ZawGyiျဖင့္ဖတ္ရန္

ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ဥပေဒျဖင့္ တရားစြဲခံထားရသည့္ Reuters သတင္းေထာက္ႏွစ္ဦး၏ ဖုန္းထဲမွ စာ႐ြက္ စာတမ္းအခ်ိဳ႕အား ထိပ္တန္းလွ်ိဳ႕ဝွက္ဟု တရားလိုျပသက္ေသ ရဲမႉး ေအာင္ေက်ာ္ဆန္း က ထြက္ဆိုၿပီးေနာက္ သက္ေသခံ အျဖစ္ တရား႐ုံးမွ လက္ခံရန္ တရားလိုေရွ႕ေနက ယေန႔ေမလ ၂၁ ရက္ေန႔႐ုံးခ်ိန္းတြင္ တင္ျပသည္။

သက္ေသခံအျဖစ္တင္ျပခဲ့သည့္ စာ႐ြက္စာတမ္း ၂၁ ႐ြက္တြင္ ရခိုင္ျပည္နယ္ အတြင္း စီမံကိန္းအခ်ိဳ႕ႏွင့္ပတ္သက္ သည့္ ထုတ္ျပန္ခ်က္၊ ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္ ရာထူးတိုး ထုတ္ျပန္ခ်က္၊ ပုပ္ရဟန္းမင္းႀကီး လာေရာက္စဥ္ ခရီးစဥ္ လမ္းေၾကာင္း ထုတ္ျပန္ခ်က္ႏွင့္ လႊတ္ေတာ္ထုတ္ျပန္ခ်က္မ်ား ပါဝင္ၿပီး Reuters ၏ေရွ႕ေနမွ သက္ေသခံဥပေဒ ႏွင့္ မညီဟုဆိုကာ တင္ျပခ်က္ကို ကန႔္ကြက္ခဲ့သည္။

Reuters သတင္းေထာက္ ႏွစ္ဦး၏ ေရွ႕ေန ဦးသန္းေဇာ္ေအာင္ က “က်ေနာ့အမႈသည္ေတြ ေျပာျပခ်က္အရ ဒီအခ်က္ အလက္ေတြထဲက တခ်ိဳ႕ဟာေတြက သူတို႔ေတာင္မသိဘူး၊ ဒါေတြကို အထူးထိပ္တန္း လွ်ိဳ႕ဝွက္ေတြပါ ဆိုၿပီးေတာ့ သက္ေသခံသြင္းၿပီး အမႈခိုင္မာေအာင္ ႀကိဳးစားလာတဲ့သေဘာေပါ့” ဟု ေျပာသည္။

ယေန႔တရားခြင္သို႔ တရားလိုျပသက္ေသအျဖစ္ လာေရာက္ထြက္ဆိုခဲ့သည့္ ရဲမႉး ေအာင္ေက်ာ္ဆန္းသည္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ နည္းပညာမႈခင္းဌာနမွ ျဖစ္ၿပီး သတင္းေထာက္ႏွစ္ဦး၏ ဖုန္းမ်ားကို ေနျပည္ေတာ္တြင္ ယူေဆာင္စစ္ေဆးခဲ့ျခင္းျဖစ္သည္။

၎၏ ထြက္ဆိုခ်က္မ်ားတြင္ ဖမ္းဆီးခံသတင္းေထာက္ႏွစ္ဦး ေဖာ္ထုတ္ခဲ့သည့္ အင္းဒင္ကိစၥႏွင့္ ပတ္သက္သည့္ စာ႐ြက္စာတမ္းမ်ား မပါဝင္ခဲ့ဘဲ ထြက္ဆိုခ်က္ အားလုံးသည္ အေျပာသာရွိၿပီး ခိုင္လုံသည့္ သက္ေသျပရန္ လိုအပ္ေၾကာင္း လည္း Reuters ၏ေရွ႕ေနမ်ားကေျပာသည္။

Reuters သတင္းေထာက္ႏွစ္ဦး၏ ေရွ႕ေန ဦးခင္ေမာင္ေဇာ္ က “သက္ေသခံ ဥပေဒနဲ႔ မညီဘူးဗ်ာ၊ မူရင္နဲ႔ တိုက္ဆိုင္ၿပီးမွ စစ္ေဆးရမယ္” ဟု ေျပာသည္။

