Zawgyi ျဖင့္ဖတ္၇န္

ေဇန္း မဲလစ္ခ္နဲ႔ ဂ်ီဂ်ီ ဟက္ဒစ္ တို႔ႏွစ္ေယာက္ကေတာ့ ျပန္ေပါင္းထုပ္ေနၾကပါၿပီ။ ဟုတ္ပါတယ္ ….. ၿပီးခဲ့တဲ့ တနဂၤေႏြ ေန႔လည္က နယူးေယာခ့္ (New York) လမ္းလယ္တစ္ေနရာမွာ ေဇန္း မဲလစ္ခ္ နဲ႔ ဂ်ီဂ်ီ ဟက္ဒစ္ တို႔ႏွစ္ေယာက္ အ႐ူးအမူးအနမ္းေတြ ေႁခြေနခဲ့ၾကတာျဖစ္ပါတယ္။

ဆိုဟို (Soho) လမ္းတစ္ေလၽွာက္ အတူတူေလၽွာက္လာခဲ့ရင္းနဲ႔မွ စတားဘက္ခ့္ (Starbucks) ေကာ္ဖီခြက္ေလးကိုင္ေဆာင္ထားရင္း နံၿခံကိုေက်ာမီထားတဲ့ ဂ်ီဂ်ီ ကို ေဇန္း တစ္ေယာက္ အနမ္းေတြေႁခြလိုက္တာလည္း ျဖစ္ပါတယ္။

ဂ်ီဂ်ီ ကေတာ့ က်ားသစ္ကြက္ ဘြတ္ဖိနပ္၊ ေနကာမ်က္မွန္၊ အေပါက္ပါတဲ့ ဂ်င္းရွည္ နဲ႔ အနက္ေရာင္အေပၚဝတ္အက်ႌေပၚက ဘေလဇာကုတ္ကိုဝတ္ဆင္ထားရင္း အရမ္းကိုလန္းေနပါတယ္။ ေဇန္းကလည္း သူရဲ႕လည္ပင္းတက္တူးေတြအျပင္ အနီေရာင္ေခါင္းစြပ္အက်ႌေပၚက အနက္ေရာင္ဂ်က္ကင္ကိုဝတ္ဆင္ထားၿပီး ဂူခ်ီ (Gucci) ဘရန္းႀကိဳးလြယ္အိတ္ကို လြယ္ထားတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းက သူတို႔အတြဲရဲ႕ ေကာလဟာလေတြ ေတာ္ေတာ္ေလးပ်ံ႕ႏွံ႔သြားခဲ့ေပမဲ့ အားက်စရာေကာင္းလွတဲ့ သူတို႔ႏွစ္ဦးျပန္လည္ေပါင္းထုပ္ေနၾကၿပီပဲ ျဖစ္ပါတယ္။ ယမန္ေန႔ ဗုဒၶဟူးေန႔ကဆိုရင္လည္း ေဇန္း တစ္ေယာက္ ဂ်ီဂ်ီ ရဲ႕ NYC တိုက္ခန္းကေနထြက္လာခဲ့တာပါ။ ေဇန္း က သူ႕ရဲ႕သီခ်င္းသစ္ကို ဆိုရွယ္မီဒီယာေပၚ တင္တဲ့အခါမွာလည္း ဂ်ီဂ်ီ က လိုက္ခ့္ (like) ေပးထားခဲ့တာျဖစ္ၿပီး One Direction အဖြဲ႕ဝင္တစ္ဦးကေနၿပီးေတာ့လည္း ေဇန္း ရဲ႕ အသစ္ထြက္ရွိထားတဲ့ ‘Let Me’ သီခ်င္းဟာ ဂ်ီဂ်ီ အတြက္ျဖစ္ေၾကာင္း အစီအစဥ္တင္ဆက္သူ ရမ္စီဂရက္စ္ (Ryan Seacrest) ကိုေျပာၾကားခဲ့ပါတယ္။

