Zawgyi ျဖင့္ဖတ္၇န္
အထီးက်န္တယ္ဆိုတဲ့ ခံစားခ်က္ဟာ လုံးဝ ကသိကေအာက္ျဖစ္စရာေကာင္းၿပီး လူတိုင္းလိုလိုလည္း ခံစားဖူးၾကပါတယ္။ အသက္ႀကီးလာေလေလ ကိုယ္ပိုင္တိုက္ခန္းထဲ တစ္ေယာက္တည္း ေနရတဲ့ခံစားခ်က္မ်ိဳးကို ခံစားရလာေလေလပါပဲ။

တစ္ေယာက္တည္း ဘယ္လိုရွင္သန္ေနထိုင္မလဲဆိုတာက စိန္ေခၚမႈတစ္ရပ္ဆိုေပမယ့္ လုံးဝမျဖစ္ႏိုင္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ အခ်ိန္တိုင္းလိုလို အထီးက်န္ေနရတယ္ဆိုေပမယ့္ အၿမဲတမ္း သင္တစ္ေယာက္တည္းျဖစ္ေနတာ မဟုတ္ဘူးဆိုတာကိုေတာ့ လက္ခံႏိုင္ရပါမယ္။

တစ္ေယာက္တည္းလာၿပီး တစ္ေယာက္တည္းျပန္ရမယ္ဆိုတဲ့ ဆို႐ိုးရွိေပမယ့္ ကိုင္းကၽြန္းမီ၊ ကၽြန္းကိုင္းမွီ ဆိုတဲ့စကားပုံကလည္းရွိပါေသးတယ္။ ဒါေၾကာင့္ အထီးက်န္ျခင္းနဲ႔ အထီးက်န္ျခင္းကိုခံစားေနရတယ္ဆိုတဲ့ ခံစားခ်က္ႏွစ္ခုက မတူညီဘူးဆိုတာကို ရွင္းရွင္းလင္းလင္းသိထားဖို႔ လိုအပ္ပါတယ္။ တစ္ေယာက္တည္း အခ်ိန္ကုန္တာေကာင္းေပမယ့္ သင့္အေနနဲ႔ သီးသန္႔ႀကီးျဖစ္ေနတယ္လို႔ ခံစားရရင္ေတာ့ သင့္ကို ပိုလို႔သက္ေတာင့္သက္သာျဖစ္လာေစၿပီး အထီးက်န္ျခင္းကိုေလ်ာ့နည္းႏိုင္ေစမယ့္ အခုေျပာျပေပးတဲ့နည္းလမ္းေလးေတြကို လိုက္နာၾကည့္လိုက္ပါ။

၁။ သူငယ္ခ်င္းေတြကို အလည္ေခၚပါ

အတိုင္ပင္ခံ ေဒးဗစ္ ဘန္းနက္တ္ (David Bennett) က Elite Daily ကို “သင္တစ္ေယာက္တည္းေနရလို႔ အၿမဲတမ္းတစ္ေယာက္တည္းပဲ ျဖစ္ေနရမယ္လို႔မဆိုလိုပါဘူး” ဆိုၿပီး ေျပာပါတယ္။ “လူေတာ္ေတာ္မ်ားမ်ား အထီးက်န္ေနရတယ္ဆိုတာကို မင္းသိရင္ အံ့ဩေကာင္းအံ့ဩသြားႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ပထမေျခလွမ္းအေနနဲ႔ သူတို႔ကို မင္းဆီအလည္ေခၚပါ” တဲ့။

ဘာမွေထြေထြထူးထူး လုပ္စရာမရွိဘူးဆိုရင္ေတာင္မွ ပါတီေပးတာမ်ိဳးျဖစ္ျဖစ္ လုပ္လိုက္ပါလို႔ ဘန္းနက္တ္က ဆိုပါတယ္။ သူငယ္ခ်င္းေတြကို အိမ္အလည္ေခၚၿပီး ဗီဒီယိုဂိမ္းကစားတာ၊ ႐ုပ္ရွင္ၾကည့္တာနဲ႔ ႐ိုး႐ိုးရွင္ရွင္း တျခားအေပါင္းအသင္းေတြနဲ႔စုၿပီး ေပ်ာ္႐ႊင္မႈကို ရွာႏိုင္ပါတယ္။

