Zawgyi ျဖင့္ဖတ္၇န္

အိမ္ရာမဲ့ေတြရဲ႕ ဒုကၡပေဒသာပင္မွာ အိပ္ေရးပ်က္ျခင္းကလည္း ဒုကၡတစ္ခုပါပဲ။ ေႏြညေတြထက္စာရင္ အပူခ်ိန္က်ဆင္းတဲ့ေဆာင္းညေတြနဲ႔ စုိစြတ္တဲ့ မုိးညေတြက သူတုိ႔အတြက္ ပုိခက္ခဲၾကပါတယ္။

သူတုိ႔ရဲ႕ဒုကၡကုိ စာနာသနားမိတဲ့ သားအဖႏွစ္ေယာက္က အိမ္ရာမဲ့ေတြေဘးကင္းလုံၿခံဳတဲ့ေနရာတစ္ခုမွာ အိပ္စက္ခြင့္ရဖုိ႔ အစီအစဥ္ ဖန္တီးခဲ့ၾကပါတယ္။ လမ္းေပၚမွာ အိပ္စက္ရတဲ့ အိမ္ရာမဲ့အေရအတြက္ ျမင့္တက္လာတာကုိ တုံ႔ျပန္ဖုိ႔အတြက္ ရပ္ရြာအက်ဳိး တက္ၾကြလႈပ္ရွားသူ ရွယ္လီေရာ့ဒါ(Shelly Roder)နဲ႔ ဖခင္ျဖစ္သူ လူးဝစ္ဗီတာလီ(Louis Vitale)က ၂၀၀၄ ခုႏွစ္မွာ The Gubbio စီမံကိန္းကို ပူးတြဲတည္ေထာင္ခဲ့ၾကပါတယ္။

အဲဒီအစီအစဥ္အရ ဆန္ဖရန္စစၥကုိၿမိဳ႕က စိန္႔ဘုိနီေဖ့ (St. Boniface) ခရစ္ယာန္ဘုရားေက်ာင္းရဲ႕ ဝတ္ျပဳဆုေတာင္းရာ ခုံတန္းလ်ားေတြမွာေန႔စဥ္ေန႔တုိင္း အိပ္စက္ခြင့္ရေနတဲ့ အိမ္ရာမဲ့ ၂၂၅ ဦးအထိ ရွိခဲ့ပါတယ္။ ”ဘုရားေက်ာငး္ထဲ ဝင္လာသူတုိင္းကုိ ေမးျမန္းတာမ်ဳိးမလုပ္ပါဘူး။ အကာအရံေတြအားလုံး ဖယ္ရွားေပးထားသလုိ စာရြက္စာတမ္းျဖည့္ခုိင္းတာမ်ဳိးလည္း မရွိပါဘူး။ ဘုရားေက်ာင္းထဲ ေရာက္ၿပီးမွ ျပန္သြားရသူမရွိပါဘူး။ အားလုံးကုိ ႀကိဳဆုိၿပီး ႐ုိ႐ုိေသေသ ေလးေလးစားစား ဆက္ဆံခဲ့ပါတယ္”လုိ႔ The Gubbio စီမံကိန္းဝက္ဘ္ဆုိက္မွာ ေဖာ္ျပထားပါတယ္။

ေန႔စဥ္ေန႔တုိင္း ဘုရားေက်ာင္းလာသူေတြ ဝတ္ျပဳဆုေတာင္းဖုိ႔အတြက္ ဘုရားေက်ာင္းရဲ႕ အေရွ႕ဘက္ ၃ ပုံ၊ ၁ ပုံကုိ အသုံးျပဳၿပီး The Gubbio စီမံကိန္းအတြက္ ဘုရားေက်ာင္းရဲ႕ အေနာက္ဘက္ ၃ ပုံ၊ ၂ ပုံကုိ အသုံးျပဳၾကပါတယ္။ ခရစ္ယာန္ဘုရားေက်ာင္းက အိမ္ရာမဲ့ေတြကုိ ဂြမ္းေစာင္ေတြ၊ ေျခအိတ္ေတြ၊ တစ္ကုိယ္ရည္သန္႔ရွင္းေရးအတြက္ အသုံးျပဳရတဲ့ပစၥည္းေတြ ေပးသလုိ ေျခဖဝါးနဲ႔ ေျခက်င္းဝတ္နာ ေရာဂါေတြကုိလည္း ကုသေပးခဲ့ပါတယ္။

”အိမ္ရာမဲ့ေတြလည္း ဒီေဒသရဲ႕ တစ္စိတ္တစ္ပုိင္းပဲ။ အိမ္ပုိင္ရွိတဲ့သူေတြ ဘုရားေက်ာင္းကုိလာၿပီး ဝတ္ျပဳဆုေတာင္းရင္လည္း ႏွင္ထုတ္ခံရမွာ မဟုတ္ဘူးဆုိတဲ့ မက္ေဆ့ေပးႏုိင္ခဲ့ပါၿပီ။ ဆင္းရဲႏြမ္းပါးၿပီး စိတ္က်န္းမာေရး မေကာင္းသူေတြ၊ ညစ္ပတ္ေပေရေနသူေတြကလည္း ဒီေဒသရဲ႕ ေဒသခံေတြပဲဆုိတဲ့ အေတြးေပါက္ေအာင္ လုပ္ႏုိင္ခဲ့ပါၿပီ”လုိ႔ The Gubbio စီမံကိန္းက ေျပာပါတယ္။

