ZawGyiျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံမွ ထုတ္လုပ္သည့္ မက္သာဖက္ဒမင္း အပါအဝင္ မူးယစ္ေဆးဝါးမ်ား ထုတ္လုပ္ေရာင္းခ်မႈသည္ အာရွႏိုင္ငံမ်ားအပါအဝင္ ၾသစေတးလ်ႏိုင္ငံ အထိပါ ေရာက္ရွိေနေၾကာင္း ကုလသမဂၢ မူးယစ္ေဆးဝါးႏွင့္ မႈခင္းဆိုင္ရာ႐ုံး (UNODC) က ေျပာသည္။

ေနျပည္ေတာ္တြင္ ေမလ ၂၁ ရက္ေန႔ကျပဳလုပ္သည့္ ျပည္ထဲေရးဝန္ႀကီးဌာနႏွင့္ UNODC တို႔ ပူးေပါင္း က်င္းပသည့္ မဲေခါင္ေဒသ ႏိုင္ငံမ်ားၾကား မူးယစ္ေဆးဝါး ပူးေပါင္း တိုက္ဖ်က္ေရး အဆင့္ျမင့္ အရာရွိမ်ား အစည္းအေဝးဖြင့္ပြဲ အခမ္းအနားအၿပီးတြင္ UNODC မွ အေရွ႕ေတာင္အာရွႏွင့္ ပစိဖိတ္ေဒသဆိုင္ရာ ဌာန ကိုယ္စားလွယ္ Mr.Jeremy Douglas က မီဒီယာမ်ားသို႔ ေျပာသည္။

Mr.Jeremy Douglas က “မူးယစ္ေဆးဝါး ထုတ္လုပ္မႈေတြက မၿငိမ္းခ်မ္းတဲ့ ေဒသေတြမွာ ျဖစ္ေနတာ အရမ္းမ်ားတယ္။ အဲဒီကထြက္လာတဲ့ မူးယစ္ေဆးဝါးေတြကို ကမာၻအႏွံ႔ကို ပို႔တယ္။ ၾသစေၾတးလ်လို ႏိုင္ငံမ်ိဳးအထိ ေရာက္တယ္။ အဲဒီေဒသေတြက မက္သာဖက္ဒမင္းေတြကို အမ်ားႀကီး ထုတ္လုပ္တယ္” ဟု စကားျပန္မွတဆင့္ ေျပာသည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ားသည္ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ အတြင္းမွ အမ်ားဆုံး လာေၾကာင္းသိရၿပီး ထိုအထဲတြင္ လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ၿငိမ္းခ်မ္းမႈ မရရွိေသးေသာ ေဒသမ်ားမွ အထြက္မ်ားေၾကာင္း UNODC ႏွင့္ ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕တို႔က ေထာက္ျပသည္။

ရွမ္းျပည္နယ္အတြင္း စိုက္ပ်ိဳးထုတ္လုပ္ေနေသာ ဘိန္းခင္းမ်ား (ဓာတ္ပုံ – ေက်ာ္ခ၊ ဧရာဝတီ)
ရွမ္းျပည္နယ္ထဲတြင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၊ တပ္မေတာ္ႏွင့္ ျပည္သူစစ္ အဖြဲ႕မ်ား လႈပ္ရွားလွ်က္ရွိၿပီး အခ်ိဳ႕မွာ အစိုးရႏွင့္ အပစ္ရပ္ထားေသာ္လည္း အခ်ိဳ႕ေသာ လက္နက္ကိုင္ အဖြ႕ဲမ်ားမွာ အပစ္ရပ္လက္မွတ္ေရးထိုးျခင္း မရွိေသးေပ။

လက္ရွိ အေျခအေနတြင္ ယင္းမူးယစ္ေဆးဝါး ျပႆနာကို ၿငိမ္းခ်မ္းေရး စကားဝိုင္းမ်ားတြင္ ေခါင္းစဥ္တခု သတ္မွတ္ၿပီးထည့္သြင္း ေဆြးေႏြးသင့္ေၾကာင္း၊ ထည့္သြင္းေဆြးေႏြးေပးရန္လည္း တိုက္တြန္းလ်က္ရွိေၾကာင္း၊ မူးယစ္ေဆးဝါး ထုတ္လုပ္သူမ်ားသည္ အစု အဖြဲ႕၊ ဂိုဏ္းမ်ားျဖင့္ ႏိုင္ငံျဖတ္ေက်ာ္လ်က္ မႈခင္းမ်ား က်ဴးလြန္ေနသည္မွာ ျမန္မာတႏိုင္ငံတည္းမွ မဟုတ္ဘဲ ႏိုင္ငံေပါင္းစုံမွ ျဖစ္ေၾကာင္း UNODC ႐ုံးမွ သိရသည္။