“လူေတြနဲ႔ဆက္ဆံဖို႔ အေၾကာင္းအရင္းရာ၊ ေထာင္ခ်ီရွိတဲ့အတြက္ ရွာေဖြၿပီး အသုံးျပဳလိုက္ပါ” လို႔လည္း ဘန္းနက္တ္က အႀကဳံျပဳထားပါတယ္။

၂။ အိမ္ျပင္ထြက္ေပးပါ

တစ္ခါတေလ အထီးက်န္တယ္ဆိုတဲ့ခံစားခ်က္ဟာ အျပင္မထြက္ပဲ အိမ္ထဲမွာပဲ ႐ုပ္ရွင္ၾကည့္လိုက္၊ စားလိုက္၊ အိပ္လိုက္လုပ္ေနတာေၾကာင့္လည္းပါပါတယ္။
“အခန္းထဲမွာ တစ္ေယာက္တည္းေနတာၾကာလာတဲ့အခါ အထီးက်န္တာနဲ႔ ေထာင္ေခ်ာက္ထဲမိသလို ခံစားခ်က္မ်ိဳးေတြ စတင္ခံစားလာရတတ္ပါတယ္” လို႔ ဘန္းနက္တ္က Elite Daily ကို ေျပာထားပါတယ္။ အလုပ္ေတြကို ေကာ္ဖီဆိုင္ထိုင္ၿပီး လုပ္တာျဖစ္ျဖစ္၊ ပန္းၿခံထဲလမ္းေလၽွာက္တာမ်ိဳးျဖစ္ျဖစ္ ျပဳလုပ္ၾကည့္ပါ။

မသိတဲ့သူေတြခ်ည္း သင့္အနားမွာရွိေနတယ္ဆိုရင္ေတာင္ အနည္းဆုံးလူေတြၾကား ရွင္သန္ေနရတယ္ဆိုတာက တစ္ေယာက္တည္းေနၿပီး အထီးက်န္ေနရတာထက္ေတာ့ပိုသာပါတယ္။

၃။ သင့္ကိုလိုအပ္ေနတဲ့သူေတြကို အခ်ိန္ေပးပါ

Dr. ဘရက္ဒ္ေလ နယ္လ္ဆင္ (Dr. Bradley Nelson) ကေနၿပီး “ၾကမ္းတမ္းတဲ့ဘဝကို ျဖတ္သန္းေနရတဲ့ သူငယ္ခ်င္းတစ္ေယာက္ေလာက္ မင္းမွာရွိလား” ဆိုၿပီးေမးခဲ့ပါတယ္။ သင့္သူငယ္ခ်င္းရဲ႕ျပႆနာေတြကို နားေထာင္ၿပီး အႀကံဥာဏ္ေတြ ကူစဥ္းစားေပးတာက သင့္ရဲ႕ဦးတည္ခ်က္နဲ႔ စိတ္ကို အေျပာင္းအလဲျဖစ္ေစပါတယ္။

Dr. နယ္လ္ဆင္ က Elite Daily ကို “အထီးက်န္တာနဲ႔ တစ္ကိုယ္တည္းျဖစ္ေနတဲ့ခံစားခ်က္ကို တြန္းလွန္ဖို႔အေကာင္းဆုံးနည္းလမ္းက ကိုယ္တိုင္အျပင္ထြက္ၿပီး တျခားသူေတြကို အကူအညီေပးတာပဲ” လို႔ ေျပာျပခဲ့ပါတယ္။ ဒီအရာဟာ သင့္ကိုယ္သင္နဲ႔ သင့္အခက္အခဲေတြကို အာ႐ုံစိုက္မႈေလ်ာ့နည္းေစကာ သင့္ရဲ႕အကူအညီကိုလိုအပ္ေနတဲ့ တျခားတေယာက္ဆီစိတ္ေရာက္ၿပီး သင့္ကိုယ္သင္လည္း အေရးပါတဲ့သူအျဖစ္ ခံစားလာရေစပါတယ္။

