Related image

ZawGyiျဖင့္ဖတ္ရန္

ဟာသစာအုပ္သေဘာက်သူေတြ၊ စူပါဟီး႐ိုးဇာတ္ကားသေဘာက်သူေတြ အေနနဲ႔ သူတို႔သေဘာ က်တဲ့ဇာတ္ေကာင္နဲ႔ပတ္သက္ၿပီး လိုက္တုပဝတ္ဆင္တာက သဘာဝပါ။ ဒါေပမယ့္ တခ်ိဳ႕ေသာသူေတြကေတာ့ သူတို႔ သေဘာက်တဲ့ ဇာတ္ေကာင္နဲ႔ တူဖို႔အတြက္ ေဒၚလာေထာင္ေပါင္းမ်ားစြာ အကုန္အက်ခံၾကပါတယ္။
Kelantan က အသက္ (၂၁) ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Amirul Rizwan Musa ဆိုတဲ့ ေကာင္ေလးက Final Fantasy ပရိသတ္တေယာက္ျဖစ္သလို Squall Leonhart ဇာတ္ေကာင္ကို အလြန္သေဘာက် သူတစ္ဦးလည္းျဖစ္ပါတယ္။ သူက အလွအပအေၾကာင္းအႀကံေပးသူျဖစ္ေပမယ့္ သူ႔ရဲ႕ အသားအေရနဲ႔ ဝက္ၿခံျပည့္ႏွက္ေနတဲ့ မ်က္ႏွာတို႔ေၾကာင့္ အၿမဲတမ္း မေပ်ာ္မ႐ႊင္ျဖစ္ေနရသူပါ။ အဲဒါေၾကာင့္ သူ႔ရဲ႕ သေဘာအက်ဆုံးဇာတ္ေကာင္ Squall နဲ႔ ဆင္တူဖို႔အတြက္ အေမရိကန္ေဒၚလာ (၄၂၀၀၀) ဝန္းက်င္ အသုံးျပဳဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္ပါေတာ့တယ္။
သတင္းေတြအရေတာ့ လူမႈကြန္ရက္မွာ Miyyo Rizone လို႔ နာမည္ႀကီးေနတဲ့ Musa ဟာ (၂၀၁၄) ကေနစၿပီး မ်က္ႏွာခြဲစိတ္ျပဳျပင္မႈ (၂) ခုလုပ္ခဲ့ပါတယ္။ သူပထမဆုံး ခြဲစိတ္တုန္းက အသက္ (၁၇) ႏွစ္ပဲရွိပါေသးတယ္။ ဒုတိယအႀကိမ္ခြဲစိတ္မႈကိုေတာ့ (၂၀၁၇) တုန္းက လုပ္ခဲ့တာပါ။ သူ႔ရဲ႕ ခြဲစိတ္ျပဳျပင္ၿပီးသားပုံ အြန္လိုင္းမွာ ျပန႔္သြားၿပီးေနာက္မွာေတာ့ လူငယ္ေတြအတြက္ မေကာင္းတဲ့ ဥပမာတခုျဖစ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔အတူ ေဝဖန္တိုက္ခိုက္မႈေတြ အမ်ိဳးမ်ိဳး ခံရပါေတာ့တယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး Malaysian Digest နဲ႔ အင္တာဗ်ဴးမွာ Musa က “လူေတြက ကြၽန္ေတာ့္ကို အနားနားကိုလာၿပီးေတာ့ ပါ ကြၽန္တာ့္မ်က္ႏွာကို ေစာ္ေစာ္ကားကားေျပာၾကတာ။ ဒီလို မေကာင္းေျပာတာမ်ိဳးကို ကြာလာလမ္ပူမွာတင္မကဘူး။ Kelantan မွာပါ အြန္လိုင္းမွာတင္မကဘူး။ လမ္းေပၚမွာပါ ႀကဳံဖူးတယ္” ဆိုၿပီး ေျပာျပလာပါတယ္။

Musa ရဲ႕ ခြဲစိတ္မႈနဲ႔ပတ္သက္ၿပီး မေကာင္းေျပာၾကတာ သူနဲ႔ မသိတဲ့သူေတြတင္မကပါဘူး။ သူ႔ရဲ႕ ညီအကိုေမာင္ႏွမ ဝမ္းကြဲေတြကပါ ေနာက္ေနာက္ေျပာင္ေျပာင္ေတြေျပာၾကပါေသးတယ္။ ဒါေပမယ့္ သူ႔မိဘေတြကေတာ့ သူဘာလုပ္လုပ္ လက္ခံပါတယ္တဲ့။
လူမႈကြန္ရက္ေပၚက တိုက္ခိုက္မႈေတြကို သူ႔ကို ထိခိုက္ေစတာမဟုတ္ပါဘူး။ သူ႔ရဲ႕ ေဖာက္သည္အခ်ိဳ႕ပါ သူမ်က္ႏွာခြဲစိတ္ၿပီးကတည္းက သူနဲ႔ အဆက္အဆံမလုပ္ေတာ့ဘူးလို႔ Musa ကဖြင့္ေျပာလာပါတယ္။

