Zawgyi ျဖင့္ဖတ္၇န္
အေနာက္ေတာင္မုတ္သံုေလက လာမယ့္ေမလ ၂၄ ရက္ကေန ၃၀ ရက္အတြင္း ျမန္မာ့ကမ္းရိုးတမ္းတေလွ်ာက္ကုိ ၀င္ေရာက္ႏိုင္ၿပီး မုန္တိုင္းငယ္တစ္ခုက ရခိုင္ကမ္းရိုးတမ္းကုိ ဝင္ေရာက္ႏိုင္တယ္လို႔ မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

မုတ္သံု၀င္ေရာက္မႈအရွိန္ေၾကာင့္ ေမလ(၂၄)ရက္ကေန (၃၀)ရက္ေန႔အတြင္း မိုးရြာသြန္းႏိုင္မႈအေျခအေနခန္႔မွန္းခ်က္အရ မြန္ျပည္နယ္၊ ျမစ္၀ကြ်န္းေပၚ၊ ရခိုင္ကမ္းရိုးတန္းနဲ႔ ကမ္းလြန္ေဒသေတြမွာ မိုးသည္းထန္ႏိုင္တယ္လုိ႔ ေဒါက္တာထြန္းလြင္က သတိေပးထားပါတယ္။

ဒါ့အျပင္ ေမလ(၂၃)ရက္ကေန (၂၉)ရက္ေန႕အထိ ကာလအတြင္း ရာသီဥတုအေျခအေနခန္႕မွန္းခ်က္အရ မုန္တိုင္းငယ္တစ္လံုးက အေနာက္ေတာင္မုတ္သံုေလနဲ႔အတူ အိႏၵိယအေရွ႕ဖက္ကမ္းေျခကေန ရခိုင္ကမ္းေျခအလယ္ပိုင္းသို႕ေရြ႕လွ်ားလာႏိုင္တယ္လို႔ ဆုိပါတယ္။

လက္ရွိေမလ(၂၄)ရက္မွ (၃၀)ရက္ ကာလအတြင္း ဘဂၤလားပင္လယ္ေအာ္အေနာက္ေတာင္ပိုင္းမွာ အစပ်ိဳးျဖစ္ေပၚလာမယ့္မုန္တိုင္းငယ္က အေရွ႕ေျမာက္ဖက္ ရခိုင္ကမ္းရိုးတန္းအလယ္ပိုင္းဆီသို႔ ဦးတည္ေရြ႕လွ်ားရင္း မုတ္သံုေလဦးကို ျမန္မာ့ကမ္းရိုးတန္းတစ္ခုလံုးအတြင္းသို႕၀င္ေရာက္လာေစႏိုင္တယ္လို႔ ေဒါက္တာထြန္းလြင္က ခန္႔မွန္းထားပါတယ္။
Unicodeဖြင့်ဖတ်ရန်
အနောက်တောင်မုတ်သုံလေက လာမယ့်မေလ ၂၄ ရက်ကနေ ၃၀ ရက်အတွင်း မြန်မာ့ကမ်းရိုးတမ်းတလျှောက်ကို ဝင်ရောက်နိုင်ပြီး မုန်တိုင်းငယ်တစ်ခုက ရခိုင်ကမ်းရိုးတမ်းကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မုတ်သုံဝင်ရောက်မှုအရှိန်ကြောင့် မေလ(၂၄)ရက်ကနေ (၃၀)ရက်နေ့အတွင်း မိုးရွာသွန်းနိုင်မှုအခြေအနေခန့်မှန်းချက်အရ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွေမှာ မိုးသည်းထန်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

ဒါ့အပြင် မေလ(၂၃)ရက်ကနေ (၂၉)ရက်နေ့အထိ ကာလအတွင်း ရာသီဥတုအခြေအနေခန့်မှန်းချက်အရ မုန်တိုင်းငယ်တစ်လုံးက အနောက်တောင်မုတ်သုံလေနဲ့အတူ အိန္ဒိယအရှေ့ဖက်ကမ်းခြေကနေ ရခိုင်ကမ်းခြေအလယ်ပိုင်းသို့ရွေ့လျှားလာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမေလ(၂၄)ရက်မှ (၃၀)ရက် ကာလအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ အစပျိုးဖြစ်ပေါ်လာမယ့်မုန်တိုင်းငယ်က အရှေ့မြောက်ဖက် ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းဆီသို့ ဦးတည်ရွေ့လျှားရင်း မုတ်သုံလေဦးကို မြန်မာ့ကမ်းရိုးတန်းတစ်ခုလုံးအတွင်းသို့ဝင်ရောက်လာစေနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။
Credit – Duwun