၄။ လူမႈကြန္ရက္ေတြက အေျဖမဟုတ္ပါဘူး

မာေလ ေယာ့စ္ (Merle Yost) ကေတာ့ လူမႈကြန္ရက္ေတြေပၚကေန အဆက္အသြယ္လုပ္တာနဲ႔ စာတိုေတြေပးပို႔တာထက္ သူငယ္ခ်င္းအခ်င္းခ်င္း အျပင္မွာေတြ႕ၿပီး မ်က္ႏွာခ်င္းဆိုင္စကားေျပာၾကတာက ပိုလို႔အက်ိဳးရွိေၾကာင္း ေျပာပါတယ္။

“ေဖ့စ္ဘြတ္ခ္ (Facebook) နဲ႔ အင္စတာဂရမ္ (Instagram) ေလာက္နဲ႔ မလုံေလာက္ပါဘူး။ လူေတြနဲ႔ စကားေျပာဖို႔ လိုအပ္ပါတယ္။ ေလ့က်င့္ခန္းလုပ္ဖို႔၊ ႐ုပ္ရွင္ၾကည့္ဖို႔နဲ႔ တျခားကိစၥတစ္ခုခုကို အေၾကာင္းျပဳၿပီး လူေတြနဲ႔အျပင္မွာ ထိေတြ႕ဆက္ဆံေပးေနဖို႔ လိုအပ္ပါတယ္”

လူမႈကြန္ရက္ေတြက တကယ္ေကာင္းတယ္၊ အကူအညီရတယ္ဆိုေပမယ့္ ကိုယ္ခ်စ္တဲ့လူတစ္ေယာက္ကို ေပြ႕ဖက္ရတာနဲ႔ သူနဲ႔အတူတူ အျပင္မွာေတြ႕ၿပီး ရယ္ေမာစကားေျပာရတာ ပိုေကာင္းတယ္ဆိုတာကိုေတာ့ သင္လက္ခံႏိုင္ဖို႔လိုအပ္ပါတယ္။

၅။ တစ္ေယာက္တည္းျဖစ္ေနရင္ေတာင္ အျပင္ထြက္စားပါ

“အထီးက်န္ျခင္းကို ထိုးစစ္ဆင္ႏိုင္မယ့္ အဓိကေသာ့ခ်က္က သင္မၾကာခဏသြားႏိုင္မယ့္ စားေသာက္ဆိုင္ေနရာ သုံး၊ ေလးခုကို ရွာေဖြထားတာပါ” လို႔ Elite Daily ကို ေယာစ့္က ေျပာၾကားခဲ့ပါတယ္။ “အလုပ္သမားေတြကို သိလာမယ္။ သင္က သူတို႔နာမည္ကို ေမးမယ္။ သူတို႔က သင့္နာမည္ကို မွတ္မိလာမယ္။ ၿပီးရင္ သင္ဘာႀကိဳက္တတ္ၿပီး ဘာေတြစားတတ္တယ္ဆိုတာကို သိမယ့္သူေတြ ရွိလာပါလိမ့္မယ္။”

တစ္ေယာက္တည္း ထမင္းစားေနရတယ္ဆိုရင္ေတာင္မွ စာအုပ္ေကာင္းေလးတစ္အုပ္နဲ႔ အေဖာ္ျပဳလိုက္ပါ။ ေယာစ့္ေျပာသလိုပဲ သင္ႏွစ္ၿခိဳက္တဲ့ ေကာ္ဖီဆိုင္ကို မၾကာခဏသြားရင္း လူတခ်ိဳ႕ရဲ႕မ်က္ႏွာေတြကို သင္စတင္သထားမိလာပါမယ္။ မၾကာခင္မွာပဲ အဆက္အသြယ္ေတြ အမ်ားႀကီး ရရွိလာႏိုင္ပါတယ္။