ဒါေပမယ့္ Musa အတြက္ေတာ့ သူ႔အႀကိဳက္ဆုံး ဇာတ္ေကာင္နဲ႔တူေအာင္ ခြဲစိတ္ျပဳျပင္တာက လူငယ္ေတြအတြက္ ခြန္အားျဖစ္ေစဖို႔ ရည္႐ြယ္ခ်က္ရွိရွိနဲ႔တင္လုပ္ခဲ့တာမဟုတ္ပါဘူး။ “ကြၽန္ေတာ္ အသက္ (၁၆) ႏွစ္တုန္းက ေရေက်ာက္ေတြေပါက္ေတာ့ ကြၽန္ေတာ့္ အသားအေရေတြယိုယြင္း သြား႐ုံသာမကဘူး။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြလည္း ထိုးက်သြားတာ။ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္လည္း ရွက္မိတာေၾကာင့္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈတိုးလာေစဖို႔ ခြဲစိတ္ျပဳျပင္မႈလုပ္ဖို႔ ဆုံးျဖတ္ခဲ့တာပါ” ဆိုၿပီး သူ႔အခက္အခဲကို ဖြင့္ေျပာျပလာပါတယ္။

အခုေတာ့ သူ႔ရဲ႕ဆုံးျဖတ္ခ်က္အေပၚ လူေတြရဲ႕ အျပစ္တင္ေဝဖန္မႈေတြကို Musa တစ္ေယာက္ စိတ္ကုန္လို႔လာပါၿပီ။ အဲဒီအတြက္ “ လုံေလာက္ပါၿပီ အျပစ္တင္တာေတြ ေက်းဇူးျပဳၿပီးရပ္ေပးပါ။ ကြၽန္ေတာ့္အေျခအေနကို နားလည္ဖို႔ႀကိဳးစားပီး ဆဲဆိုေနတာေတြ ၊ သိကၡာမဲ့ေအာင္ ေျပာဆိုေနတာေတြရပ္ေပးပါ။ အဲဒါေတြဟာ အရမ္းကို စိတ္ဖိစီးစရာေကာင္းပါတယ္” ဆိုၿပီး ဖြင့္ေျပာလာပါတယ္။

Musa တစ္ေယာက္ ခြဲစိတ္မႈေတြ ဆက္ၿပီး လုပ္မလား၊ မလုပ္ဖူးလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။ ဒါေပမယ့္ လက္ရွိ႐ုပ္ရည္ကိုတာ့ သူက ေက်နပ္ေနပါတယ္တဲ့။ လူေတြရဲ႕ အျပစ္တင္ေဝဖန္မႈေတြစာ အလြန္အကြၽံပါပဲ။ ဒါေပမယ့္ Musa တစ္ေယာက္ ဒီမေကာင္းျမင္မႈေတြကို အခြင့္အေရးတခုအေနနဲ႔ အသုံးခ်ၿပီး သူ႔ရဲ႕ လုပ္ငန္းတိုးတက္ဖို႔ အေကာင္းဆုံးလုပ္ေနပါတယ္။

credit – MyanmarNote

UniCodeဖြင့်ဖတ်ရန်

မျက်နှာခွဲစိတ်မှုလုပ်ရတဲ့နောက်ကွယ်ကအကြောင်းကိုဖော်ထုတ်လိုက်တဲ့လူငယ်လေး

ဟာသစာအုပ်သဘောကျသူတွေ၊ စူပါဟီးရိုးဇာတ်ကားသဘောကျသူတွေ အနေနဲ့ သူတို့သဘော ကျတဲ့ဇာတ်ကောင်နဲ့ပတ်သက်ပြီး လိုက်တုပဝတ်ဆင်တာက သဘာဝပါ။ ဒါပေမယ့် တချို့သောသူတွေကတော့ သူတို့ သဘောကျတဲ့ ဇာတ်ကောင်နဲ့ တူဖို့အတွက် ဒေါ်လာထောင်ပေါင်းများစွာ အကုန်အကျခံကြပါတယ်။
Kelantan က အသက် (၂၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Amirul Rizwan Musa ဆိုတဲ့ ကောင်လေးက Final Fantasy ပရိသတ်တယောက်ဖြစ်သလို Squall Leonhart ဇာတ်ကောင်ကို အလွန်သဘောကျ သူတစ်ဦးလည်းဖြစ်ပါတယ်။ သူက အလှအပအကြောင်းအကြံပေးသူဖြစ်ပေမယ့် သူ့ရဲ့ အသားအရေနဲ့ ဝက်ခြံပြည့်နှက်နေတဲ့ မျက်နှာတို့ကြောင့် အမြဲတမ်း မပျော်မရွှင်ဖြစ်နေရသူပါ။ အဲဒါကြောင့် သူ့ရဲ့ သဘောအကျဆုံးဇာတ်ကောင် Squall နဲ့ ဆင်တူဖို့အတွက် အမေရိကန်ဒေါ်လာ (၄၂၀၀၀) ဝန်းကျင် အသုံးပြုဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။
သတင်းတွေအရတော့ လူမှုကွန်ရက်မှာ Miyyo Rizone လို့ နာမည်ကြီးနေတဲ့ Musa ဟာ (၂၀၁၄) ကနေစပြီး မျက်နှာခွဲစိတ်ပြုပြင်မှု (၂) ခုလုပ်ခဲ့ပါတယ်။ သူပထမဆုံး ခွဲစိတ်တုန်းက အသက် (၁၇) နှစ်ပဲရှိပါသေးတယ်။ ဒုတိယအကြိမ်ခွဲစိတ်မှုကိုတော့ (၂၀၁၇) တုန်းက လုပ်ခဲ့တာပါ။ သူ့ရဲ့ ခွဲစိတ်ပြုပြင်ပြီးသားပုံ အွန်လိုင်းမှာ ပြန့်သွားပြီးနောက်မှာတော့ လူငယ်တွေအတွက် မကောင်းတဲ့ ဥပမာတခုဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ဝေဖန်တိုက်ခိုက်မှုတွေ အမျိုးမျိုး ခံရပါတော့တယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး Malaysian Digest နဲ့ အင်တာဗျူးမှာ Musa က “လူတွေက ကျွန်တော့်ကို အနားနားကိုလာပြီးတော့ ပါ ကျွန်တာ့်မျက်နှာကို စော်စော်ကားကားပြောကြတာ။ ဒီလို မကောင်းပြောတာမျိုးကို ကွာလာလမ်ပူမှာတင်မကဘူး။ Kelantan မှာပါ အွန်လိုင်းမှာတင်မကဘူး။ လမ်းပေါ်မှာပါ ကြုံဖူးတယ်” ဆိုပြီး ပြောပြလာပါတယ်။

