Zawgyi ျဖင့္ဖတ္၇န္

ဘရူႏိုင္း ဘုရင္ ဖိတ္ေခၚဖလား ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ျမန္မာအသင္းနဲ႔ ကေမၻာဒီးယားအသင္းတု႔ိ ယေန႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာေတာ့ ကေမၻာ ဒီးယားအသင္းက ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။

မူလ ပြဲကစားခ်ိန္ ျမန္မာစံေတာ္ခ်ိန္ ၆ နာရီ ၄၅ မိနစ္မွာစတင္ဖို႔ သတ္မွတ္ခဲ့ေပမယ့္လည္း မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ပြဲခ်ိန္ကို ေနာက္ ဆုတ္ကစားခဲ့ရတာေၾကာင့္ ျမန္မာစံေတာ္ခ်ိန္ ၈ နာရီမွသာ စတင္ႏိုင္ခဲ့ပါတယ္။

မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ကြင္းအတြင္း ေရမ်ား၀ပ္ေနခဲ့တာေၾကာင့္လည္း ကစားရအနည္းငယ္ ခက္ခဲခဲ့တာေတြ႕ျမင္ရပါတယ္။

ဒါေပမယ့္လည္း ကေမၻာဒီးယားအသင္းက အဖြင့္ဂိုးကို ၁၂ မိနစ္ခန္႔မွာ စတင္ရသြားခဲ့သလို ဆက္တိုက္ဆိုသလို ဒုတိယ ဦးေဆာင္ဂိုး ထပ္မံ ရ လိုက္တာေၾကာင့္လည္း ျမန္မာအသင္း ကစားပုံအနည္းငယ္ ပ်က္ခဲ့တာလည္း ေတြ႕ရပါတယ္။

ျမန္မာအသင္းအေနနဲ႔ ေခ်ပဂိုးရဖို႔ ႀကိဳးပမ္းခဲ့ၿပီး ပထမပိုင္း ၿပီးဆုံးဖို႔ မိနစ္ အနည္းငယ္ က်န္ရွိခ်ိန္မွာေတာ့ ေခ်ပဂိုး တစ္ဂိုး ျပန္လည္ရရွိခဲ့ကာ ကေမၻာဒီးယားအသင္းေခါင္းေဆာင္က ကိုယ့္ဂိုး ကိုယ္ျပန္သြင္းမိခဲ့တာ ျဖစ္ပါတယ္။

ပထမပိုင္းအၿပီးမွာ ကေမၻာဒီးယားက ၂-၁ ဂိုးနဲ႔ ႏိုင္ထားကာဒုတိယပိုင္းမွာေတာ့ ျမန္မာအသင္း ကစားအားတင္လာခဲ့ေပမယ့္လည္း အပိုင္ ကန္သြင္းမႈတစ္ခ်ိဳ႕ ကေမၻာဒီးယား ဂိုးသမား ကာကြယ္ႏိုင္ခဲ့သလို ၀င္းႏိုင္ထြန္းရဲ႕ ကန္ခ်က္ တိုင္ထိထြက္ခဲ့တာကလည္း နစ္နာခဲ့ရပါတယ္။

တစ္ပြဲလုံးျခဳံၾကည့္မယ္ဆိုရင္ ျမန္မာအသင္းဟာ ရာသီဥတုေၾကာင့္လည္း အပါအ၀င္ ျဖစ္ႏိုင္ကာ ကေမၻာဒီးယားအသင္းဖက္ကို ေဘာလုံးကို ႏိုင္ႏိုင္နင္းနင္း ဖိဖိစီးစီး ကစားႏိုင္ခဲ့ျခင္း မရွိပဲ ၾကဳံသလို ကစားေနခဲ့ရတာကိုလည္းေတြ႕ျမင္ခဲ့ရပါတယ္။