Unicodeဖြင့်ဖတ်ရန်
အိမ်ရာမဲ့တွေရဲ့ ဒုက္ခပဒေသာပင်မှာ အိပ်ရေးပျက်ခြင်းကလည်း ဒုက္ခတစ်ခုပါပဲ။ နွေညတွေထက်စာရင် အပူချိန်ကျဆင်းတဲ့ဆောင်းညတွေနဲ့ စိုစွတ်တဲ့ မိုးညတွေက သူတို့အတွက် ပိုခက်ခဲကြပါတယ်။

သူတို့ရဲ့ဒုက္ခကို စာနာသနားမိတဲ့ သားအဖနှစ်ယောက်က အိမ်ရာမဲ့တွေဘေးကင်းလုံခြုံတဲ့နေရာတစ်ခုမှာ အိပ်စက်ခွင့်ရဖို့ အစီအစဉ် ဖန်တီးခဲ့ကြပါတယ်။ လမ်းပေါ်မှာ အိပ်စက်ရတဲ့ အိမ်ရာမဲ့အရေအတွက် မြင့်တက်လာတာကို တုံ့ပြန်ဖို့အတွက် ရပ်ရွာအကျိုး တက်ကြွလှုပ်ရှားသူ ရှယ်လီရော့ဒါ(Shelly Roder)နဲ့ ဖခင်ဖြစ်သူ လူးဝစ်ဗီတာလီ(Louis Vitale)က ၂၀၀၄ ခုနှစ်မှာ The Gubbio စီမံကိန်းကို ပူးတွဲတည်ထောင်ခဲ့ကြပါတယ်။

အဲဒီအစီအစဉ်အရ ဆန်ဖရန်စစ္စကိုမြို့က စိန့်ဘိုနီဖေ့ (St. Boniface) ခရစ်ယာန်ဘုရားကျောင်းရဲ့ ဝတ်ပြုဆုတောင်းရာ ခုံတန်းလျားတွေမှာနေ့စဉ်နေ့တိုင်း အိပ်စက်ခွင့်ရနေတဲ့ အိမ်ရာမဲ့ ၂၂၅ ဦးအထိ ရှိခဲ့ပါတယ်။ ”ဘုရားကျောင်းထဲ ဝင်လာသူတိုင်းကို မေးမြန်းတာမျိုးမလုပ်ပါဘူး။ အကာအရံတွေအားလုံး ဖယ်ရှားပေးထားသလို စာရွက်စာတမ်းဖြည့်ခိုင်းတာမျိုးလည်း မရှိပါဘူး။ ဘုရားကျောင်းထဲ ရောက်ပြီးမှ ပြန်သွားရသူမရှိပါဘူး။ အားလုံးကို ကြိုဆိုပြီး ရိုရိုသေသေ လေးလေးစားစား ဆက်ဆံခဲ့ပါတယ်”လို့ The Gubbio စီမံကိန်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

နေ့စဉ်နေ့တိုင်း ဘုရားကျောင်းလာသူတွေ ဝတ်ပြုဆုတောင်းဖို့အတွက် ဘုရားကျောင်းရဲ့ အရှေ့ဘက် ၃ ပုံ၊ ၁ ပုံကို အသုံးပြုပြီး The Gubbio စီမံကိန်းအတွက် ဘုရားကျောင်းရဲ့ အနောက်ဘက် ၃ ပုံ၊ ၂ ပုံကို အသုံးပြုကြပါတယ်။ ခရစ်ယာန်ဘုရားကျောင်းက အိမ်ရာမဲ့တွေကို ဂွမ်းစောင်တွေ၊ ခြေအိတ်တွေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အသုံးပြုရတဲ့ပစ္စည်းတွေ ပေးသလို ခြေဖဝါးနဲ့ ခြေကျင်းဝတ်နာ ရောဂါတွေကိုလည်း ကုသပေးခဲ့ပါတယ်။

”အိမ်ရာမဲ့တွေလည်း ဒီဒေသရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အိမ်ပိုင်ရှိတဲ့သူတွေ ဘုရားကျောင်းကိုလာပြီး ဝတ်ပြုဆုတောင်းရင်လည်း နှင်ထုတ်ခံရမှာ မဟုတ်ဘူးဆိုတဲ့ မက်ဆေ့ပေးနိုင်ခဲ့ပါပြီ။ ဆင်းရဲနွမ်းပါးပြီး စိတ်ကျန်းမာရေး မကောင်းသူတွေ၊ ညစ်ပတ်ပေရေနေသူတွေကလည်း ဒီဒေသရဲ့ ဒေသခံတွေပဲဆိုတဲ့ အတွေးပေါက်အောင် လုပ်နိုင်ခဲ့ပါပြီ”လို့ The Gubbio စီမံကိန်းက ပြောပါတယ်။

Ref: www.sunnyskyz.com “This Church Lets The Homeless Sleep Inside. They Also Offer Blankets And Massages”

Credit: Nz (႐ုိးရာေလး)