Musa ရဲ့ ခွဲစိတ်မှုနဲ့ပတ်သက်ပြီး မကောင်းပြောကြတာ သူနဲ့ မသိတဲ့သူတွေတင်မကပါဘူး။ သူ့ရဲ့ ညီအကိုမောင်နှမ ဝမ်းကွဲတွေကပါ နောက်နောက်ပြောင်ပြောင်တွေပြောကြပါသေးတယ်။ ဒါပေမယ့် သူ့မိဘတွေကတော့ သူဘာလုပ်လုပ် လက်ခံပါတယ်တဲ့။
လူမှုကွန်ရက်ပေါ်က တိုက်ခိုက်မှုတွေကို သူ့ကို ထိခိုက်စေတာမဟုတ်ပါဘူး။ သူ့ရဲ့ ဖောက်သည်အချို့ပါ သူမျက်နှာခွဲစိတ်ပြီးကတည်းက သူနဲ့ အဆက်အဆံမလုပ်တော့ဘူးလို့ Musa ကဖွင့်ပြောလာပါတယ်။

ဒါပေမယ့် Musa အတွက်တော့ သူ့အကြိုက်ဆုံး ဇာတ်ကောင်နဲ့တူအောင် ခွဲစိတ်ပြုပြင်တာက လူငယ်တွေအတွက် ခွန်အားဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့တင်လုပ်ခဲ့တာမဟုတ်ပါဘူး။ “ကျွန်တော် အသက် (၁၆) နှစ်တုန်းက ရေကျောက်တွေပေါက်တော့ ကျွန်တော့် အသားအရေတွေယိုယွင်း သွားရုံသာမကဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ထိုးကျသွားတာ။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ရှက်မိတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာစေဖို့ ခွဲစိတ်ပြုပြင်မှုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဆိုပြီး သူ့အခက်အခဲကို ဖွင့်ပြောပြလာပါတယ်။

အခုတော့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် လူတွေရဲ့ အပြစ်တင်ဝေဖန်မှုတွေကို Musa တစ်ယောက် စိတ်ကုန်လို့လာပါပြီ။ အဲဒီအတွက် “ လုံလောက်ပါပြီ အပြစ်တင်တာတွေ ကျေးဇူးပြုပြီးရပ်ပေးပါ။ ကျွန်တော့်အခြေအနေကို နားလည်ဖို့ကြိုးစားပီး ဆဲဆိုနေတာတွေ ၊ သိက္ခာမဲ့အောင် ပြောဆိုနေတာတွေရပ်ပေးပါ။ အဲဒါတွေဟာ အရမ်းကို စိတ်ဖိစီးစရာကောင်းပါတယ်” ဆိုပြီး ဖွင့်ပြောလာပါတယ်။

Musa တစ်ယောက် ခွဲစိတ်မှုတွေ ဆက်ပြီး လုပ်မလား၊ မလုပ်ဖူးလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် လက်ရှိရုပ်ရည်ကိုတာ့ သူက ကျေနပ်နေပါတယ်တဲ့။ လူတွေရဲ့ အပြစ်တင်ဝေဖန်မှုတွေစာ အလွန်အကျွံပါပဲ။ ဒါပေမယ့် Musa တစ်ယောက် ဒီမကောင်းမြင်မှုတွေကို အခွင့်အရေးတခုအနေနဲ့ အသုံးချပြီး သူ့ရဲ့ လုပ်ငန်းတိုးတက်ဖို့ အကောင်းဆုံးလုပ်နေပါတယ်။

credit – MyanmarNote

 

LEAVE A REPLY