ယခုလို ရႈံးနိမ့္မႈေၾကာင့္ ျမန္မာအသင္းဟာ တစ္ဖက္ဆီမီးဖို္င္နယ္က တီေမာအသင္းကို ၂-၁ ဂိုးနဲ႔ပင္ အေရးနိမ့္ခဲ့တဲ့ စင္ကာပူအသင္းနဲ႔ ပူးတြဲ တတိယ ေနရာသာ ရရွိေတာ့မွာလည္း ျဖစ္ပါတယ္။
Unicodeဖြင့်ဖတ်ရန်

ဘရူနိုင်း ဘုရင် ဖိတ်ခေါ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတု့ိ ယနေ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ကမ္ဘော ဒီးယားအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မူလ ပွဲကစားချိန် မြန်မာစံတော်ချိန် ၆ နာရီ ၄၅ မိနစ်မှာစတင်ဖို့ သတ်မှတ်ခဲ့ပေမယ့်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပွဲချိန်ကို နောက် ဆုတ်ကစားခဲ့ရတာကြောင့် မြန်မာစံတော်ချိန် ၈ နာရီမှသာ စတင်နိုင်ခဲ့ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းအတွင်း ရေများဝပ်နေခဲ့တာကြောင့်လည်း ကစားရအနည်းငယ် ခက်ခဲခဲ့တာတွေ့မြင်ရပါတယ်။

ဒါပေမယ့်လည်း ကမ္ဘောဒီးယားအသင်းက အဖွင့်ဂိုးကို ၁၂ မိနစ်ခန့်မှာ စတင်ရသွားခဲ့သလို ဆက်တိုက်ဆိုသလို ဒုတိယ ဦးဆောင်ဂိုး ထပ်မံ ရ လိုက်တာကြောင့်လည်း မြန်မာအသင်း ကစားပုံအနည်းငယ် ပျက်ခဲ့တာလည်း တွေ့ရပါတယ်။

မြန်မာအသင်းအနေနဲ့ ချေပဂိုးရဖို့ ကြိုးပမ်းခဲ့ပြီး ပထမပိုင်း ပြီးဆုံးဖို့ မိနစ် အနည်းငယ် ကျန်ရှိချိန်မှာတော့ ချေပဂိုး တစ်ဂိုး ပြန်လည်ရရှိခဲ့ကာ ကမ္ဘောဒီးယားအသင်းခေါင်းဆောင်က ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ ကမ္ဘောဒီးယားက ၂-၁ ဂိုးနဲ့ နိုင်ထားကာဒုတိယပိုင်းမှာတော့ မြန်မာအသင်း ကစားအားတင်လာခဲ့ပေမယ့်လည်း အပိုင် ကန်သွင်းမှုတစ်ချို့ ကမ္ဘောဒီးယား ဂိုးသမား ကာကွယ်နိုင်ခဲ့သလို ဝင်းနိုင်ထွန်းရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့တာကလည်း နစ်နာခဲ့ရပါတယ်။

တစ်ပွဲလုံးခြုံကြည့်မယ်ဆိုရင် မြန်မာအသင်းဟာ ရာသီဥတုကြောင့်လည်း အပါအဝင် ဖြစ်နိုင်ကာ ကမ္ဘောဒီးယားအသင်းဖက်ကို ဘောလုံးကို နိုင်နိုင်နင်းနင်း ဖိဖိစီးစီး ကစားနိုင်ခဲ့ခြင်း မရှိပဲ ကြုံသလို ကစားနေခဲ့ရတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။

ယခုလို ရှုံးနိမ့်မှုကြောင့် မြန်မာအသင်းဟာ တစ်ဖက်ဆီမီးဖိုင်နယ်က တီမောအသင်းကို ၂-၁ ဂိုးနဲ့ပင် အရေးနိမ့်ခဲ့တဲ့ စင်ကာပူအသင်းနဲ့ ပူးတွဲ တတိယ နေရာသာ ရရှိတော့မှာလည်း ဖြစ်ပါတယ်။
From Duwun