၆။ တတ္ကၽြမ္းသူေတြနဲ႔ ေဆြးေႏြးဖို႔မေၾကာက္႐ြံ႕ပါနဲ႔

တစ္ခါတရံမွာ အထီးက်န္ျခင္းဆိုတာဟာနက္နဲၿပီး တညတည္းေျဖရွင္းလို႔ၿပီးသြားမယ့္ ကိစၥလည္းမဟုတ္ပါဘူး။ Dr. ႐ိုင္ယန္ ေဟာ့ပါ (Dr. Ryan Hooper) က သူရဲ႕လူနာေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ကိုယ္သူတို႔ တျခားသူေတြနဲ႔ဆက္သြယ္ၾကည့္ဖို႔ ႀကိဳးစားခဲ့တဲ့ ခက္ခက္ခဲခဲအခ်ိန္ကာလေတြကို ျဖတ္ေက်ာ္ခဲ့ၾကဖူးပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“သူတို႔ကို ေကာ္ဖီဆိုင္သြားဖို႔၊ ပန္းခ်ီျပခန္းသြားဖို႔ ေခၚတဲ့သူငယ္ခ်င္းေတြနဲ႔ ဆက္ဆံဖို႔ေတာင္ လူမႈပတ္ဝန္းက်င္ကို ေၾကာက္႐ြံ႕ေတြေဝေနခဲ့ရတဲ့ အခ်ိန္ေတြရွိခဲ့ဖူးပါတယ္” လို႔ Dr. ေဟာ့ပါက ေျပာၾကားပါတယ္။ ဆရာဝန္နဲ႔ သူ႕လူနာေတြဟာ သူတို႔ကိုယ္ပိုင္ေမၽွာ္လင့္ခ်က္ေတြကို အေျဖရွာရင္း တစ္ပတ္ခ်င္းစီ ႀကိဳးစားခဲ့ၾကရတာပါလို႔လည္း ဆိုခဲ့ပါတယ္။

ဒါေၾကာင့္မို႔ သင့္ရဲ႕စိတ္က်န္းမာေရးအတြက္ တတ္ကၽြမ္းသူေတြနဲ႔ ေဆြးေႏြးၿပီး အထီးက်န္ျခင္းကို တြန္းလွန္ဖို႔လိုအပ္တယ္ဆို အကူအညီရယူဖို႔အတြက္ ဘာကိုမွရွက္ေနစရာမလိုဘူးဆိုတာ မေမ့ပါနဲ႔။ သင္ဟာ ေပ်ာ္႐ႊင္မႈကို ခံစားဖို႔အတြက္ ထိုက္တန္ၿပီး သင့္ကိုကူညီဖို႔လူေတြ အမ်ားႀကီးရွိေနတယ္ဆိုတာကိုလည္း အၿမဲတမ္း သတိရေနဖို႔ လိုပါတယ္။

Unicodeဖြင့်ဖတ်ရန်
အထီးကျန်တယ်ဆိုတဲ့ ခံစားချက်ဟာ လုံးဝ ကသိကအောက်ဖြစ်စရာကောင်းပြီး လူတိုင်းလိုလိုလည်း ခံစားဖူးကြပါတယ်။ အသက်ကြီးလာလေလေ ကိုယ်ပိုင်တိုက်ခန်းထဲ တစ်ယောက်တည်း နေရတဲ့ခံစားချက်မျိုးကို ခံစားရလာလေလေပါပဲ။

တစ်ယောက်တည်း ဘယ်လိုရှင်သန်နေထိုင်မလဲဆိုတာက စိန်ခေါ်မှုတစ်ရပ်ဆိုပေမယ့် လုံးဝမဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ အချိန်တိုင်းလိုလို အထီးကျန်နေရတယ်ဆိုပေမယ့် အမြဲတမ်း သင်တစ်ယောက်တည်းဖြစ်နေတာ မဟုတ်ဘူးဆိုတာကိုတော့ လက်ခံနိုင်ရပါမယ်။