ေဇန္း ဟာ အဆိုပါ ‘Let Me’ သီခ်င္းကို ဂ်ီဂ်ီ (Gigi) နဲ႔တြဲေနစဥ္အတြင္းမွာပဲေရးသားခဲ့တာျဖစ္ၿပီး ကစ္ FM (Kiss FM) ကိုေတာ့ အဲ့ဒီအခ်ိန္တုန္းက သူ႕အေနနဲ႔အခ်စ္မွာ အရမ္းႀကီး မနစ္ေမ်ာေသးေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဆက္လက္ၿပီး ေဇန္း က “ကၽြန္ေတာ့္ရဲ႕ က်န္ရွိေနတဲ့ဘဝနဲ႔ သူ႕ရဲ႕က်န္တဲ့ဘဝအစိတ္အပိုင္းေတြမွာ ကၽြန္ေတာ္ခ်စ္ရတဲ့ တစ္စုံတေယာက္နဲ႔ အဲ့ဒီအခ်စ္ထဲစီးေမ်ာၾကည့္ခ်င္တယ္။ ကၽြန္ေတာ္တို႔အားလုံး လုပ္ေနၾကသလိုမ်ိဳးေပါ့” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

ေနာက္ထပ္ “အရာရာတိုင္းက ေျပာင္းလဲေနၿပီး ကၽြန္ေတာ္တို႔ေတြလည္း ကၽြန္ေတာ္တို႔ရဲ႕ဘဝေတြထဲ ေရွ႕ဆက္ေနၾကရတယ္။ အခ်ိန္ေတြကလည္း ေျပာင္းလဲေနတယ္။ ၿပီးေတာ့ ဒါက ကၽြန္ေတာ္ဒီသီခ်င္းေရးတဲ့ အခ်ိန္မွာေတြးေနခဲ့မိတဲ့ အရာပါ” လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ေဇန္း နဲ႔ ဂ်ီဂ်ီတို႔ဟာ ၂၀၁၅ ခုႏွစ္မွာ စတင္ဒိတ္လုပ္ခဲ့ၾကတာျဖစ္ပါတယ္။ ဂ်ီဂ်ီ ကေတာ့ ကိုဒီဆင္ပ္ဆန္ (Cody Simpson) နဲ႔ ၂၀၁၃ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္ထိ ႏွစ္ႏွစ္ၾကာလက္တြဲခဲ့ဖူးၿပီး ဂ်ိဳး ဂ်ိဳနက္စ္ (Joe Jonas) နဲ႔လည္း လအနည္းငယ္ၾကာ ဒိတ္လုပ္ခဲ့ဖူးပါတယ္။ ေဇန္း ေနာက္ဆုံး ဒိတ္လုပ္ခဲ့တဲ့သူကေတာ့ Little Mix’ အဖြဲ႕ဝင္ ပယ္ရီ အက္ဒ္ဝါ့ဒ္ (Perrie Edwards) ျဖစ္ပါတယ္။

Unicodeဖြင့်ဖတ်ရန်

ဇေန်း မဲလစ်ခ်နဲ့ ဂျီဂျီ ဟက်ဒစ် တို့နှစ်ယောက်ကတော့ ပြန်ပေါင်းထုပ်နေကြပါပြီ။ ဟုတ်ပါတယ် ….. ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့လည်က နယူးယောခ့် (New York) လမ်းလယ်တစ်နေရာမှာ ဇေန်း မဲလစ်ခ် နဲ့ ဂျီဂျီ ဟက်ဒစ် တို့နှစ်ယောက် အရူးအမူးအနမ်းတွေ ခြွေနေခဲ့ကြတာဖြစ်ပါတယ်။

ဆိုဟို (Soho) လမ်းတစ်လျှောက် အတူတူလျှောက်လာခဲ့ရင်းနဲ့မှ စတားဘက်ခ့် (Starbucks) ကော်ဖီခွက်လေးကိုင်ဆောင်ထားရင်း နံခြံကိုကျောမီထားတဲ့ ဂျီဂျီ ကို ဇေန်း တစ်ယောက် အနမ်းတွေခြွေလိုက်တာလည်း ဖြစ်ပါတယ်။