ယေန႔ ႐ုံးထုတ္လာသည့္ Reuters သတင္းေထာက္ (ဓာတ္ပုံ – မ်ိဳးမင္းစိုး၊ ဧရာဝတီ)
တရား႐ုံးအေနျဖင့္ တရားလိုသက္ေသ ထြက္ဆိုခဲ့သည့္ စာ႐ြက္စာတမ္း ၂၁ ႐ြက္အား သက္ေသခံ တင္ျပမႈကိုဖုန္းထဲမွ အခ်က္အလက္မ်ားႏွင့္ တိုက္ဆိုင္စစ္ေဆးႏိုင္ေၾကာင္း ေျပာၾကားခဲ့ေသာ္လည္း ၎တယ္လီဖုန္းမ်ားမွာ အားကုန္ေနသျဖင့္ မနက္ျဖန္ ေမလ ၂၂ ရက္ေန႔ ႐ုံးခ်ိန္းတြင္ တိုင္ဆိုင္စစ္ေဆးကာ သက္ေသခံ တင္ျပမႈကိုလက္ခံ၊ မခံ ဆုံးျဖတ္မည္ျဖစ္ေၾကာင္း သိရသည္။

တရားလိုျပသက္ေသ ရဲမႉး၏ ထြက္ဆိုခ်က္မ်ားတြင္ ၎တို႔စစ္ေၾကာေရး၌ ရွိေနစဥ္ ေျပာၾကားမႈမ်ားႏွင့္ အင္းဒင္ လူသတ္မႈ ကိစၥမ်ားအား တင္ျပခဲ့ျခင္းမရွိဘဲ ၎တို႔သိရွိထားျခင္းမရွိသည့္ စာ႐ြက္စာတမ္းမ်ားအား တင္ျပလာျခင္းသည္ တရားစြဲဆိုထားသည့္ ပုဒ္မႏွင့္ မၿငိ၊ ၿငိေအာင္လုပ္ေနသည့္ အေနအထားမ်ိဳးကို သံသယဝင္မိေၾကာင္း သတင္းေထာက္ ကိုဝလုံးကေျပာသည္။

သတင္းေထာက္ႏွစ္ဦး၏ ဖုန္းအားစစ္ေဆးရာတြင္ ရဲတပ္ဖြဲ႕က အသုံးျပဳခဲ့သည့္ နည္းပညာဆိုင္ရာ ေဆာ့ဝဲလ္သည္ ႏိုင္ငံေပါင္း ၁၅၀ ခန႔္က လက္ခံသုံးစြဲေနသည့္ နည္းပညာတခုျဖစ္ၿပီး ၎အေနျဖင့္ တက္ေရာက္ခဲ့ဖူးသည့္ နည္းပညာ ဆိုင္ရာ သင္တန္း၊ အလုပ္႐ုံးေဆြးေႏြးပြဲမ်ားႏွင့္ ပတ္သက္၍လည္း ရဲမႉးေအာင္ေက်ာ္ဆန္းက တရားခြင္အတြင္း တနာရီခန႔္ တင္ျပခဲ့သည္။

Reuters သတင္းေထာက္ ကိုဝလုံးႏွင့္ ကိုေက်ာ္စိုးဦးတို႔သည္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္ေန႔ညပိုင္းက ဒုတပ္ၾကပ္ ႏိုင္လင္းႏွင့္ မဂၤလာဒုံၿမိဳ႕နယ္ရွိ စားေသာက္ဆိုင္တခုသို႔ သြားေရာက္ေတြ႕ဆုံၿပီး ဆိုင္မွပန္အထြက္တြင္ ရခိုင္အေရး လွ်ိဳ႕ဝွက္ စာ႐ြက္စာတမ္းမ်ား လက္ဝယ္ေတြ႕ရွိသည္ဟုဆိုကာ ႏိုင္ငံေတာ္အစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒပုဒ္မ ၃(၁)(ဂ) ျဖင့္ တရားစြဲဆိုခံေနရျခင္း ျဖစ္သည္။

ဒုတပ္ၾကပ္ႏိုင္လင္းအေနျဖင့္ ၎တို႔အား စာ႐ြက္ေပးသူျဖစ္ေၾကာင္း ဖမ္းဆီးခံ သတင္းေထာက္မ်ားက ေျပာဆိုၾက ေသာ္လည္း ၿပီးခဲ့သည္ ေမလ ၁၆ ရက္ေန႔႐ုံးခ်ိန္းတြင္ သတင္းေထာက္ ကိုဝလုံးအား မည္သည့္စာ႐ြက္ စာတမ္းမွ မေပးခဲ့ေၾကာင္း ဒုတပ္ၾကပ္ႏိုင္လင္း က ထြက္ဆိုခဲ့သည္။

အမႈတြင္ သတင္းေထာက္မ်ားအား ရခိုင္ကိစၥသတင္း ေျဖၾကားသည္ဟု ဆိုကာ ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္ႏွင့္ တပ္ၾကပ္ႀကီး ခင္ေမာင္လင္းတို႔ ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒျဖင့္ အေရးယူခဲ့ရသည္။

