Image may contain: one or more people and indoor

 

ZawGyiျဖင့္ဖတ္ရန္

သစ္ပင္လဲက်တဲ႔အခ်ိန္မွာ မိခင္ က ကေလးကိုရင္ခြင္ပိုက္ျပီး ကာကြယ္ထားတာတဲ႔ေလျပင္​းဒဏ္​​ေၾကာင္​့ ​ေညာင္ပင္မွလဲက်ခဲ့ရာ မိခင္​ျဖစ္​သူ​ေသဆံုး သမီးဒဏ္​ရာရရွိခဲ့တာျဖစ္​ပါတယ္​။

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူခ႐ိုင္ ျဖဴးၿမိဳ႕နယ္ တြင္ေမလ ၁၀ ရက္ေန႔ညေန ၆ နာရီခန္႔ကေညာင္ပင္လဲက်ရာမွလူေသဆုံးခဲ့ပါတယ္​။ျဖစ္စဥ္မွာျဖဴးၿမိဳ႕ ဘူတာေတာင္ရပ္ကြက္ ၂၁လမ္းလမ္း ေဘး႐ွိ လုံးပတ္ေပ ၂၀. အျမင့္ ၅၀ ေပ႐ွိေညာင္ပင္သည္ေလျပင္းတိုက္ခတ္မႈ​ေၾကာင့္ အနီး႐ွိေစ်းဆိုင္ေပၚသို႔ လဲၿပိဳက်ခဲ့ရာ ေနအိမ္ေစ်းဆိုင္ထဲတြင္႐ွိတဲ့ အိမ္ပိုင္႐ွင္ ဦးေအာင္စိုးနဲ႔ အတူဇနီးျဖစ္သူ ေဒၚဒီပါဝလီ(ခ)ျဖဴျဖဴဝင္း ၃၅ ႏွစ္ သမီးျဖစ္သူ မကဗ်ာ ၅ ႏွစ္တို႔မွာပိတ္ပိေနခဲ့တာ ျဖစ္​ပါတယ္​။သက္ဆိုင္ရာၿမိဳ႕နယ္တာဝန္႐ွိသူမ်ား မီးသတ္တပ္ဖြဲ႔ဝင္မ်ား ကယ္ဆယ္ေရးအဖြဲ႔မ်ား ျပည္သူမ်ားမွစုေပါင္းႀကိဳးစား၍ကယ္ထုတ္ခဲ့ရာ ၇ နာရီ ၅မိနစ္တြင္ကယ္ဆယ္ႏိုင္ခဲ့ၿပီး ေဒၚျဖဴျဖဴဝင္းမွာ သတိလစ္ေမ့ေျမာေနၿပီး သမီးျဖစ္သူ မကဗ်ာမွာေျခေထာက္ပြန္းပဲ့ခဲ့ပါတယ္​။ ေဆး႐ုံသို႔ေရာက္႐ွိခ်ိန္တြင္ေဒၚျဖဴျဖဴဝင္းမွာႏွလုံးခုန္ရပ္ကာေသဆုံးသြားခဲ့ၿပီး မကဗ်ာမွာ(မစိုးရိမ္ရ)လူနာအျဖစ္ေဆးကုသမႈခံယူေနတယ္​လို႔ သိရပါတယ္​။

Image may contain: 2 people, outdoor

“ျဖစ္တာက ​ေမလ၁၀ရက္​​ေန႔ည​ေန ၆နာရီ ၅ မိနစ္ကပါ သတင္းၾကား ၾကားခ်င္းက်ေနာ္တို႔အဖြဲ႔ေတြ တန္းသြားေတာ့အပင္က . ႀကီးေတာ့ မႏိုင္ဘူး အဲ့ဒါနဲ႔အျမန္လမ္း ၁၁၅ က ကယ္ဆယ္ေရးအဖြဲ႔ေတြကို ဖုံးဆက္ၿပီးအကူညီေတာင္း ၿပီးေတာ့အဖြဲ႔စုၿပီး ေျမက်င္းတူးတယ္။ ကရိန္ေရာက္လာလို႔ မၿပီး ထိန္းေပးထားတယ္ ႏွစ္ေယာက္လုံးကိုကယ္ထုတ္ႏိုင္ေပမဲ့ေဆး႐ုံအေရာက္မွမိခင္ျဖစ္သူကဆုံးသြားတယ္ ၿမိဳ႕နယ္အတြင္းအျခားပ်က္စီးမႈ ​ေတာ့မၾကားသိရပါဘူး”ဟုကယ္ဆယ္ေရးတြင္ပါဝင္ခဲ့သူမီးသတ္တပ္ဖြဲ႔ အရာ႐ွိတစ္ဦးမွ အတည္ျပဳေျပာၾကားခဲ့သည္။ ျဖစ္စဥ္နဲ႔ပက္သက္ၿပီး ျဖဴးၿမိဳ႕မရဲစခန္းမွေသမႈ ​ေသခင္းဖြင့္လွစ္ကာေဆာင္​ရြက္​​ေနပါတယ္​။

