Zawgyi ျဖင့္ဖတ္၇န္

စစ္ကိုင္းတိုင္းေဒသႀကီး ကသာခ႐ိုင္ ဗန္းေမာက္ၿမိဳ႕နယ္တြင္ Unicef ကေထာက္ပံ့မႈေပးထားသည့္ မူႀကိဳေက်ာင္းမ်ားသည္ ယခုအခါတြင္ ေထာက္ပံ့မႈ မရရွိေသာေၾကာင့္ မူႀကိဳေက်ာင္းမ်ားအားလုံး ရပ္နားရေတာ့မည္ျဖစ္ေၾကာင္း ဗန္းေမာက္ၿမိဳ႕နယ္ မဲဆႏၵနယ္ေျမ အမွတ္ (၁) တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦး၀င္းေရႊက ေျပာၾကားသည္။

မူႀကိဳေက်ာင္းမ်ား တည္ေထာင္စဥ္ကာလက ေက်းရြာ ျပည္သူလူထုသည္ ဆန္းစပါးမ်ားေပး၍ ဆရာ၊ ဆရာမမ်ား ငွားရမ္းခဲ့ေၾကာင္း၊ Unicef က သင္တန္းပို႔ခ်ေပးခဲ႔ေသာ ဆရာ၊ ဆရာမမ်ားသည္ မူႀကိဳေက်ာင္းမ်ားတြင္ ဆက္လက္တာ၀န္ ထမ္းေဆာင္ရန္အတြက္ တရား၀င္ ပါမစ္ခ်ေပးမလားဟု ေစာင့္ဆိုင္း ေမွ်ာ္ေနခဲ့ေသာ္လည္း တရား၀င္ ပါမစ္မရခဲ့ျခင္းေၾကာင့္ အလုပ္ကေန ထြက္ခဲ့ေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။

“မူႀကိဳေက်ာင္းရွိတဲ့ ရြာေတြမွာက ႏွစ္တိုင္းလိုလိုဆရာ၊ ဆရာမေတြကို ဆန္စပါးေပးၿပီး ငွားခဲ့ၾကတယ္။ တစ္ႏွစ္ကို ဆန္စပါး အတင္းေရ ၆၀၊ ၇၀ အဲဒီလို ငွားခဲ့ၾကတာ။ ေနာက္ဆုံးေတာ့ သင္တန္းဆင္းၿပီးတဲ့ ဆရာ၊ ဆရာမေတြကလည္း ပါမစ္ရမလားလို႔ ငါးႏွစ္ေလာက္ကို ေမွ်ာ္ခဲ့တယ္။ သုိ႔ေသာ္ ငါးႏွစ္ျပည့္ၿပီး ေပမယ့္လည္း ပါမစ္က မရခဲ့အတြက္ေၾကာင့္မို႔လို႔ အလုပ္ကေန ထြက္သြားၾကတယ္။ အျပင္မွာလည္း မူႀကိဳေက်ာင္းမွာ တာ၀န္ထမ္းေဆာင္ဖို႔အတြက္ ဆရာ၊ ဆရာမ ငွားရတာ ခက္ခက္ခဲခဲေတြ ရွိလာတယ္။ ဆရာ ဆရာမေတြ ဘက္ကလည္း တစ္ႏွစ္ကို ဆန္စပါး ၆၀၊ ၇၀ ဆိုေတာ့ တြက္ေျခမကိုက္ေတာ့ဘူး။ ငွားတဲ့သူေတြ ဘက္ကလည္း ၀န္ထုပ္၀န္ပိုး ျဖစ္လာတဲ့ အခါက်ေတာ့ အခ်ဳိ႕ေက်ာင္းေတြဆိုရင္ ဒီႏွစ္ထဲမွာ ရပ္နားဖို႔ အစီအစဥ္ေတြရွိတယ္။ မႏွစ္ကလည္း အခ်ဳိ႕ေက်ာင္းေတြ ရပ္နားသြားရတဲ့ အေနအထားမွာ ရွိပါတယ္” ဟု ဗန္းေမာက္ၿမိဳ႕နယ္ မဲဆႏၵနယ္ေျမ အမွတ္ (၁) တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦး၀င္းေရႊက ေျပာၾကားသည္။
ဗန္းေမာက္ၿမိဳ႕နယ္ရွိ မူႀကိဳမ်ားသည္ အစိုးရက ခ်ေပးထားသည့္ မူႀကိဳေက်ာင္းမ်ား မဟုတ္ေၾကာင္း၊ Unicef ၏ အေထာက္အပ့ံျဖင့္တည္ ေဆာက္ထားသည့္ မူႀကိဳေက်ာင္းမ်ားသာျဖစ္ေၾကာင္း ကနဦး မူႀကိဳေက်ာင္းမ်ား တည္ေဆာက္ခဲ့စဥ္ ကာလက မူလတန္း ေအာင္ခ်က္ေကာင္းသည့္ ေက်ာင္းမ်ားအား ဦးစားေပး တည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ထို႔ေနာက္ Unicef ၏ အေထာက္အပံ့မ်ားျဖင့္ မူႀကိဳေက်ာင္းမ်ားအား ယင္းၿမိဳ႕နယ္တြင္ ဆက္လက္ တည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္း ဦး၀င္းေရႊက ဆိုသည္။

