Zawgyi ျဖင့္ဖတ္၇န္

အာဂ်င္တီးနားႏိုင္ငံ ဗ်ဴးေနာ့စ္ေအးရီးခ႐ုိင္ထဲက ရဲစခန္းထဲကို ရဲအရာရွိေတြလို ဝတ္ထားတဲ့ ေသနတ္သမားေတြက ဧၿပီ ၃၀ မနက္မွာ ဝင္လာခဲ့ၿပီး စခန္းရွိ ရဲအရာရွိေတြကို ပစ္ခတ္ခဲ့တဲ့အတြက္ ရဲအရာရွိတဦး ဒဏ္ရာအျပင္းအထန္ ရခဲ့ပါတယ္။

ဒီျဖစ္ရပ္ကို လံုၿခံဳေရးကင္မရာက ႐ုပ္သံ ႐ုိက္ကူးႏိုင္ခဲ့ပါတယ္။ ေသနတ္သမား ၂ ေယာက္က ရဲ ၄ ေယာက္ကို ပစ္ခတ္ခဲ့လို႔ ရဲေတြက ေသနတ္ဆြဲၿပီး ျပန္ပစ္ခတ္ခဲ့ရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ရဲေမတဦး ေက်ာ႐ုိးကိုထိခဲ့လို႔ ေဒသႏၱရေဆး႐ုံမွာ ကုသခံေနရပါတယ္။

ေသနတ္သမား အနည္းဆံုး ၄ ေယာက္ပါဝင္ၿပီး ၂ ေယာက္က အေဆာက္အဦထဲကို ဝင္ခဲ့တယ္၊ တေယာက္က တံခါးေပါက္ရွိရာလမ္းမွာ ေနၿပီး ေနာက္တေယာက္က လမ္းမေပၚမွာ ရွိေနခဲ့တယ္လို႔ အရာရွိေတြက ေျပာပါတယ္။

ဒီအမႈကို စံုစမ္းစစ္ေဆးေနၿပီး ရဲစခန္းမွာခ်ဳပ္ထားတဲ့ အခ်ဳပ္သားေတြကို တျခားေထာင္ေတြဆီ ေရႊ႕ေျပာင္းခဲ့ရပါတယ္။
Unicodeဖြင့်ဖတ်ရန်

အာဂျင်တီးနားနိုင်ငံ ဗျူးနော့စ်အေးရီးခရိုင်ထဲက ရဲစခန်းထဲကို ရဲအရာရှိတွေလို ဝတ်ထားတဲ့ သေနတ်သမားတွေက ဧပြီ ၃၀ မနက်မှာ ဝင်လာခဲ့ပြီး စခန်းရှိ ရဲအရာရှိတွေကို ပစ်ခတ်ခဲ့တဲ့အတွက် ရဲအရာရှိတဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို လုံခြုံရေးကင်မရာက ရုပ်သံ ရိုက်ကူးနိုင်ခဲ့ပါတယ်။ သေနတ်သမား ၂ ယောက်က ရဲ ၄ ယောက်ကို ပစ်ခတ်ခဲ့လို့ ရဲတွေက သေနတ်ဆွဲပြီး ပြန်ပစ်ခတ်ခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် ရဲမေတဦး ကျောရိုးကိုထိခဲ့လို့ ဒေသန္တရဆေးရုံမှာ ကုသခံနေရပါတယ်။

သေနတ်သမား အနည်းဆုံး ၄ ယောက်ပါဝင်ပြီး ၂ ယောက်က အဆောက်အဦထဲကို ဝင်ခဲ့တယ်၊ တယောက်က တံခါးပေါက်ရှိရာလမ်းမှာ နေပြီး နောက်တယောက်က လမ်းမပေါ်မှာ ရှိနေခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီအမှုကို စုံစမ်းစစ်ဆေးနေပြီး ရဲစခန်းမှာချုပ်ထားတဲ့ အချုပ်သားတွေကို တခြားထောင်တွေဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။
Credit: DVB