ZawGyiဖြင့်ဖတ်ရန်





Credit >>> Suu Yee Phyo Fb

UniCodeဖြင့်ဖတ်ရန်

“လှည်းတန်းမှာ မိန်းကလေးတွေကို လက်သီးနဲ့ထိုးတာတို့ ကားလာနေတဲ့ဆီတွန်းလွှတ်တာတို့ လုပ်နေတယ်ဆိုတဲ့ လူ

မနေ့က Facebook ပေါ်မှာ ကောင်မလေးတစ်ယောက်က သူတွေ့ကြုံလာတဲ့ အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး အခုလို Share ထားပါတယ်နော်…

“အဲ့လူကို သတိထားကြပါ လှည်းတန်းမှာ တစ်ယောက်တည်း သွားလာနေတဲ့ မိန်းကလေးတွေကို လက်သီးနဲ့ထိုးတာတို့ ကားလာနေတဲ့ဆီ တွန်းလွှတ်တာတို့ လုပ်တယ် ဘာလို့လုပ်တာလဲမေးတော့ လုပ်ချင်လို့လုပ်တာတဲ့ ရဲတိုင်မယ်ဆို တိုင်တိုင်တဲ့ သူ့လက်ထဲမှ ဘာမှမပါလို့သာတော်သေးတာ အကယ်လို့ တုတ်တို့ ဓားတို့ပါရင် အသက်အန္တရာယ်ရှိနိုင်တယ် ကြည့်ရတာ ခေါင်းမကောင်းတဲ့ပုံပဲ ရဲကိုလည်း တိုင်ထားလို့ ရဲတွေလိုက်ရှာနေကြပါတယ် တွေ့ကြရင်လည်း မိန်းကလေးတွေ တစ်ယောက်တည်းဆို အနားမှာရှိတဲ့သူတွေဆီ အကူအညီတောင်းပါ သူ့ကိုတွေ့ရင်လည်း ရဲကို အကြောင်းကြားပေးကြပါ
မြန်မာနိုင်ငံရဲတပ်ဖွဲ့လည်း အရင်လိုမဟုတ်တော့ပါဘူး ဖုန်းဆက်ပီး ၁၀မိနစ်အတွင်း လှည်းတန်းကို ရောက်လာပီး လိုက်ရှာပေးနေပါတယ် “

တော်တော်များများကလည်း အဆိုပါ status အောက်မှာ ထိုလူကိုတွေ့ခဲ့တဲ့ အကြောင်း ၊ တစ်ခြားမဖွယ်မရာတွေလဲ ပြုလုပ်ကြောင်း ပြောကြပါတယ်…

ဒါကြောင့် တစ်ယောက်ထဲ သွားနေရတဲ့ မိန်းကလေးတွေရှိရင် သတိထားကြပါနော်…တစ်ခုခုဆို ပတ်ဝန်းကျင်ကို အကူအညီတောင်းကြပါ။ အားလုံးပဲ အန္တရယ်ကင်းကြပါစေရှင်

Credit >>> Suu Yee Phyo Fb

LEAVE A REPLY