သတင္​း – ၿဖိဳးကိုလင္း(ေညာင္ဝိုင္း)

Credit:5PlusNews

Image may contain: one or more people

UniCodeဖြင့်ဖတ်ရန်

သစ်ပင်လဲကျချိန် မိခင်က ကလေးကိုရင်ခွင်ပိုက်ပြီးကာကွယ် ခဲ့သဖြင့် မိခင်ဖြစ်သူသေဆုံးကာ သမီးဖြစ်သူဒဏ်ရာရရှိခဲ့

သစ်ပင်လဲကျတဲ့အချိန်မှာ မိခင် က ကလေးကိုရင်ခွင်ပိုက်ပြီး ကာကွယ်ထားတာတဲ့လေပြင်းဒဏ်ကြောင့် ညောင်ပင်မှလဲကျခဲ့ရာ မိခင်ဖြစ်သူသေဆုံး သမီးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။Image may contain: 1 person, outdoor

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် တွင်မေလ ၁၀ ရက်နေ့ညနေ ၆ နာရီခန့်ကညောင်ပင်လဲကျရာမှလူသေဆုံးခဲ့ပါတယ်။ဖြစ်စဉ်မှာဖြူးမြို့ ဘူတာတောင်ရပ်ကွက် ၂၁လမ်းလမ်း ဘေးရှိ လုံးပတ်ပေ ၂၀. အမြင့် ၅၀ ပေရှိညောင်ပင်သည်လေပြင်းတိုက်ခတ်မှုကြောင့် အနီးရှိဈေးဆိုင်ပေါ်သို့ လဲပြိုကျခဲ့ရာ နေအိမ်ဈေးဆိုင်ထဲတွင်ရှိတဲ့ အိမ်ပိုင်ရှင် ဦးအောင်စိုးနဲ့ အတူဇနီးဖြစ်သူ ဒေါ်ဒီပါဝလီ(ခ)ဖြူဖြူဝင်း ၃၅ နှစ် သမီးဖြစ်သူ မကဗျာ ၅ နှစ်တို့မှာပိတ်ပိနေခဲ့တာ ဖြစ်ပါတယ်။သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများ မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးအဖွဲ့များ ပြည်သူများမှစုပေါင်းကြိုးစား၍ကယ်ထုတ်ခဲ့ရာ ၇ နာရီ ၅မိနစ်တွင်ကယ်ဆယ်နိုင်ခဲ့ပြီး ဒေါ်ဖြူဖြူဝင်းမှာ သတိလစ်မေ့မြောနေပြီး သမီးဖြစ်သူ မကဗျာမှာခြေထောက်ပွန်းပဲ့ခဲ့ပါတယ်။ ဆေးရုံသို့ရောက်ရှိချိန်တွင်ဒေါ်ဖြူဖြူဝင်းမှာနှလုံးခုန်ရပ်ကာသေဆုံးသွားခဲ့ပြီး မကဗျာမှာ(မစိုးရိမ်ရ)လူနာအဖြစ်ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

“ဖြစ်တာက မေလ၁၀ရက်နေ့ညနေ ၆နာရီ ၅ မိနစ်ကပါ သတင်းကြား ကြားချင်းကျနော်တို့အဖွဲ့တွေ တန်းသွားတော့အပင်က . ကြီးတော့ မနိုင်ဘူး အဲ့ဒါနဲ့အမြန်လမ်း ၁၁၅ က ကယ်ဆယ်ရေးအဖွဲ့တွေကို ဖုံးဆက်ပြီးအကူညီတောင်း ပြီးတော့အဖွဲ့စုပြီး မြေကျင်းတူးတယ်။ ကရိန်ရောက်လာလို့ မပြီး ထိန်းပေးထားတယ် နှစ်ယောက်လုံးကိုကယ်ထုတ်နိုင်ပေမဲ့ဆေးရုံအရောက်မှမိခင်ဖြစ်သူကဆုံးသွားတယ် မြို့နယ်အတွင်းအခြားပျက်စီးမှု တော့မကြားသိရပါဘူး”ဟုကယ်ဆယ်ရေးတွင်ပါဝင်ခဲ့သူမီးသတ်တပ်ဖွဲ့ အရာရှိတစ်ဦးမှ အတည်ပြုပြောကြားခဲ့သည်။ ဖြစ်စဉ်နဲ့ပက်သက်ပြီး ဖြူးမြို့မရဲစခန်းမှသေမှု သေခင်းဖွင့်လှစ်ကာဆောင်ရွက်နေပါတယ်။

သတင်း – ဖြိုးကိုလင်း(ညောင်ဝိုင်း)

Credit:5PlusNews