Zawgyiျဖင့္ဖတ္ရန္
ၿပီးခဲ့သည့္ ဧၿပီလ ၁၅ ရက္က ေတာင္ၿပိဳလက္ဝဲၿမိဳ႕ ျပန္လည္လက္ခံေရး စခန္းသို႔ ေနရပ္စြန္႔ခြာ မိသားစုဝင္ငါးဦး ျပန္လည္၀င္ေရာက္ခဲ့စဥ္။

ျမန္မာနုိင္ငံဘက္မွ ေနရပ္စြန္႔ခြာသြားသူေပါင္း ၇၀၀ ေက်ာ္ကုိ စိစစ္ၿပီးျဖစ္ကာ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္မွ ျပန္လည္လႊဲေျပာင္းရင္ လက္ခံဖို႔ အသင့့္ရွိေနၿပီလို႔ ႏိုင္ငံေတာ္အတုိင္ပင္ခံရုံးက သတင္းထုတ္ျပန္ထားပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္မွ ပထမအသုတ္ လႊဲေျပာင္းေပးမယ့္ အိမ္ေထာင္စု ၁၆၇၃ စုမွ လူဦးေရ ၈၀၃၂ ဦးကုိ အမည္စာရင္းနဲ႔ ကုိယ္ေရး အခ်က္အလက္ေတြေပးပို႔ခဲ့ေပမယ့္ နွစ္နိုင္ငံသေဘာတူညီထားတဲ့ ပုံစံမ်ဳိးမဟုတ္ဘဲ အဓိကအခ်က္ေတြျဖစ္တဲ့ ႏုိင္ငံတည္ဆဲဥပေဒေတြကုိ လုိက္နာပါမယ္ဆုိတဲဲ့ခ်က္၊ ဆႏၵအေလ်ာက္ျပန္လာတာျဖစ္ေၾကာင္း စတဲ့အခ်က္ေတြ ေဖာ္ျပမထားတဲ့အျပင္ တစ္ဦးခ်င္းစီရဲ႕ လက္မွတ္နဲ႔ ကိုယ္ေရးအခ်က္အလက္ေတြကုိ အေသးစိတ္ေဖာ္ျပမထားတာေၾကာင့္ ျပန္လည္ျပင္ဆင္ပို႔ေပးဖို႔ အေၾကာင္းၾကားခဲ့တယ္လုိ႔ သိရပါတယ္။

အဲ့ဒီပုံစံံေတြက သေဘာတူထားတဲ့ပုံစံေတြမဟုတ္ေပမယ့္ လႊဲေျပာင္းလက္ခံေရး အဆင္ေျပေစဖုိ႔တြက္ စိစစ္ထားတဲ့ လူေပါင္း ၇၀၀ ေက်ာ္ကုိ ဘဂၤလားေဒ့ရွ္ဘက္က ျပန္လည္လႊဲေျပာင္းေပးရင္လက္ခံဖို႔ အဆင္သင့္ရွိေနတယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ေမာင္ေတာ၊ ေတာင္ၿပိဳလက္၀ဲၿမိဳ႕အနား၊ နယ္နွစ္ႏုိင္ငံနယ္နိမိတ္မ်ဥ္းအနီးမွာ ေနထုိင္တဲ့ျမန္မာဘက္က ေနရပ္စြန္႔ခြာသူေတြကို ျပန္လည္ေနရာခ်ထားဖုိ႔အတြက္ ညွိႏႈိ္င္းေဆာင္ရြက္ေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။
UniCodeဖြင့်ဖတ်ရန်

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်က တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေး စခန်းသို့ နေရပ်စွန့်ခွာ မိသားစုဝင်ငါးဦး ပြန်လည်ဝင်ရောက်ခဲ့စဉ်။

မြန်မာနိုင်ငံဘက်မှ နေရပ်စွန့်ခွာသွားသူပေါင်း ၇၀၀ ကျော်ကို စိစစ်ပြီးဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်လွှဲပြောင်းရင် လက်ခံဖို့ အသင့့်ရှိနေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပထမအသုတ် လွှဲပြောင်းပေးမယ့် အိမ်ထောင်စု ၁၆၇၃ စုမှ လူဦးရေ ၈၀၃၂ ဦးကို အမည်စာရင်းနဲ့ ကိုယ်ရေး အချက်အလက်တွေပေးပို့ခဲ့ပေမယ့် နှစ်နိုင်ငံသဘောတူညီထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ အဓိကအချက်တွေဖြစ်တဲ့ နိုင်ငံတည်ဆဲဥပဒေတွေကို လိုက်နာပါမယ်ဆိုတဲ့ချက်၊ ဆန္ဒအလျောက်ပြန်လာတာဖြစ်ကြောင်း စတဲ့အချက်တွေ ဖော်ပြမထားတဲ့အပြင် တစ်ဦးချင်းစီရဲ့ လက်မှတ်နဲ့ ကိုယ်ရေးအချက်အလက်တွေကို အသေးစိတ်ဖော်ပြမထားတာကြောင့် ပြန်လည်ပြင်ဆင်ပို့ပေးဖို့ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပုံစံံတွေက သဘောတူထားတဲ့ပုံစံတွေမဟုတ်ပေမယ့် လွှဲပြောင်းလက်ခံရေး အဆင်ပြေစေဖို့တွက် စိစစ်ထားတဲ့ လူပေါင်း ၇၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လည်လွှဲပြောင်းပေးရင်လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မောင်တော၊ တောင်ပြိုလက်ဝဲမြို့အနား၊ နယ်နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီးမှာ နေထိုင်တဲ့မြန်မာဘက်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်နေရာချထားဖို့အတွက် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Credit: Duwun