Zawgyi ဖြင့်ဖတ်၇န်

အ​ဖေ











Image may contain: 2 people, people sitting
..သမီး..အ​ဖေ့မှာချင်းကိစ္စ အမျိုးဘာသာကိစ္စ






IImage may contain: 1 person, flower





အ​ဖေ့ အသိ​တေ ​ဆွေမျိုး​တွေ









ဘွဲ့ ရပညာတတ်​​တွေဖြစ်​​အောင်​Image may contain: 1 person, hat

လုပ်​​ပေးခဲ့တယ်​အ​ဖေ


သွေးမ​တော်​သားမစပ်​တဲ့




အနားမယူပဲ အမျိုးဘာသာသာသနာအတွက်

အ​ဖေလုပ်​ခဲ့တယ်​ ချင်းလူမျိုး​တွေအတွက်






အ​ဖေ့လို ကိုယ်​ကျိုးမဖက်​ သူများအကျိုး​ဆောင်​ရွက်​တယ်



ရင်​ထုမနာပါပဲ အ​ဖေရယ်






သမီးလတ်​က ​ကျောင်းဆရာမ











ပါရမီဖြည့်​ရရှာတာ…




ဘာသာသနာအကျိုး​ဆောင်​ရွက်​တယ်


ချင်းစာ​ပေအကျိုး​ဆောင်​ရွက်​တယ်

(.ချင်းဆရာကြီး)




သူတပါးအကျိုးယုတ်​​အောင်​ဘာဆိုဘာမှမလုပ်​ဖူးတဲ့ငါတို့အ​ဖေ


စက်​ဘီး ​လေးတစ်​စီးနဲ့


အလုပ်​​လျှောက်​​ပေး


သွားလိုက်​ရပြန်​ပီ


သွားလိုက်​ပြန်​ပီ























Image may contain: one or more people and people sitting















Unicodeဖြင့်ဖတ်ရန်

အဖေ

သေပန်းလှတယ်လို့ပြောရမလားအဖေ..

ကတ်ကြေးနဲ့မသေမချင်းအချက်၂၀ကျော်ထိုးခံခဲ့ရတာတောင်.

အဖေ့မျက်နှာလေးကြည်လင်လှချည်လား..

ပြုံးပြုံးလေးကြည့်နေရှာတာ.

ဘာလဲ.. အဖေချစ်တဲ့တပည့်မို့

ရုန်းမရတဲ့အဆုံး လှဦး မင်းလုပ်ချင်သလိုလုပ်ကွာဆိုp

မေတ္တာထားလိုက်တာမလားအဖေ..

လှဦးရာမင်းလုပ်ရက်တယ်ကွာ.လို့တွေးရင်း

အဖေ့တပည့်အပေါ် အပြစ်တောင်မမြင်ပဲ

အဖေသမီးတို့ကိုနှုတ်ဆက်သွားတာမလား

Image may contain: 1 person, flower
..သမီး..အဖေ့မှာချင်းကိစ္စ အမျိူ းဘာသာကိစ္စ

ရှေ့ဆက်ရမဲ့ခရီးတေအများကြီးကျန်သေးတယ်တဲ့..

သမီးက အဖေ့နောက်ကလိုက်နော်တဲ့…

အဖေအနားယူရင် သမီးကဦးဆောင်ရမာတဲ့..

အဖေဖြစ်စေချင်တဲ့ အရှိုချင်းတိုင်းရင်းသားဘာသာဆရာမ

သမီးမလုပ်ချင်လဲ လုပ်ခဲ့တယ်အဖေ

Image may contain: 1 person, hat
သမီးဘဝမှာအဖေ့အတွက် အဖေအဖြစ်စေချင်ဆုံးအလုပ်ကို

လုပ်ခဲ့လို့ ကိုယ့်ကိုယ်ကိုကျေနပ်မိပါတယ် အဖေ

အဖေ့ဈာပန လူတွေအများကြီးလာကြတယ်အဖေ

အဖေ့ ကျောင်းတုန်းကတပည့်တွေ

အဖေ့ တပည့်ချင်းဆရာ ဆရာမတွေ

အဖေ့ အသိတေ ဆွေမျိူ းတွေ

အဖေ လေးစားတဲ့ ဦးနန္ဒမာလာလဲ ကြွလာတယ်အဖေ

Image may contain: 5 people, people smiling, people standing and outdoor
အဖေ ကောင်းကင်ပေါ်ကကြည့်နေတယ်မလား