တစ်ယောက်တည်းလာပြီး တစ်ယောက်တည်းပြန်ရမယ်ဆိုတဲ့ ဆိုရိုးရှိပေမယ့် ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမှီ ဆိုတဲ့စကားပုံကလည်းရှိပါသေးတယ်။ ဒါကြောင့် အထီးကျန်ခြင်းနဲ့ အထီးကျန်ခြင်းကိုခံစားနေရတယ်ဆိုတဲ့ ခံစားချက်နှစ်ခုက မတူညီဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်း အချိန်ကုန်တာကောင်းပေမယ့် သင့်အနေနဲ့ သီးသန့်ကြီးဖြစ်နေတယ်လို့ ခံစားရရင်တော့ သင့်ကို ပိုလို့သက်တောင့်သက်သာဖြစ်လာစေပြီး အထီးကျန်ခြင်းကိုလျော့နည်းနိုင်စေမယ့် အခုပြောပြပေးတဲ့နည်းလမ်းလေးတွေကို လိုက်နာကြည့်လိုက်ပါ။

၁။ သူငယ်ချင်းတွေကို အလည်ခေါ်ပါ

အတိုင်ပင်ခံ ဒေးဗစ် ဘန်းနက်တ် (David Bennett) က Elite Daily ကို “သင်တစ်ယောက်တည်းနေရလို့ အမြဲတမ်းတစ်ယောက်တည်းပဲ ဖြစ်နေရမယ်လို့မဆိုလိုပါဘူး” ဆိုပြီး ပြောပါတယ်။ “လူတော်တော်များများ အထီးကျန်နေရတယ်ဆိုတာကို မင်းသိရင် အံ့ဩကောင်းအံ့ဩသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပထမခြေလှမ်းအနေနဲ့ သူတို့ကို မင်းဆီအလည်ခေါ်ပါ” တဲ့။

ဘာမှထွေထွေထူးထူး လုပ်စရာမရှိဘူးဆိုရင်တောင်မှ ပါတီပေးတာမျိုးဖြစ်ဖြစ် လုပ်လိုက်ပါလို့ ဘန်းနက်တ်က ဆိုပါတယ်။ သူငယ်ချင်းတွေကို အိမ်အလည်ခေါ်ပြီး ဗီဒီယိုဂိမ်းကစားတာ၊ ရုပ်ရှင်ကြည့်တာနဲ့ ရိုးရိုးရှင်ရှင်း တခြားအပေါင်းအသင်းတွေနဲ့စုပြီး ပျော်ရွှင်မှုကို ရှာနိုင်ပါတယ်။

“လူတွေနဲ့ဆက်ဆံဖို့ အကြောင်းအရင်းရာ၊ ထောင်ချီရှိတဲ့အတွက် ရှာဖွေပြီး အသုံးပြုလိုက်ပါ” လို့လည်း ဘန်းနက်တ်က အကြုံပြုထားပါတယ်။

၂။ အိမ်ပြင်ထွက်ပေးပါ

တစ်ခါတလေ အထီးကျန်တယ်ဆိုတဲ့ခံစားချက်ဟာ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ ရုပ်ရှင်ကြည့်လိုက်၊ စားလိုက်၊ အိပ်လိုက်လုပ်နေတာကြောင့်လည်းပါပါတယ်။
“အခန်းထဲမှာ တစ်ယောက်တည်းနေတာကြာလာတဲ့အခါ အထီးကျန်တာနဲ့ ထောင်ချောက်ထဲမိသလို ခံစားချက်မျိုးတွေ စတင်ခံစားလာရတတ်ပါတယ်” လို့ ဘန်းနက်တ်က Elite Daily ကို ပြောထားပါတယ်။ အလုပ်တွေကို ကော်ဖီဆိုင်ထိုင်ပြီး လုပ်တာဖြစ်ဖြစ်၊ ပန်းခြံထဲလမ်းလျှောက်တာမျိုးဖြစ်ဖြစ် ပြုလုပ်ကြည့်ပါ။

