n10
Zawgyi ဖြင့်ဖတ်၇န်
n1
n2
n3
n7
n4
n5
n6
Unicodeဖြင့်ဖတ်ရန်
ဒါကလဲ ၂၀၁၈ ရဲ့ Met Gala ပွဲက စ တာပါပဲ။ Stitches သီချင်းအဆိုရှင်လေး Shawn Mendes ဟာ ပရိတ်သတ် အစောတည်းက ထင်ပြီးသားဖြစ်တဲ့ Hailey Baldwin နဲ့ အတူတွဲပြီး ပွဲထုတ်ခဲ့ပါတယ်။ ကြည့်ရတာ သူတို့နှစ်ယောက်ရဲ့ပတ်သက်မူက သူငယ်ချင်းအဆင့်ထက်ပိုနေပြီဆိုတာ မြင်ရသူတိုင်း အကဲခတ်နိုင်ပါတယ်။
n1
အတွင်းလူတွေပြောပြချက်ဆို Hailey ဟာ Shawn ကိုကောင်းကောင်းရှာတွေ့ခဲ့သူဖြစ်ပြီး Shawn ကတော့ ရီးစားဟောင်းဂျက်စတင်ဘီဘာကို Hailey ရဲ့ဘဝထဲကမေ့သွားအောင် လုပ်နိုင်တဲ့တစ်ဦးတည်းသောသူဖြစ်တယ်လို့ သိရပါတယ်။ Hailey နဲ့ဂျက်စတင်တို့အကြောင်းက လဲ အရင်ကတော့ ဟိုလေးတစ်ကျော်ပါပဲ။ နောက်ပြီး ခက်ခဲတဲ့အချိန်တွေကိုလဲဖြတ်သန်းခဲ့ရပုံပါ။ အခုချိန်မှာတော့ Hailey ပျော်နေပုံရပါတယ်။ သူမကျော်ဖြတ်နိုင်ခဲ့ပြီပေါ့နော်။
n8
n9
Shawn နဲက Hailey တို့ဟာ သူငယ်ချင်းတွေထက်မပိုပါဘူး လို့ပိတ်ငြင်းနေတဲ့သူတွေအတွက်တော့ 2018 Met Gala ကိုနှစ်ယောက်သားအတူတူတွဲ တက်လိုက်တာဟာ ဘေးလူတွေရဲ့ ပါးစပ်ကိုပိတ်လိုက်သလိုပါပဲ။ ပွဲတက်လာသူတိုင်းရဲ့ အမြင်တွေအရတော့ Shawn ဟာ Hailey ရဲ့ဘေးကနေ ဂရုတစိုက်လေးလေးစားစားနဲ့ ဂါဝန်အရှည်ကြီးကို ကူမပေးတာတွေ တွဲရပ်ပေးတာတွေ တွေ့ခဲ့ရပါတယ်။ ဒီလို ဂရုစိုက်ကြင်နာနေပုံတွေကို ကြည့်ရင် ဒီကောင်မလေး Shawn ကိုကြွေသွားလောက်ပြီထင်ပါတယ်။
From MM