ့္သီတင္းပတ္ေတြအတြင္း ထိပ္သီးေတြဆံုေဆြးေႏြးမႈလုပ္မွာျဖစ္ၿပီး အဲဒီႏွစ္ႏုိင္ငံေခါင္းေဆာင္ၾကား ေတြဆံုမႈက ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ႏိုင္ငံေခါင္းေဆာင္ၾကား ပထမဆံုးအၾကိမ္ျဖစ္ပါတယ္။ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယား ေခါင္းေဆာင္တုိ႔ဟာ ၿပီးခဲ့တဲ့လက ေဒသအတြင္းမွာႏ်ဴကလီးယားကင္းစင္ေရး သေဘာတူညီမႈရရွိခဲ့ပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ဟာ ၁၉၅၃ခုႏွစ္ကျဖစ္ခဲ့တဲ့ ကိုရီးယားကၽြန္းဆြယ္စစ္ပြဲၿပီးေနာက္ ေတာင္ကိုရီးယားေျမကို ေျခခ်ခဲ့တဲ့ေျမာက္ကိုရီးယားရဲ႕ပထမဆံုးေခါင္းေဆာင္ျဖစ္ခ့ဲပါတယ္။ ေျမာက္ကိုရီးယားႏုိင္ငံဟာအေမရိကန္ႏိုင္ငံအေပၚ ပံုမွန္ေ၀ဖန္မႈေတြရွိေနၿပီး ထိပ္သီးအစည္း ေ၀းျပဳလုပ္ဖို႔စီစဥ္ေနခ်ိန္ ၿပီးခဲ့တဲ့သီတင္းပတ္မွာပဲ အေမရိကန္ႏုိင္ငံအေပၚ ျပစ္တင္ေ၀ဖန္မူအနည္းငယ္ လုပ္ေဆာင္ခဲ့ပါတယ္။
ေျမာက္ကိုရီးယားႏုိင္ငံဟာ ပိတ္ဆုိ႔မႈနဲ႔ အျခားဖိအားေတြေၾကာင့္ ႏ်ဴကလီယားဖ်က္သိမ္းဖုိ႔ ကတိျပဳတယ္ဆုိတဲ့ အေမရိကန္ရဲေျပာဆုိခ်က္ေတြဟာ အမ်ားျပည္သူရဲ႕အျမင္ကို လွည့္စားလိုက္တာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရတာ၀န္ရွိသူကေျပာခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံ ဟာ ကိုရီးယားကၽြန္းဆြယ္မွာ စစ္ေရးဆုိင္ရာတပ္ဖြဲ႔၀င္ေတြျဖန္႔ၾကက္ကာ လက္ရွိေကာင္းမြန္တဲ့အေျခေနကို အေႏွာက္ယွက္ျဖစ္ေစခဲ့တယ္လို႔ ေျမာက္ကိုရီးယား တာ၀န္ရွိသူကဆုိခဲ့ပါတယ္။ ကိုရီးယားကၽြန္းဆြယ္ရဲ႕လက္ရွိအေျခေန ဟာ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆီ ဦးတည္ေနခ်ိန္မွာပဲ အေမရိကန္က ေဒါသျဖစ္ေအာင္ လႈံေဆာ္ေနတယ္လုိ႔ ေျမာက္ကိုရီးယားဘက္က ေျပာခဲ့ပါတယ္။
UniCodeဖြင့်ဖတ်ရန်
နှစ်နိုင်ငံကြား သမိုင်းဝင်ထိပ်သီးအစည်းဝေးလုပ်ဖို့ ပြင်ဆင်နေတာကြောင့် စစ်ရေးခြိမ်းခြောက်မှုအပြင် ဖိအားပေးမှုတွေနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံကို မြောက်ကိုရီးယားနိုင်ငံက သတိပေးမှုတွေ လုပ်လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးတစ်ဦးက မြောက်ကိုရီးယားနိုင်ငံက နျူကလီးယာလက်နက်ကို အပြီးတိုင်မစွန့်လွတ်ခင်အထိ ပိတ်ဆိုမှုပြုလုပ်တာတွေက ိုမဖြေလျှော့ပေးတာဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်စတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်တို့ဟာ လာမယ့်သီတင်းပတ်တွေအတွင်း ထိပ်သီးတွေဆုံဆွေးနွေးမှုလုပ်မှာဖြစ်ပြီး အဲဒီနှစ်နိုင်ငံခေါင်းဆောင်ကြား တွေဆုံမှုက မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံခေါင်းဆောင်ကြား ပထမဆုံးအကြိမ်ဖြစ်ပါတယ်။မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ခေါင်းဆောင်တို့ဟာ ပြီးခဲ့တဲ့လက ဒေသအတွင်းမှာနျူကလီးယားကင်းစင်ရေး သဘောတူညီမှုရရှိခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ ၁၉၅၃ခုနှစ်ကဖြစ်ခဲ့တဲ့ ကိုရီးယားကျွန်းဆွယ်စစ်ပွဲပြီးနောက် တောင်ကိုရီးယားမြေကို ခြေချခဲ့တဲ့မြောက်ကိုရီးယားရဲ့ပထမဆုံးခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာအမေရိကန်နိုင်ငံအပေါ် ပုံမှန်ဝေဖန်မှုတွေရှိနေပြီး ထိပ်သီးအစည်း ဝေးပြုလုပ်ဖို့စီစဉ်နေချိန် ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ အမေရိကန်နိုင်ငံအပေါ် ပြစ်တင်ဝေဖန်မူအနည်းငယ် လုပ်ဆောင်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပိတ်ဆို့မှုနဲ့ အခြားဖိအားတွေကြောင့် နျူကလီယားဖျက်သိမ်းဖို့ ကတိပြုတယ်ဆိုတဲ့ အမေရိကန်ရဲပြောဆိုချက်တွေဟာ အများပြည်သူရဲ့အမြင်ကို လှည့်စားလိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရတာဝန်ရှိသူကပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးဆိုင်ရာတပ်ဖွဲ့ဝင်တွေဖြန့်ကြက်ကာ လက်ရှိကောင်းမွန်တဲ့အခြေနေကို အနှောက်ယှက်ဖြစ်စေခဲ့တယ်လို့ မြောက်ကိုရီးယား တာဝန်ရှိသူကဆိုခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်ရဲ့လက်ရှိအခြေနေ ဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ဦးတည်နေချိန်မှာပဲ အမေရိကန်က ဒေါသဖြစ်အောင် လှုံဆော်နေတယ်လို့ မြောက်ကိုရီးယားဘက်က ပြောခဲ့ပါတယ်။
Ref: BBC “US ‘provocation’ threatens peace, says North Korea “
Credit; Kaung Htet Ngwe ( ႐ိုးရာေလး )