ZawGyiျဖင့္ဖတ္ရန္

႐ိုဟင္ဂ်ာဒုကၡသည္အေရးနဲ႔ပတ္သက္ၿပီး အခ်က္အလက္ရွာေဖြေရးအဖြဲ႕ကို ျမန္မာႏိုင္ငံက ဝင္ခြင္မေပးဆဲဆက္လက္ တားဆီးပိတ္ပင္ထားတယ္လို႔ အိုအိုင္စီအဖြဲ႕ရဲ႕ လြတ္လပ္ေသာ အၿမဲတမ္း လူ႔အခြင့္အေရးေကာ္မရွင္က ထုတ္ေဖာ္ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕မွာ ေမ ၆ရက္က က်င္းပတဲ့ ၄၅ ႀကိမ္ေျမာက္ အိုအိုင္စီ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ညီလာခံမွာ ႐ိုဟင္ဂ်ာဒုကၡသည္အေရးေဆြးေႏြးဖလွယ္ရာမွာ ေကာ္မရွင္ ဥကၠ႒ ေဒါက္တာ ရာရွစ္အယ္လ္ဘလူရွီက ေျပာၾကားခဲ့တာပါ။

လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္ၿပီး အခ်က္အလက္ရွာေဖြဖို႔အတြက္ ရခိုင္ျပည္နယ္ကို သြားေရာက္ဖို႔ မစ္ရွင္အဖြဲ႕အေနနဲ႔ ျမန္မာအစိုးရရဲ႕ ခြင့္ျပဳခ်က္မရရွိတဲ့ အေၾကာင္း ေဒါက္တာ အယ္လ္ဘလူရွီကေျပာပါတယ္။

ဒါ့အျပင္ ဘဂၤလားေဒ့ရွ္အစိုးရကို အကူအညီေတြ ႏွစ္ဆတိုးေပးၾကဖို႔နဲ႔ ႐ိုဟင္ဂ်ာေတြ အထူးသျဖင့္ ႏိုင္ငံသားအခြင့္အေရးရဖို႔အပါအဝက္ အခြင့္အေရးအျပည့္ အဝရရွိေအာင္ ဆက္လက္ကူညီၾကဖို႔လည္း အိုအိုင္စီအဖြဲ႕ဝင္ႏိုင္ငံေတြကို တိုက္တြန္းလိုက္ပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္အေရးနဲ႔ပတ္သက္ၿပီး ျမန္မာအစိုးရကို အေရးယူဖို႔အတြက္ ႏိုင္ငံ တကာရဲ႕ ေထာက္ခံမႈေတြရေအာင္စည္း႐ုံးမယ့္ ေကာ္မတီတရပ္ ဖြဲ႕စည္းေဆာင္႐ြက္သြားဖို႔လည္း အစၥလာမ္မစ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (အိုအိုင္စီ)က အစည္းအေဝး အၿပီးမွာ ဆုံးျဖတ္လိုက္ပါတယ္။

အိုအိုင္စီရဲ႕ ၄၅ႀကိမ္ေျမာက္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ဒါကာၿမိဳ႕မွာ ေမလ ၅ ရက္ကေန ၆ ရက္ထိ ႏွစ္ရက္ၾကာ က်င္းပခဲ့တာျဖစ္ၿပီး အိုအိုင္စီအဖြဲ႕ဝင္ ႏိုင္ငံေပါင္း ၅၇ ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ သံတမန္ေတြတက္ေရာက္ခဲ့ၾကပါတယ္။

ဓာတ္ပုံ-OIC

Credit:DVB

UniCodeဖြင့်ဖတ်ရန်

အိုအိုင်စီ အချက်လက်ရှာ မစ်ရှင်အဖွဲ့ကို မြန်မာအစိုးရ ဝင်ခွင့်မပြု

ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံက ဝင်ခွင်မပေးဆဲဆက်လက် တားဆီးပိတ်ပင်ထားတယ်လို့ အိုအိုင်စီအဖွဲ့ရဲ့ လွတ်လပ်သော အမြဲတမ်း လူ့အခွင့်အရေးကော်မရှင်က ထုတ်ဖော်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ မေ ၆ရက်က ကျင်းပတဲ့ ၄၅ ကြိမ်မြောက် အိုအိုင်စီ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံမှာ ရိုဟင်ဂျာဒုက္ခသည်အရေးဆွေးနွေးဖလှယ်ရာမှာ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ရာရှစ်အယ်လ်ဘလူရှီက ပြောကြားခဲ့တာပါ။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အချက်အလက်ရှာဖွေဖို့အတွက် ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ မစ်ရှင်အဖွဲ့အနေနဲ့ မြန်မာအစိုးရရဲ့ ခွင့်ပြုချက်မရရှိတဲ့ အကြောင်း ဒေါက်တာ အယ်လ်ဘလူရှီကပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရကို အကူအညီတွေ နှစ်ဆတိုးပေးကြဖို့နဲ့ ရိုဟင်ဂျာတွေ အထူးသဖြင့် နိုင်ငံသားအခွင့်အရေးရဖို့အပါအဝက် အခွင့်အရေးအပြည့် အဝရရှိအောင် ဆက်လက်ကူညီကြဖို့လည်း အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို အရေးယူဖို့အတွက် နိုင်ငံ တကာရဲ့ ထောက်ခံမှုတွေရအောင်စည်းရုံးမယ့် ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်သွားဖို့လည်း အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က အစည်းအဝေး အပြီးမှာ ဆုံးဖြတ်လိုက်ပါတယ်။

အိုအိုင်စီရဲ့ ၄၅ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဒါကာမြို့မှာ မေလ ၅ ရက်ကနေ ၆ ရက်ထိ နှစ်ရက်ကြာ ကျင်းပခဲ့တာဖြစ်ပြီး အိုအိုင်စီအဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သံတမန်တွေတက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ-OIC

Credit:DVB