၎တို႔ႏွစ္ဦးထဲမွ ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္မွာ ဧၿပီ ၂၀ ရက္ေန႔ ႐ုံးခ်ိန္းတြင္ ရဲမႉးခ်ဳပ္ တင္ကိုကို၏ ဦးစီးမႈျဖင့္ ဒုတပ္ၾကပ္ ႏိုင္လင္းမွ ကိုဝလုံးထံ စာ႐ြက္သြားေရာက္ ေပးေစကာ အမႈဆင္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ့ၿပီး ထိုသို႔ထြက္ဆိုၿပီး ၅ ရက္အၾကားတြင္ ၎အေနျဖင့္ ေထာင္ဒဏ္ ၁ ႏွစ္ခ်မွတ္ခံခဲ့ရသည္။

တရားလိုျပသက္ေသစာရင္းတြင္ ပါဝင္ေနသည့္ တပ္ၾကပ္ႀကီး ခင္ေမာင္လင္း အား ရာထူးမွ အၿပီးတိုင္ ထုတ္ပယ္ခဲ့ၿပီးျဖစ္ေၾကာင္း ရဲမႈခင္းဌာနက တရားခြင္အတြင္း ေျပာဆိုထားေသာ္လည္း သက္ေသထြက္ဆိုေပးရန္ အတြက္ လက္ရွိမည္သည့္ေနရာတြင္ရွိေနသည္ကို မသိေၾကာင္းလည္း ေျပာဆိုခဲ့သည္။

UniCodeဖြင့်ဖတ်ရန်
နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံထားရသည့် Reuters သတင်းထောက်နှစ်ဦး၏ ဖုန်းထဲမှ စာရွက် စာတမ်းအချို့အား ထိပ်တန်းလျှို့ဝှက်ဟု တရားလိုပြသက်သေ ရဲမှူး အောင်ကျော်ဆန်း က ထွက်ဆိုပြီးနောက် သက်သေခံ အဖြစ် တရားရုံးမှ လက်ခံရန် တရားလိုရှေ့နေက ယနေ့မေလ ၂၁ ရက်နေ့ရုံးချိန်းတွင် တင်ပြသည်။

သက်သေခံအဖြစ်တင်ပြခဲ့သည့် စာရွက်စာတမ်း ၂၁ ရွက်တွင် ရခိုင်ပြည်နယ် အတွင်း စီမံကိန်းအချို့နှင့်ပတ်သက် သည့် ထုတ်ပြန်ချက်၊ ဒုရဲမှူးဟောင်း မိုးရန်နိုင် ရာထူးတိုး ထုတ်ပြန်ချက်၊ ပုပ်ရဟန်းမင်းကြီး လာရောက်စဉ် ခရီးစဉ် လမ်းကြောင်း ထုတ်ပြန်ချက်နှင့် လွှတ်တော်ထုတ်ပြန်ချက်များ ပါဝင်ပြီး Reuters ၏ရှေ့နေမှ သက်သေခံဥပဒေ နှင့် မညီဟုဆိုကာ တင်ပြချက်ကို ကန့်ကွက်ခဲ့သည်။

Reuters သတင်းထောက် နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင် က “ကျနော့အမှုသည်တွေ ပြောပြချက်အရ ဒီအချက် အလက်တွေထဲက တချို့ဟာတွေက သူတို့တောင်မသိဘူး၊ ဒါတွေကို အထူးထိပ်တန်း လျှို့ဝှက်တွေပါ ဆိုပြီးတော့ သက်သေခံသွင်းပြီး အမှုခိုင်မာအောင် ကြိုးစားလာတဲ့သဘောပေါ့” ဟု ပြောသည်။

ယနေ့တရားခွင်သို့ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည့် ရဲမှူး အောင်ကျော်ဆန်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာနမှ ဖြစ်ပြီး သတင်းထောက်နှစ်ဦး၏ ဖုန်းများကို နေပြည်တော်တွင် ယူဆောင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

၎င်း၏ ထွက်ဆိုချက်များတွင် ဖမ်းဆီးခံသတင်းထောက်နှစ်ဦး ဖော်ထုတ်ခဲ့သည့် အင်းဒင်ကိစ္စနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ မပါဝင်ခဲ့ဘဲ ထွက်ဆိုချက် အားလုံးသည် အပြောသာရှိပြီး ခိုင်လုံသည့် သက်သေပြရန် လိုအပ်ကြောင်း လည်း Reuters ၏ရှေ့နေများကပြောသည်။

Reuters သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးခင်မောင်ဇော် က “သက်သေခံ ဥပဒေနဲ့ မညီဘူးဗျာ၊ မူရင်နဲ့ တိုက်ဆိုင်ပြီးမှ စစ်ဆေးရမယ်” ဟု ပြောသည်။