ဂျီဂျီ ကတော့ ကျားသစ်ကွက် ဘွတ်ဖိနပ်၊ နေကာမျက်မှန်၊ အပေါက်ပါတဲ့ ဂျင်းရှည် နဲ့ အနက်ရောင်အပေါ်ဝတ်အကျႌပေါ်က ဘလေဇာကုတ်ကိုဝတ်ဆင်ထားရင်း အရမ်းကိုလန်းနေပါတယ်။ ဇေန်းကလည်း သူရဲ့လည်ပင်းတက်တူးတွေအပြင် အနီရောင်ခေါင်းစွပ်အကျႌပေါ်က အနက်ရောင်ဂျက်ကင်ကိုဝတ်ဆင်ထားပြီး ဂူချီ (Gucci) ဘရန်းကြိုးလွယ်အိတ်ကို လွယ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက သူတို့အတွဲရဲ့ ကောလဟာလတွေ တော်တော်လေးပျံ့နှံ့သွားခဲ့ပေမဲ့ အားကျစရာကောင်းလှတဲ့ သူတို့နှစ်ဦးပြန်လည်ပေါင်းထုပ်နေကြပြီပဲ ဖြစ်ပါတယ်။ ယမန်နေ့ ဗုဒ္ဓဟူးနေ့ကဆိုရင်လည်း ဇေန်း တစ်ယောက် ဂျီဂျီ ရဲ့ NYC တိုက်ခန်းကနေထွက်လာခဲ့တာပါ။ ဇေန်း က သူ့ရဲ့သီချင်းသစ်ကို ဆိုရှယ်မီဒီယာပေါ် တင်တဲ့အခါမှာလည်း ဂျီဂျီ က လိုက်ခ့် (like) ပေးထားခဲ့တာဖြစ်ပြီး One Direction အဖွဲ့ဝင်တစ်ဦးကနေပြီးတော့လည်း ဇေန်း ရဲ့ အသစ်ထွက်ရှိထားတဲ့ ‘Let Me’ သီချင်းဟာ ဂျီဂျီ အတွက်ဖြစ်ကြောင်း အစီအစဉ်တင်ဆက်သူ ရမ်စီဂရက်စ် (Ryan Seacrest) ကိုပြောကြားခဲ့ပါတယ်။

ဇေန်း ဟာ အဆိုပါ ‘Let Me’ သီချင်းကို ဂျီဂျီ (Gigi) နဲ့တွဲနေစဉ်အတွင်းမှာပဲရေးသားခဲ့တာဖြစ်ပြီး ကစ် FM (Kiss FM) ကိုတော့ အဲ့ဒီအချိန်တုန်းက သူ့အနေနဲ့အချစ်မှာ အရမ်းကြီး မနစ်မျောသေးကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဇေန်း က “ကျွန်တော့်ရဲ့ ကျန်ရှိနေတဲ့ဘဝနဲ့ သူ့ရဲ့ကျန်တဲ့ဘဝအစိတ်အပိုင်းတွေမှာ ကျွန်တော်ချစ်ရတဲ့ တစ်စုံတယောက်နဲ့ အဲ့ဒီအချစ်ထဲစီးမျောကြည့်ချင်တယ်။ ကျွန်တော်တို့အားလုံး လုပ်နေကြသလိုမျိုးပေါ့” ဆိုပြီး ပြောကြားခဲ့ပါတယ်။

နောက်ထပ် “အရာရာတိုင်းက ပြောင်းလဲနေပြီး ကျွန်တော်တို့တွေလည်း ကျွန်တော်တို့ရဲ့ဘဝတွေထဲ ရှေ့ဆက်နေကြရတယ်။ အချိန်တွေကလည်း ပြောင်းလဲနေတယ်။ ပြီးတော့ ဒါက ကျွန်တော်ဒီသီချင်းရေးတဲ့ အချိန်မှာတွေးနေခဲ့မိတဲ့ အရာပါ” လို့လည်း ပြောကြားခဲ့ပါတယ်။

ဇေန်း နဲ့ ဂျီဂျီတို့ဟာ ၂၀၁၅ ခုနှစ်မှာ စတင်ဒိတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဂျီဂျီ ကတော့ ကိုဒီဆင်ပ်ဆန် (Cody Simpson) နဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ နှစ်နှစ်ကြာလက်တွဲခဲ့ဖူးပြီး ဂျိုး ဂျိုနက်စ် (Joe Jonas) နဲ့လည်း လအနည်းငယ်ကြာ ဒိတ်လုပ်ခဲ့ဖူးပါတယ်။ ဇေန်း နောက်ဆုံး ဒိတ်လုပ်ခဲ့တဲ့သူကတော့ Little Mix’ အဖွဲ့ဝင် ပယ်ရီ အက်ဒ်ဝါ့ဒ် (Perrie Edwards) ဖြစ်ပါတယ်။
Ref: World Music Awards

Credit: Po Mo Htoo Aung (႐ိုးရာေလး)