မသိတဲ့သူတွေချည်း သင့်အနားမှာရှိနေတယ်ဆိုရင်တောင် အနည်းဆုံးလူတွေကြား ရှင်သန်နေရတယ်ဆိုတာက တစ်ယောက်တည်းနေပြီး အထီးကျန်နေရတာထက်တော့ပိုသာပါတယ်။

၃။ သင့်ကိုလိုအပ်နေတဲ့သူတွေကို အချိန်ပေးပါ

Dr. ဘရက်ဒ်လေ နယ်လ်ဆင် (Dr. Bradley Nelson) ကနေပြီး “ကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းနေရတဲ့ သူငယ်ချင်းတစ်ယောက်လောက် မင်းမှာရှိလား” ဆိုပြီးမေးခဲ့ပါတယ်။ သင့်သူငယ်ချင်းရဲ့ပြဿနာတွေကို နားထောင်ပြီး အကြံဉာဏ်တွေ ကူစဉ်းစားပေးတာက သင့်ရဲ့ဦးတည်ချက်နဲ့ စိတ်ကို အပြောင်းအလဲဖြစ်စေပါတယ်။

Dr. နယ်လ်ဆင် က Elite Daily ကို “အထီးကျန်တာနဲ့ တစ်ကိုယ်တည်းဖြစ်နေတဲ့ခံစားချက်ကို တွန်းလှန်ဖို့အကောင်းဆုံးနည်းလမ်းက ကိုယ်တိုင်အပြင်ထွက်ပြီး တခြားသူတွေကို အကူအညီပေးတာပဲ” လို့ ပြောပြခဲ့ပါတယ်။ ဒီအရာဟာ သင့်ကိုယ်သင်နဲ့ သင့်အခက်အခဲတွေကို အာရုံစိုက်မှုလျော့နည်းစေကာ သင့်ရဲ့အကူအညီကိုလိုအပ်နေတဲ့ တခြားတယောက်ဆီစိတ်ရောက်ပြီး သင့်ကိုယ်သင်လည်း အရေးပါတဲ့သူအဖြစ် ခံစားလာရစေပါတယ်။

၄။ လူမှုကွန်ရက်တွေက အဖြေမဟုတ်ပါဘူး

မာလေ ယော့စ် (Merle Yost) ကတော့ လူမှုကွန်ရက်တွေပေါ်ကနေ အဆက်အသွယ်လုပ်တာနဲ့ စာတိုတွေပေးပို့တာထက် သူငယ်ချင်းအချင်းချင်း အပြင်မှာတွေ့ပြီး မျက်နှာချင်းဆိုင်စကားပြောကြတာက ပိုလို့အကျိုးရှိကြောင်း ပြောပါတယ်။

“ဖေ့စ်ဘွတ်ခ် (Facebook) နဲ့ အင်စတာဂရမ် (Instagram) လောက်နဲ့ မလုံလောက်ပါဘူး။ လူတွေနဲ့ စကားပြောဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့နဲ့ တခြားကိစ္စတစ်ခုခုကို အကြောင်းပြုပြီး လူတွေနဲ့အပြင်မှာ ထိတွေ့ဆက်ဆံပေးနေဖို့ လိုအပ်ပါတယ်”

လူမှုကွန်ရက်တွေက တကယ်ကောင်းတယ်၊ အကူအညီရတယ်ဆိုပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ပွေ့ဖက်ရတာနဲ့ သူနဲ့အတူတူ အပြင်မှာတွေ့ပြီး ရယ်မောစကားပြောရတာ ပိုကောင်းတယ်ဆိုတာကိုတော့ သင်လက်ခံနိုင်ဖို့လိုအပ်ပါတယ်။