အဖေ့တပည့်တွေ အဖေ့သားသမီးတွေငိုလို့

အဖေ စိတ်မဆင်းရဲပါနဲ့အဖေ

အဖေ့ကို ချစ်တဲ့စိတ်နဲ့ငိုကြတာပါအဖေ

ခုအဖေ အနားယူလိုက်တော့နော်အဖေ

ကျောင်းဆရာဘဝနဲ့ သားသမီး၅ယောက်ကို

လူတလုံးသူတလုံးဖြစ်အောင်

ဘွဲ့ရပညာတတ်တွေဖြစ်အောင်

လုပ်ပေးခဲ့တယ်အဖေ

Image may contain: 4 people, people standing and child
အဖေကသမီးတို့မောင်နှမတွေအပေါ်တင်မဟုတ်ဘူး

သွေးမတော်သားမစပ်တဲ့

အဖေ့ ချင်းတပည့်တွေကိုလဲ

အလုပ်ရအောင် အဖေကြိုးပမ်းခဲ့တယ်

ကျောင်းဆရာအလုပ်က ပင်စင်ယူပီး

အနားမယူပဲ အမျိူ းဘာသာသာသနာအတွက်

အဖေလုပ်ခဲ့တယ် ချင်းလူမျိူ းတွေအတွက်

ချင်းစာတတ်အောင်သင်ပေးခဲ့တယ်

Image may contain: 5 people, people standing
အဖေ့တပည့်တွေက ပြောတယ်

ဆရာကြီးက ဒုတိယဗိုလ်ချူ ပ်တဲ့

သမီးအာ့လိုကြီးမတင်စားချင်ပေမဲ့

အဖေ့အဖြစ်အပျက်က တူနေလေရဲ့

အဖေ့လို ကိုယ်ကျိူ းမဖက် သူများအကျိူ းဆောင်ရွက်တယ်

အဖေသားလိုအားထားရတဲ့တပည့်က

ခုလိုလုပ်ရပ်တေလုပ်သွားတယ်

ရင်ထုမနာပါပဲ အဖေရယ်

Image may contain: 1 person, smiling, standing
သမီးဒီနှစ်ဘွဲ့ရရင် အဖေနဲ့အတူဘွဲ့တက်ယူမယ်တွေးထားတာ

အိမ်မက်ဖြစ်သွားပီ အဖေရဲ့

အဖေ့အသိ သူငယ်ချင်းတွေနဲ့တွေ့ရင်

ကျွန်တော့်သားကြီးက လက်သမားဆရာခေါင်းဆောင်

သမီးကြီးက သူ့အိမ်ထောင်နဲ့သူ

သမီးလတ်က ကျောင်းဆရာမ

သားငယ်ကလဲ ကျောင်းဆရာလေးပဲ

ကျွန်တော်သမီးအငယ်ဆုံးလေးလေ

တအားဆိုးတာ အငယ်ဆုံးဆိုတော့..

ခုချင်းဆရာမလေးပေါ့ အဖေကြွားပြောခဲ့တာတွေ

အဖေ့တပည့်တေအိမ်လာရင် သမီးတို့ကိုအဖေမေ့ပီး

သူတို့ကအဖေ့သားသမီးဖြစ်သွားတယ်မလားအဖေ

အစစအရာရာအဖေသူတို့အတွက်စိတ်ပူတယ်..

Image may contain: 1 person, standing and outdoor
အမေကလဲ အဖေ့ပါရမီဖြည့်ဖက်ကောင်းဖြစ်ခဲ့တယ်နော်

အဖေ့ချင်းတပည်တွေလာရင်

ချက်ဟယ်ပြုတ်ဟယ် မမောနိုင်မပန်းနိုင်

ပါရမီဖြည့်ရရှာတာ…

ဒီအဖြစ်ပျက်တေကိုလည်း

အရင်ဘဝက ဝဋ်ကြွေးလို့ပဲ မှတ်ယူပါတယ်အဖေ

ခုဘဝမာ အဖေ ကံငါးပါးကိုလုံခြုံတယ်

ဘာသာသနာအကျိူ းဆောင်ရွက်တယ်

( ဓမ္မကျောင်းတော်ဆရာကြီး)(ဓမ္မစကူးလ်ဆရာကြီး)

ချင်းစာပေအကျိူ းဆောင်ရွက်တယ်

(.ချင်းဆရာကြီး)

မန်းရွှေစက်တော်ကမ္ဘာအေးချင်းဘုရားမှာ

(အတွင်းရေမှူ း) အဖေ့ဂုဏ်ပုဒ်တွေက အများကြီးပဲ

Image may contain: 12 people, people standing and outdoor
ဆေးလိပ် ကွမ်းယာ အရက် ဘာဆိုဘာမှမသုံးဖူးတဲ့ငါတို့အဖေ