“ႏိုင္ငံေပါင္းစုံေပါ့။ တ႐ုတ္ပါမယ္။ ထိုင္ဝမ္ပါမယ္။ ဒီကလူေတြပါမယ္။ သူတို႔က အက်ိဳးအျမတ္ရေအာင္ လုပ္ေနၾကတာ။ သူတိ့ုက ဒီကိုလာၿပီးေတာ့ အထူးသျဖင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းေပါ့။ လာလုပ္ေနၾကတယ္။ ဒီကိစၥေတြကို ကိုင္တြယ္ရမယ္။ ဒါေတြက အဓိက အေၾကာင္းအရာ ျဖစ္ေနတယ္။ ဒါကိုကိုင္တြယ္ဖို႔ အားလုံးစုေပါင္းအင္အားနဲ႔ ကိုင္တြယ္မွ ျဖစ္မယ္” ဟု Mr.Jeremy Douglas က ေျပာသည္။

ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ ဌာနမႉး ရဲမႉးႀကီး ေဇာ္လင္းထြန္းကမူ ရွမ္းေျမာက္ေဒသမွ မက္သာ ဖက္ဒမင္း အပါအဝင္ မူးယစ္ေဆးဝါးမ်ား ႏိုင္ငံတကာသို႔ ေရာက္ရွိေၾကာင္း သတင္းမ်ား ရေသာ္လည္း တိုင္းျပည္၏ ၿငိမ္းခ်မ္းေရး အေျခအေနအရ ယင္းေဒသမ်ားသို႔ ဝင္ေရာက္ ထိန္းခ်ဳပ္ရန္ မလြယ္ကူေၾကာင္း၊ ထို႔ေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ေဒသတြင္း ႏိုင္ငံမ်ားႏွင့္ ပူးေပါင္းလုပ္ေဆာင္ေနရေၾကာင္း ေျပာသည္။

ရွမ္းျပည္နယ္အတြင္း စိုက္ပ်ိဳးထုတ္လုပ္ေနေသာ ဘိန္းခင္းမ်ား (ဓာတ္ပုံ – ေက်ာ္ခ၊ ဧရာဝတီ)
“ေျပာရတာခက္တယ္။ တခ်ိဳ႕လည္း ပါဝင္ပက္သက္မႈ ရွိေကာင္းရွိမွာေပါ့။ မရွိဘူးလို႔မေျပာပါဘူး။ သူ႔သေဘာကိုက Networking နဲ႔သြားတာေပါ့။ က်န္တဲ့ ႏိုင္ငံတကာ မူးယစ္ေဆးဝါး ဂိုဏ္းဂဏေတြနဲ႔ အမ်ားႀကီး ပတ္သက္လိမ့္မယ္။ ရွမ္းျပည္နယ္ အေရွ႕ျခမ္းရဲ႕ Boder (နယ္စပ္) ေတြမွာ ျပႆနာေတြရွိတယ္”ဟု ၎က ေျပာသည္။

