Zawgyi ျဖင့္ဖတ္၇န္

၂၀၁၈ ၾကားျဖတ္ေရႊးေကာက္ပြဲ လာမယ့္ ႏို၀င္ဘာလ ၃ ရက္ေန႔မွာ က်င္းပသြားမွာ ျဖစ္ၿပီး လႊတ္ေတာ္အသီးသီးမွာ လစ္လပ္ေနတဲ့ လႊတ္ေတာ္ကုိယ္စားလွယ္ေနရာ ၁၃ ေနရာအတြက္ ေရႊးခ်ယ္တင္ေျမွာက္သြားမယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ေမလ ၈ ရက္ေန႔မွာ ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။

အခုျပဳလုပ္မယ့္ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ျပည္သူ႔လႊတ္ေတာ္ ၄ ေနရာ၊ အမ်ဳိးသားလႊတ္ေတာ္ ၁ ေနရာ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ ၈ ေနရာ အပါအ၀င္ စုစုေပါင္း ၁၃ ေနရာအတြက္ ေရြးေကာက္ပြဲက်င္းပမွာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ၾကားျဖတ္ေရြးေကာက္ပြဲက်င္းပမယ့္ လစ္လပ္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ေတြက ကန္ပက္လက္၊ လဲခ်ား၊ တာေမြနဲ႔ ျမင္းၿခံၿမဳိ႕နယ္တို႔ျဖစ္ၾကၿပီး လစ္လပ္ အမ်ဳိးသားလႊတ္ေတာ္ မဲဆႏၵနယ္က ကခ်င္ျပည္နယ္ အမ်ဳိးသားလႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ ၂ ျမစ္ႀကီးနား ျဖစ္တယ္လို႔ သိရပါတယ္။

လစ္လပ္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ေတြကေတာ့ မတူပီၿမဳိ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁၊ တမူးမဲဆႏၵနယ္ အမွတ္ ၂၊ အုတ္တြင္းမဲဆႏၵနယ္ အမွတ္ ၁၊ သပိတ္က်င္းမဲဆႏၵနယ္ အမွတ္ ၁၊ ရေသ့ေတာင္မဲဆႏၵနယ္ အမွတ္ ၂၊ မင္းဘူးမဲဆႏၵနယ္ အမွတ္ ၂၊ ဆိပ္ကမ္းမဲဆႏၵနယ္ အမွတ္ ၂ နဲ႔ မႏၱေလးတိုင္းအတြက္ ရွမ္းတိုင္းရင္းသားလူမ်ဳိး မဲဆႏၵနယ္တို႔ ျဖစ္ပါတယ္။
Unicodeဖြင့်ဖတ်ရန်
၂၀၁၈ ကြားဖြတ်ရွှေးကောက်ပွဲ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပြီး လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာအတွက် ရွှေးချယ်တင်မြှောက်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၈ နေရာ အပါအဝင် စုစုပေါင်း ၁၃ နေရာအတွက် ရွေးကောက်ပွဲကျင်းပမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေက ကန်ပက်လက်၊ လဲချား၊ တာမွေနဲ့ မြင်းခြံမြို့နယ်တို့ဖြစ်ကြပြီး လစ်လပ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်က ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မြစ်ကြီးနား ဖြစ်တယ်လို့ သိရပါတယ်။

လစ်လပ် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေကတော့ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ တမူးမဲဆန္ဒနယ် အမှတ် ၂၊ အုတ်တွင်းမဲဆန္ဒနယ် အမှတ် ၁၊ သပိတ်ကျင်းမဲဆန္ဒနယ် အမှတ် ၁၊ ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂၊ မင်းဘူးမဲဆန္ဒနယ် အမှတ် ၂၊ ဆိပ်ကမ်းမဲဆန္ဒနယ် အမှတ် ၂ နဲ့ မန္တလေးတိုင်းအတွက် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ ဖြစ်ပါတယ်။
Source : Union Election
Credit: Duwun