ယနေ့ ရုံးထုတ်လာသည့် Reuters သတင်းထောက် (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)
တရားရုံးအနေဖြင့် တရားလိုသက်သေ ထွက်ဆိုခဲ့သည့် စာရွက်စာတမ်း ၂၁ ရွက်အား သက်သေခံ တင်ပြမှုကိုဖုန်းထဲမှ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ၎င်းတယ်လီဖုန်းများမှာ အားကုန်နေသဖြင့် မနက်ဖြန် မေလ ၂၂ ရက်နေ့ ရုံးချိန်းတွင် တိုင်ဆိုင်စစ်ဆေးကာ သက်သေခံ တင်ပြမှုကိုလက်ခံ၊ မခံ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

တရားလိုပြသက်သေ ရဲမှူး၏ ထွက်ဆိုချက်များတွင် ၎င်းတို့စစ်ကြောရေး၌ ရှိနေစဉ် ပြောကြားမှုများနှင့် အင်းဒင် လူသတ်မှု ကိစ္စများအား တင်ပြခဲ့ခြင်းမရှိဘဲ ၎င်းတို့သိရှိထားခြင်းမရှိသည့် စာရွက်စာတမ်းများအား တင်ပြလာခြင်းသည် တရားစွဲဆိုထားသည့် ပုဒ်မနှင့် မငြိ၊ ငြိအောင်လုပ်နေသည့် အနေအထားမျိုးကို သံသယဝင်မိကြောင်း သတင်းထောက် ကိုဝလုံးကပြောသည်။

သတင်းထောက်နှစ်ဦး၏ ဖုန်းအားစစ်ဆေးရာတွင် ရဲတပ်ဖွဲ့က အသုံးပြုခဲ့သည့် နည်းပညာဆိုင်ရာ ဆော့ဝဲလ်သည် နိုင်ငံပေါင်း ၁၅၀ ခန့်က လက်ခံသုံးစွဲနေသည့် နည်းပညာတခုဖြစ်ပြီး ၎င်းအနေဖြင့် တက်ရောက်ခဲ့ဖူးသည့် နည်းပညာ ဆိုင်ရာ သင်တန်း၊ အလုပ်ရုံးဆွေးနွေးပွဲများနှင့် ပတ်သက်၍လည်း ရဲမှူးအောင်ကျော်ဆန်းက တရားခွင်အတွင်း တနာရီခန့် တင်ပြခဲ့သည်။

Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက ဒုတပ်ကြပ် နိုင်လင်းနှင့် မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်တခုသို့ သွားရောက်တွေ့ဆုံပြီး ဆိုင်မှပန်အထွက်တွင် ရခိုင်အရေး လျှို့ဝှက် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ) ဖြင့် တရားစွဲဆိုခံနေရခြင်း ဖြစ်သည်။

ဒုတပ်ကြပ်နိုင်လင်းအနေဖြင့် ၎င်းတို့အား စာရွက်ပေးသူဖြစ်ကြောင်း ဖမ်းဆီးခံ သတင်းထောက်များက ပြောဆိုကြ သော်လည်း ပြီးခဲ့သည် မေလ ၁၆ ရက်နေ့ရုံးချိန်းတွင် သတင်းထောက် ကိုဝလုံးအား မည်သည့်စာရွက် စာတမ်းမှ မပေးခဲ့ကြောင်း ဒုတပ်ကြပ်နိုင်လင်း က ထွက်ဆိုခဲ့သည်။

အမှုတွင် သတင်းထောက်များအား ရခိုင်ကိစ္စသတင်း ဖြေကြားသည်ဟု ဆိုကာ ဒုရဲမှူးဟောင်း မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်းတို့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူခဲ့ရသည်။

၎င်းတို့နှစ်ဦးထဲမှ ဒုရဲမှူးဟောင်း မိုးရန်နိုင်မှာ ဧပြီ ၂၀ ရက်နေ့ ရုံးချိန်းတွင် ရဲမှူးချုပ် တင်ကိုကို၏ ဦးစီးမှုဖြင့် ဒုတပ်ကြပ် နိုင်လင်းမှ ကိုဝလုံးထံ စာရွက်သွားရောက် ပေးစေကာ အမှုဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ထိုသို့ထွက်ဆိုပြီး ၅ ရက်အကြားတွင် ၎င်းအနေဖြင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရသည်။

တရားလိုပြသက်သေစာရင်းတွင် ပါဝင်နေသည့် တပ်ကြပ်ကြီး ခင်မောင်လင်း အား ရာထူးမှ အပြီးတိုင် ထုတ်ပယ်ခဲ့ပြီးဖြစ်ကြောင်း ရဲမှုခင်းဌာနက တရားခွင်အတွင်း ပြောဆိုထားသော်လည်း သက်သေထွက်ဆိုပေးရန် အတွက် လက်ရှိမည်သည့်နေရာတွင်ရှိနေသည်ကို မသိကြောင်းလည်း ပြောဆိုခဲ့သည်။

Credit:burma.irrawaddy