၅။ တစ်ယောက်တည်းဖြစ်နေရင်တောင် အပြင်ထွက်စားပါ

“အထီးကျန်ခြင်းကို ထိုးစစ်ဆင်နိုင်မယ့် အဓိကသော့ချက်က သင်မကြာခဏသွားနိုင်မယ့် စားသောက်ဆိုင်နေရာ သုံး၊ လေးခုကို ရှာဖွေထားတာပါ” လို့ Elite Daily ကို ယောစ့်က ပြောကြားခဲ့ပါတယ်။ “အလုပ်သမားတွေကို သိလာမယ်။ သင်က သူတို့နာမည်ကို မေးမယ်။ သူတို့က သင့်နာမည်ကို မှတ်မိလာမယ်။ ပြီးရင် သင်ဘာကြိုက်တတ်ပြီး ဘာတွေစားတတ်တယ်ဆိုတာကို သိမယ့်သူတွေ ရှိလာပါလိမ့်မယ်။”

တစ်ယောက်တည်း ထမင်းစားနေရတယ်ဆိုရင်တောင်မှ စာအုပ်ကောင်းလေးတစ်အုပ်နဲ့ အဖော်ပြုလိုက်ပါ။ ယောစ့်ပြောသလိုပဲ သင်နှစ်ခြိုက်တဲ့ ကော်ဖီဆိုင်ကို မကြာခဏသွားရင်း လူတချို့ရဲ့မျက်နှာတွေကို သင်စတင်သထားမိလာပါမယ်။ မကြာခင်မှာပဲ အဆက်အသွယ်တွေ အများကြီး ရရှိလာနိုင်ပါတယ်။

၆။ တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးဖို့မကြောက်ရွံ့ပါနဲ့

တစ်ခါတရံမှာ အထီးကျန်ခြင်းဆိုတာဟာနက်နဲပြီး တညတည်းဖြေရှင်းလို့ပြီးသွားမယ့် ကိစ္စလည်းမဟုတ်ပါဘူး။ Dr. ရိုင်ယန် ဟော့ပါ (Dr. Ryan Hooper) က သူရဲ့လူနာတော်တော်များများဟာ သူတို့ကိုယ်သူတို့ တခြားသူတွေနဲ့ဆက်သွယ်ကြည့်ဖို့ ကြိုးစားခဲ့တဲ့ ခက်ခက်ခဲခဲအချိန်ကာလတွေကို ဖြတ်ကျော်ခဲ့ကြဖူးပါတယ်လို့ ပြောကြားခဲ့ပါတယ်။

“သူတို့ကို ကော်ဖီဆိုင်သွားဖို့၊ ပန်းချီပြခန်းသွားဖို့ ခေါ်တဲ့သူငယ်ချင်းတွေနဲ့ ဆက်ဆံဖို့တောင် လူမှုပတ်ဝန်းကျင်ကို ကြောက်ရွံ့တွေဝေနေခဲ့ရတဲ့ အချိန်တွေရှိခဲ့ဖူးပါတယ်” လို့ Dr. ဟော့ပါက ပြောကြားပါတယ်။ ဆရာဝန်နဲ့ သူ့လူနာတွေဟာ သူတို့ကိုယ်ပိုင်မျှော်လင့်ချက်တွေကို အဖြေရှာရင်း တစ်ပတ်ချင်းစီ ကြိုးစားခဲ့ကြရတာပါလို့လည်း ဆိုခဲ့ပါတယ်။

ဒါကြောင့်မို့ သင့်ရဲ့စိတ်ကျန်းမာရေးအတွက် တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးပြီး အထီးကျန်ခြင်းကို တွန်းလှန်ဖို့လိုအပ်တယ်ဆို အကူအညီရယူဖို့အတွက် ဘာကိုမှရှက်နေစရာမလိုဘူးဆိုတာ မမေ့ပါနဲ့။ သင်ဟာ ပျော်ရွှင်မှုကို ခံစားဖို့အတွက် ထိုက်တန်ပြီး သင့်ကိုကူညီဖို့လူတွေ အများကြီးရှိနေတယ်ဆိုတာကိုလည်း အမြဲတမ်း သတိရနေဖို့ လိုပါတယ်။

Ref: news republic “How to deal with loneliness when living alone, according to expert”

Credit: Po Mo Htoo Aung (႐ိုးရာေလး)