သူတပါးအကျိူ းယုတ်အောင်ဘာဆိုဘာမှမလုပ်ဖူးတဲ့ငါတို့အဖေ

ဒီလိုလူမှကောင်းရာသုဂတိမလားရင် ဘယ်သူလားမလဲ…

စက်ဘီး လေးတစ်စီးနဲ့

မိတ္တူ ဆိုင်ကိုပြေး ချင်းဆရာ/မတွေအတွက်

အလုပ်လျှောက်ပေး

ပြည်မာ ချင်းကိစ္စအစည်းအဝေး

သွားလိုက်ရပြန်ပီ

Image may contain: 8 people
ဇီးတောမာလဲ အစည်းအဝေးတဲ့

သွားလိုက်ပြန်ပီ

မင်းဘူးမှာတဲ့ အစည်းအဝေးက

ဟော ရန်ကုန်/နေပြည်တော်

တနိုင်ငံလုံးနီးပါး အဖေ ပတ်နေတာ

တလလုံးမာအိမ်မာ အဖေရှိရက်က ၇ရက်လောက်ပဲ

အဖေတအားစိတ်ပင်ပန်းလူပင်ပန်းခဲ့ပီ

အဖေချစ်တဲ့ချင်းကိစ္စလုပ်ရင်းဘဝပြောင်းရလို့ပျော်နေတာမလားအဖေ

ခုအဖေ အေးအေးဆေးဆေးအနားယူပါ..

ချင်းကိစ္စအတွက်မပူပါနဲ့အဖေ..

Image may contain: 1 person, flower, plant and text
သမီးတယောက်လုံး အပြင် မမကြီး မမလေးတို့ရော..

အဖေ့ ချင်းဆရာမတေကရောပြန်လည်ထူထောင်မာပါအဖေ..

အဖေမရှိတော့လို့ စေတုတ္တရာမာအရှိုချင်းစာပေ.

ကွယ်ပျောက်မှာမဖြစ်စေရဘူးအဖေ..

အဖေ ချစ်မြတ်နိုးခဲ့တဲ့ ဒီအလုပ်

သမီးတို့တတွေ ဝိုင်းဝန်းလုပ်ဆောင်ကြမာအဖေ..

အဖေပျော်နေမာပါ စည်းလုံးကြလို့..

အဖေ သမီးတို့ဆီ အသက်ပြတ်တရားနာတုန်းက

လာသွားတာ သမီးသိတာပေါ့

သမီးအနားမှာမလား အဖေ့ချွေးနံ့ သမီးအလွတ်ရတယ်လေ

အဖေ သာဓုခေါ်ပီးသွားမှန်းသိတယ်

သမီးတို့ စိတ်မညစ်တော့ပါဘူး

အဖေကျွတ်လွတ်ပီမှန်းသိလို့

ကဲ..သမီးစကားနဲနဲများသွားတယ်

No automatic alt text available.
အဖေ့ သမီးကိုး ဟုတ်တယ်မလား

နိဂုံးချူ ပ်မယ်နော် ဆမိုလျင် ဆလိုင်းထွန်းရွှေ

မွေးတဲ့အချိန်ကစပီး ဘဝတပါးကူးပြောင်းချိန်အထိ..

အဖေသားသမီးတွေအပေါ် အဖေ့ဝတ္တရားကျေခဲ့တယ်..

အဖေ့တပည့်တေအပေါ် ဆရာ့ဝတ္တရားကျေခဲ့တယ်..

အဖေ လူတေအပေါ်လဲတာဝန်ကျေခဲ့တယ်..

ခုအဖေ့ဘဝကြီးအေးချမ်းသွားပြီ သမီးတို့လဲ မငိုအားတော့ဘူးအဖေ

အဖေ့လုပ်မဲ့ကိစ္စတွေ အတွက်သမီးတို့လုပ်ရတော့မယ်

အဖေ့လို နေ့မအားညမအားလုပ်ပါ့မယ်

ချင်းစာတွေသင်နေရင်း အဖေ့ကိုသတိရနေမယ်..

Image may contain: 3 people
အဖေ့တပည့်တွေလဲ သတိရကြမာ..

လူသာသေပီးနာမည်မသေတဲ့ငါတို့အဖေ

သမီးဘဝမှာ ခုလိုဂုဏ်ယူစရာအဖေကို

အဖေတော်ခဲ့ရတယ် သမီးဒီဘဝတင်မဟုတ်ဘူး

နောက်ဘဝတွေရှိရင် အဖေနဲ့သမီးဘဝပြန်ဆုံကြမယ်နော်

အဖေ့ကို ချစ်တဲ့ သမီးငယ်…..

Credit: Source-Nan Yadanar Htun