ရွမ္းျပည္နယ္ထဲမွ မူးယစ္ေဆးဝါး ထုတ္လုပ္ေနသည့္ ေနရာမ်ားသို႔ ၿငိမ္းခ်မ္းေရးမရယူႏိုင္ေသးသည့္ အေျခအေနေၾကာင့္ ဝင္ေရာက္ စစ္ေဆးႏိုင္သည့္ အေျခအေန မရွိေၾကာင္း သို႔ေသာ္လည္း ထိုေနရာမ်ားမွ ထြက္ရွိလာေသာ မူးယစ္ေဆးဝါးမ်ားကို ႏိုင္ငံအတြင္းထဲသို႔ ဝင္ေရာက္ မလာႏိုင္ေစရန္ သတင္း အခ်က္အလက္မ်ား အရ ဖမ္းေပးႏိုင္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ေျပာသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ အစိုးရတရပ္သာရွိ၍ “ဝ” ျပည္ေသြးစည္းညီၫႊတ္ေရး တပ္မေတာ္ (UWSA) ႏွင့္ တ႐ုတ္အစိုးရၾကား မူးယစ္တိုက္ဖ်က္ေရး စာခ်ဳပ္မ်ား လက္မွတ္ေရး ထိုးေနျခင္းကို အသိအမွတ္ မျပဳႏိုင္ေၾကာင္း၊ တ႐ုတ္ႏွင့္ ျမန္မာအစိုးရၾကား မူးယစ္တိုက္ဖ်က္ေရး တရားဝင္ လက္မွတ္ေရးထိုးၿပီး ျဖစ္ေၾကာင္း ရဲမႉးႀကီး ေဇာ္လင္းထြန္းက ေျပာသည္။

ယခုႏွစ္တြင္ ျမန္မာသည္ တႏိုင္ငံလုံး အေနအထားျဖင့္ ဘိန္းစိုက္ပ်ိဳးမႈ ၂၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္ခဲ့ေသာ္လည္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းႏွင့္ ကခ်င္ျပည္နယ္ တို႔တြင္ ဘိန္းစိုက္ပ်ိဳးမႈ ေလွ်ာ့ခ်လာႏိုင္ျခင္း မရွိေၾကာင္း၊ ၿငိမ္းခ်မ္းမႈ မရွိသည့္ ေဒသမ်ားတြင္ အစိုးရက ဘိန္းတိုက္ဖ်က္ေရးကို လုပ္မေပးႏိုင္ေၾကာင္း ေတြ႕ရွိရသည္ဟု UNODC ကေျပာသည္။

ရွမ္းျပည္နယ္အတြင္း စိုက္ပ်ိဳးထုတ္လုပ္ေနေသာ ဘိန္းခင္းမ်ား (ဓာတ္ပုံ – ေက်ာ္ခ၊ ဧရာဝတီ)
လက္ရွိအစိုးရ၏ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ေက်နပ္ေသာ္လည္း ပိုမိုအားထုတ္ရန္ လိုေသးေၾကာင္း၊ ေဝးလံၿပီးသြားေရာက္ရန္ ခက္ခဲသည့္ ၿငိမ္းခ်မ္းမႈ မရွိေသးေသာ အထူးေဒသမ်ားတြင္ ျဖစ္ပြားေနျခင္းမွာ ျမန္မာႏိုင္ငံအတြက္ အဓိကစိန္ေခၚမႈ ျဖစ္ေၾကာင္း UNODC ႐ုံးကေျပာသည္။

“အထူးသျဖင့္ ျမန္မာ- တ႐ုတ္၊ ျမန္မာ- လာအို၊ ျမန္မာနဲ႔ထိုင္းမွာ ဒီေဆးဝါးေတြက အဲဒီႏိုင္ငံေတြကို ထြက္သြားတယ္။ ဒီေဆးဝါးေတြကို ထုတ္ဖို႔ အတြက္ ဒီႏိုင္ငံေတြကေန ဝင္လာတာေပါ့။ အဲ့ဒါေၾကာင့္မလို႔ ဒီႏိုင္ငံေတြ အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ရမယ္။ မူးယစ္ေဆးဝါးနဲ႔ သက္ဆိုင္တဲ့ စီးပြားေရးကရတဲ့ ပိုက္ဆံေတြနဲ႔ လက္နက္ကိုင္ပဋိပကၡေတြကို ဘယ္လိုဆက္သြယ္ေနလဲ။ ဘယ္လိုအေထာက္အပံ့ ျဖစ္ေနလဲဆိုတာကို သုေတသနေတြနဲ႔ တိတိက်က် သိဖို႔ေလ့လာမွ အေျခအေနကို ေကာင္းေကာင္းေျပာႏိုင္မယ္” ဟု Mr.Jeremy Douglas က ေျပာဆိုခဲ့သည္။
UniCodeဖြင့်ဖတ်ရန်

မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် မက်သာဖက်ဒမင်း အပါအဝင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချမှုသည် အာရှနိုင်ငံများအပါအဝင် သြစတေးလျနိုင်ငံ အထိပါ ရောက်ရှိနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) က ပြောသည်။

နေပြည်တော်တွင် မေလ ၂၁ ရက်နေ့ကပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် UNODC တို့ ပူးပေါင်း ကျင်းပသည့် မဲခေါင်ဒေသ နိုင်ငံများကြား မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး အဆင့်မြင့် အရာရှိများ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားအပြီးတွင် UNODC မှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာန ကိုယ်စားလှယ် Mr.Jeremy Douglas က မီဒီယာများသို့ ပြောသည်။

Mr.Jeremy Douglas က “မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေက မငြိမ်းချမ်းတဲ့ ဒေသတွေမှာ ဖြစ်နေတာ အရမ်းများတယ်။ အဲဒီကထွက်လာတဲ့ မူးယစ်ဆေးဝါးတွေကို ကမ္ဘာအနှံ့ကို ပို့တယ်။ သြစတြေးလျလို နိုင်ငံမျိုးအထိ ရောက်တယ်။ အဲဒီဒေသတွေက မက်သာဖက်ဒမင်းတွေကို အများကြီး ထုတ်လုပ်တယ်” ဟု စကားပြန်မှတဆင့် ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အတွင်းမှ အများဆုံး လာကြောင်းသိရပြီး ထိုအထဲတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ငြိမ်းချမ်းမှု မရရှိသေးသော ဒေသများမှ အထွက်များကြောင်း UNODC နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က ထောက်ပြသည်။

ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်နေသော ဘိန်းခင်းများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)
ရှမ်းပြည်နယ်ထဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူစစ် အဖွဲ့များ လှုပ်ရှားလျှက်ရှိပြီး အချို့မှာ အစိုးရနှင့် အပစ်ရပ်ထားသော်လည်း အချို့သော လက်နက်ကိုင် အဖွ့ဲများမှာ အပစ်ရပ်လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

လက်ရှိ အခြေအနေတွင် ယင်းမူးယစ်ဆေးဝါး ပြဿနာကို ငြိမ်းချမ်းရေး စကားဝိုင်းများတွင် ခေါင်းစဉ်တခု သတ်မှတ်ပြီးထည့်သွင်း ဆွေးနွေးသင့်ကြောင်း၊ ထည့်သွင်းဆွေးနွေးပေးရန်လည်း တိုက်တွန်းလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သူများသည် အစု အဖွဲ့၊ ဂိုဏ်းများဖြင့် နိုင်ငံဖြတ်ကျော်လျက် မှုခင်းများ ကျူးလွန်နေသည်မှာ မြန်မာတနိုင်ငံတည်းမှ မဟုတ်ဘဲ နိုင်ငံပေါင်းစုံမှ ဖြစ်ကြောင်း UNODC ရုံးမှ သိရသည်။

“နိုင်ငံပေါင်းစုံပေါ့။ တရုတ်ပါမယ်။ ထိုင်ဝမ်ပါမယ်။ ဒီကလူတွေပါမယ်။ သူတို့က အကျိုးအမြတ်ရအောင် လုပ်နေကြတာ။ သူတိ့ုက ဒီကိုလာပြီးတော့ အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းပေါ့။ လာလုပ်နေကြတယ်။ ဒီကိစ္စတွေကို ကိုင်တွယ်ရမယ်။ ဒါတွေက အဓိက အကြောင်းအရာ ဖြစ်နေတယ်။ ဒါကိုကိုင်တွယ်ဖို့ အားလုံးစုပေါင်းအင်အားနဲ့ ကိုင်တွယ်မှ ဖြစ်မယ်” ဟု Mr.Jeremy Douglas က ပြောသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းကမူ ရှမ်းမြောက်ဒေသမှ မက်သာ ဖက်ဒမင်း အပါအဝင် မူးယစ်ဆေးဝါးများ နိုင်ငံတကာသို့ ရောက်ရှိကြောင်း သတင်းများ ရသော်လည်း တိုင်းပြည်၏ ငြိမ်းချမ်းရေး အခြေအနေအရ ယင်းဒေသများသို့ ဝင်ရောက် ထိန်းချုပ်ရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်နေရကြောင်း ပြောသည်။

ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်နေသော ဘိန်းခင်းများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)
“ပြောရတာခက်တယ်။ တချို့လည်း ပါဝင်ပက်သက်မှု ရှိကောင်းရှိမှာပေါ့။ မရှိဘူးလို့မပြောပါဘူး။ သူ့သဘောကိုက Networking နဲ့သွားတာပေါ့။ ကျန်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး ဂိုဏ်းဂဏတွေနဲ့ အများကြီး ပတ်သက်လိမ့်မယ်။ ရှမ်းပြည်နယ် အရှေ့ခြမ်းရဲ့ Boder (နယ်စပ်) တွေမှာ ပြဿနာတွေရှိတယ်”ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်ထဲမှ မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် နေရာများသို့ ငြိမ်းချမ်းရေးမရယူနိုင်သေးသည့် အခြေအနေကြောင့် ဝင်ရောက် စစ်ဆေးနိုင်သည့် အခြေအနေ မရှိကြောင်း သို့သော်လည်း ထိုနေရာများမှ ထွက်ရှိလာသော မူးယစ်ဆေးဝါးများကို နိုင်ငံအတွင်းထဲသို့ ဝင်ရောက် မလာနိုင်စေရန် သတင်း အချက်အလက်များ အရ ဖမ်းပေးနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အစိုးရတရပ်သာရှိ၍ “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) နှင့် တရုတ်အစိုးရကြား မူးယစ်တိုက်ဖျက်ရေး စာချုပ်များ လက်မှတ်ရေး ထိုးနေခြင်းကို အသိအမှတ် မပြုနိုင်ကြောင်း၊ တရုတ်နှင့် မြန်မာအစိုးရကြား မူးယစ်တိုက်ဖျက်ရေး တရားဝင် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း ရဲမှူးကြီး ဇော်လင်းထွန်းက ပြောသည်။

ယခုနှစ်တွင် မြန်မာသည် တနိုင်ငံလုံး အနေအထားဖြင့် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် ဘိန်းစိုက်ပျိုးမှု လျှော့ချလာနိုင်ခြင်း မရှိကြောင်း၊ ငြိမ်းချမ်းမှု မရှိသည့် ဒေသများတွင် အစိုးရက ဘိန်းတိုက်ဖျက်ရေးကို လုပ်မပေးနိုင်ကြောင်း တွေ့ရှိရသည်ဟု UNODC ကပြောသည်။

ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်နေသော ဘိန်းခင်းများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)
လက်ရှိအစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ကျေနပ်သော်လည်း ပိုမိုအားထုတ်ရန် လိုသေးကြောင်း၊ ဝေးလံပြီးသွားရောက်ရန် ခက်ခဲသည့် ငြိမ်းချမ်းမှု မရှိသေးသော အထူးဒေသများတွင် ဖြစ်ပွားနေခြင်းမှာ မြန်မာနိုင်ငံအတွက် အဓိကစိန်ခေါ်မှု ဖြစ်ကြောင်း UNODC ရုံးကပြောသည်။

“အထူးသဖြင့် မြန်မာ- တရုတ်၊ မြန်မာ- လာအို၊ မြန်မာနဲ့ထိုင်းမှာ ဒီဆေးဝါးတွေက အဲဒီနိုင်ငံတွေကို ထွက်သွားတယ်။ ဒီဆေးဝါးတွေကို ထုတ်ဖို့ အတွက် ဒီနိုင်ငံတွေကနေ ဝင်လာတာပေါ့။ အဲ့ဒါကြောင့်မလို့ ဒီနိုင်ငံတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမယ်။ မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့ စီးပွားရေးကရတဲ့ ပိုက်ဆံတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ဘယ်လိုဆက်သွယ်နေလဲ။ ဘယ်လိုအထောက်အပံ့ ဖြစ်နေလဲဆိုတာကို သုတေသနတွေနဲ့ တိတိကျကျ သိဖို့လေ့လာမှ အခြေအနေကို ကောင်းကောင်းပြောနိုင်မယ်” ဟု Mr.Jeremy Douglas က ပြောဆိုခဲ့သည်။
Credit:burma.irrawaddy