Zawgyi ဖြင့်ဖတ်၇န်
မေတိုးခိုင်ရဲ့ ဝါသနာကို ပံ့ပိုးတဲ့ ဖခင်
မေတိုးခိုင်ရဲ့ ဖခင် ဦးတိုးခိုင်က မေတိုးခိုင်ရဲ့ အနုပညာနဲ့ ပါတ်သတ်လာရင် အရမ်းဝါသနာကြီးပြီး အရမ်းကူညီထောက်ပံ့လေ့ရှိပါတယ်တဲ့……. သီချင်းတွေနဲ့ ပါတ်သတ်လာရင်ရော မေတိုးခိုင်လေးကို ဘယ်လိုတွေ ပံ့ပိုးလဲဆိုတာ ဆက်လက်ကြည့်ရှူပါဦးနော်….#CeleYKVideoဒီလိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို သူငယ်ချင်းတွေပါကြည့်ရှုလို့ရအောင် Like and Share လုပ်သွားဖို့လည်း မမေ့နဲ့နော်..အရည်အသွေးပိုကောင်းတဲ့ ဆယ်လီဗီဒီယိုတွေကို အောက်ပါလင့်ခ်လေးကို နှိပ်ပြီး Cele YatKwat ရဲ့ Youtube Channel မှတစ်ဆင့် ၀င်ရောက်ကြည့်ရှုလိုက်ပါ ။နှိပ်ရန်လင့်ခ် – https://goo.gl/D8CDCJ#Supported #Bella
Posted by Cele YatKwat on Thursday, May 3, 2018
Unicodeဖြင့်ဖတ်ရန်
သရုပ်ဆောင် မော်ဒယ်လ်မလေး မေတိုးခိုင်ရဲ့ ဖခင်ဖြစ်သူ ဦးတိုးခိုင်ကလည်း အနုပညာအလုပ်နဲ့ပတ်သက်လာရင် ဂီတအလုပ်ကို ဝါသနာပါသူဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ တစ်ကိုယ်တော်တေးစီးရီးအောင်အောင်မြင်မြင်ထွက်ရှိပြီးခဲ့တဲ့အပေါ် မေတိုးခိုင်က Duwun media ကနေ ဝမ်းသာစကားဆိုခဲ့ပါတယ်။
play
” ဖေကြီးက အနုပညာကိုအရမ်းဝါသနာပါတယ်၊ အရင်ကတည်းကလည်း လုပ်ချင်နေခဲ့တာ အခုလည်း သူဖြစ်မြောက်သွားတဲ့အတွက် ဖူးအရမ်းဝမ်းသာတယ်။ အခုဆိုရင်လည်း နောက်ထပ် စီးရီးတစ်ခု ထွက်ဖို့ ကြိုးစားနေတယ်။ ဖေဖေနဲ့အတူ ဂီတအလုပ်လုပ်ဖို့တော့ မရှိပါဘူး။ ဘေးကနေပြီးတော့ပဲ ပံ့ပိုးပေးသွားမှာပါ” လို့ သူကဆိုပါတယ်။
အနုပညာရှင်တွေဖြစ်တဲ့ သားအဖနှစ်ယောက်ဖြစ်တဲ့ ဦးတိုးခိုင်နဲ့ မေတိုးခိုင်တို့ရဲ့ အပြန်အလှန်ဖေးမကူညီဖြစ်တဲ့အကြောင်း တွေကို လည်း ပြောပြခဲ့ပါသေးတယ်။
” ဘေးကနေပြီးတော့ အမြဲတမ်းပြောပေးတယ်၊ ဒါပေမယ့် ဖေဖေက ရှုတင်တွေတော့မလိုက်ပေးဘူး။ ရှုတင်ကိုတော့ အချိန်မှန်မှန် သွားဖို့ အမြဲပြောတယ်။ ဖေဖေ့ သီချင်းတွေဆိုရင်လည်း ဖူးက ဘေးကနေပြီးတော့ Couple Song လေးတွေ ဆိုတာကအစ အိုင်ဒီယာ လေးတွေ ပြောပြဖြစ်ပါတယ်။
မေတိုးခိုင်ရဲ့ ဖခင်ဖြစ်သူဦးတိုးခိုင်က တွဲဖက်သွေး လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ မေတိုးခိုင်က အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။
Photo: မေတိုးခိုင်ဖေ့စ်ဘွတ်
Credit: Duwun