Unicef သည္ ႏွစ္အလိုက္ စီမံကိန္းျဖင့္ လာေရာက္ခဲ့ျခင္းေၾကာင့္ မူႀကိဳေက်ာင္းမ်ားသည္ ငါးႏွစ္ျပည့္ၿပီးေနာက္ပိုင္း Unicef ကအေထာက္အပံ့မ်ား ရပ္နားသြားခ့ဲျခင္း ျဖစ္ေၾကာင္း၊ မူႀကိဳေက်ာင္းမ်ား အားလုံးသည္ အခက္ခဲမ်ား စတင္ျဖစ္ေပၚခဲ့ေၾကာင္း၊ လက္ရွိတြင္ အခ်ိဳ႕မူႀကိဳ ေက်ာင္းမ်ားသည္ ရပ္/ရြာက မိဘမ်ားက ဆန္စပါးမ်ားေပးကာ ဆရာ၊ ဆရာမမ်ားအား ငွားရမ္း၍ မူႀကိဳေက်ာင္းမ်ား ဖြင့္ေနေသးသည့္ ေက်ာင္းမ်ားရွိေၾကာင္း ဗန္းေမာက္ၿမိဳ႕နယ္ မဲဆႏၵနယ္ေျမ အမွတ္ (၁) တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦး၀င္းေရႊက ဆက္လက္ ေျပာၾကားသည္။
Unicodeဖြင့်ဖတ်ရန်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် Unicef ကထောက်ပံ့မှုပေးထားသည့် မူကြိုကျောင်းများသည် ယခုအခါတွင် ထောက်ပံ့မှု မရရှိသောကြောင့် မူကြိုကျောင်းများအားလုံး ရပ်နားရတော့မည်ဖြစ်ကြောင်း ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောကြားသည်။

မူကြိုကျောင်းများ တည်ထောင်စဉ်ကာလက ကျေးရွာ ပြည်သူလူထုသည် ဆန်းစပါးများပေး၍ ဆရာ၊ ဆရာမများ ငှားရမ်းခဲ့ကြောင်း၊ Unicef က သင်တန်းပို့ချပေးခဲ့သော ဆရာ၊ ဆရာမများသည် မူကြိုကျောင်းများတွင် ဆက်လက်တာဝန် ထမ်းဆောင်ရန်အတွက် တရားဝင် ပါမစ်ချပေးမလားဟု စောင့်ဆိုင်း မျှော်နေခဲ့သော်လည်း တရားဝင် ပါမစ်မရခဲ့ခြင်းကြောင့် အလုပ်ကနေ ထွက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မူကြိုကျောင်းရှိတဲ့ ရွာတွေမှာက နှစ်တိုင်းလိုလိုဆရာ၊ ဆရာမတွေကို ဆန်စပါးပေးပြီး ငှားခဲ့ကြတယ်။ တစ်နှစ်ကို ဆန်စပါး အတင်းရေ ၆၀၊ ၇၀ အဲဒီလို ငှားခဲ့ကြတာ။ နောက်ဆုံးတော့ သင်တန်းဆင်းပြီးတဲ့ ဆရာ၊ ဆရာမတွေကလည်း ပါမစ်ရမလားလို့ ငါးနှစ်လောက်ကို မျှော်ခဲ့တယ်။ သို့သော် ငါးနှစ်ပြည့်ပြီး ပေမယ့်လည်း ပါမစ်က မရခဲ့အတွက်ကြောင့်မို့လို့ အလုပ်ကနေ ထွက်သွားကြတယ်။ အပြင်မှာလည်း မူကြိုကျောင်းမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ဆရာ၊ ဆရာမ ငှားရတာ ခက်ခက်ခဲခဲတွေ ရှိလာတယ်။ ဆရာ ဆရာမတွေ ဘက်ကလည်း တစ်နှစ်ကို ဆန်စပါး ၆၀၊ ၇၀ ဆိုတော့ တွက်ခြေမကိုက်တော့ဘူး။ ငှားတဲ့သူတွေ ဘက်ကလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာတဲ့ အခါကျတော့ အချို့ကျောင်းတွေဆိုရင် ဒီနှစ်ထဲမှာ ရပ်နားဖို့ အစီအစဉ်တွေရှိတယ်။ မနှစ်ကလည်း အချို့ကျောင်းတွေ ရပ်နားသွားရတဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောကြားသည်။
ဗန်းမောက်မြို့နယ်ရှိ မူကြိုများသည် အစိုးရက ချပေးထားသည့် မူကြိုကျောင်းများ မဟုတ်ကြောင်း၊ Unicef ၏ အထောက်အပံ့ဖြင့်တည် ဆောက်ထားသည့် မူကြိုကျောင်းများသာဖြစ်ကြောင်း ကနဦး မူကြိုကျောင်းများ တည်ဆောက်ခဲ့စဉ် ကာလက မူလတန်း အောင်ချက်ကောင်းသည့် ကျောင်းများအား ဦးစားပေး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် Unicef ၏ အထောက်အပံ့များဖြင့် မူကြိုကျောင်းများအား ယင်းမြို့နယ်တွင် ဆက်လက် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝင်းရွှေက ဆိုသည်။

Unicef သည် နှစ်အလိုက် စီမံကိန်းဖြင့် လာရောက်ခဲ့ခြင်းကြောင့် မူကြိုကျောင်းများသည် ငါးနှစ်ပြည့်ပြီးနောက်ပိုင်း Unicef ကအထောက်အပံ့များ ရပ်နားသွားခဲ့ခြင်း ဖြစ်ကြောင်း၊ မူကြိုကျောင်းများ အားလုံးသည် အခက်ခဲများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်ရှိတွင် အချို့မူကြို ကျောင်းများသည် ရပ်/ရွာက မိဘများက ဆန်စပါးများပေးကာ ဆရာ၊ ဆရာမများအား ငှားရမ်း၍ မူကြိုကျောင်းများ ဖွင့်နေသေးသည့် ကျောင်းများရှိကြောင်း ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ဆက်လက် ပြောကြားသည်။

writer: ေကာင္းခန္႔လင္း (မုံရြာ)
May 27, 2018
Credit: Eleven