Zawgyi ဖြင့်ဖတ်၇န်



Unicodeဖြင့်ဖတ်ရန်


Yang Dan လို့ အမည်ရတဲ့ အမျိုးသမီးကတော့ တရုတ်နိုင်ငံရဲ့ မိုးလေဝသ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်လာတာ ၂၂ နှစ်ကျော်နေပါပြီ။ CCTV သတင်း ဌာနရဲ့ နာမည်ကြီး သက်တော်ရှည်ဝန်ထမ်းတစ်ယောက်ဖြစ်သလို ၂၂ နှစ်အတွင်း အသက်နဲ့ မလိုက် ရုပ်ရည် အိုမင်းခြင်းမရှိလာတာကြောင့်လည်း ပိုမိုပြီး နာမည်ကြီးလာခဲ့ပါတယ်။

အသက်ဆိုတာသူ့ဆီမှာ မရှိဘူးလို့တောင် တင်စားထားကြပြီး သူမကိုတော့ International Woman’s Day မှာစံနမူနာထားစရာ အမျိုးသမီးတစ်ယောက်အဖြစ်တောင် ဖော်ပြခဲ့ကြပါတယ်။ ၂၂ နှစ်တာအတွင်း ငယ်ရွယ်ပျိုမြစ်မှုတွေနဲ့ မိုးလေဝသ အစီအစဉ်ကို ကောင်းကောင်းမွန်မွန် တင်ဆက်နေနိုင်ဆဲဖြစ်ပြီး အခုဆိုရင်တော့ သူမဟာအတော်လေးနာမည်ကြီးနေပြီး သူမရဲ့ မိုးလေဝသ အစီအစဉ်ကိုလည်း လူတွေက တော်တော် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

Yang Dan ဆိုတာ တကယ် အသက်ကို နံပါတ်လို့ပဲ သဘောထားသူပါ။ ခေတ်နှစ်ခေတ်လောက်ကို သူမကော်ငးကောင်း အလုပ်လုပ်နိုင်ခဲ့တယ်လေလို့ သူမရဲ့ ပရိသတ်တစ်ယောက်က ရေးသားထားခဲ့ပါတယ်။ Yang Dan ကိုတော့ ၁၉၇၃ ခုနှစ် နိုဝင်ဘာလမှာ မွေးဖွားခဲ့ပြီး China’s Central Television Station မှာ ၁၉၉၆ ခုနှစ်တည်းက စပြီး အလုပ်လုပ်ပေးခဲ့တာပါ။

Bruce

#knowledge.thithtoolwin.com

Ref : Oddity
Credit: သစ္ထူးလြင္