ZawGyiဖြင့်ဖတ်ရန်






UniCodeဖြင့်ဖတ်ရန်

“မှင်သက်စရာ ရှုခင်းလေးနဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံရဲ့ အိမ်အသစ်”

ပရိသတ်တွေရဲ့အချစ်တော် ဇနီးမောင်နှံဖြစ်တဲ့ မောင်ထက်ဦးလှိုင်နဲ့ မယွန်းဝတီလွင်မိုး (ခေးခေး ) တို့ကတော့ အိမ်အသစ်ရွေ့သွားပြီဖြစ်တယ်လို့ ယွန်းဝတီလွင်မိုးရဲ့ instagram မှ တဆင့်သိရပါတယ်။ ပရိသတ်တွေသိထားကြတဲ့အတိုင်း သူတို့ဇနီးမောင်နှံဟာ မပြီးဆုံးသေးတဲ့ ပညာရေးအတွက် သြစတြေးလျမှာ နေထိုင်ရင်း ပညာသင်ယူနေကြတာပဲဖြစ်ပါတယ်။

ခေးဟာ သူမတို့ဇနီးမောင်နှံနဲ့ ပတ်သတ်တဲ့အကြောင်းအရာလေးတွေ မိသားစုနဲ့ပတ်သတ်တဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ instagram မှာ update တင်လေ့ရှိပြီး အိမ်အသစ်ပြောင်းဖြစ်ခဲ့ပုံကိုလည်း တင်ထားတာ တွေ့ရပါတယ်။ ဒါကတော့ (၂) နှစ်အတွင်း လေးကြိမ်မြောက်အိမ်ရွှေ့တာဖြစ်ပြီး ယခု apartment လေးကို အချိန်တစ်လကြာပေးပြီး သေချာရှာထားတာဖြစ်တယ်လို့ သိရပါတယ်။

အိမ်ကတော့ အထပ်မြင့်တိုက်တစ်လုံးဖြစ်ပြီး သူမတို့အခန်းကနေမြင်ရတဲ့ မြင်ကွင်းဟာလည်း အင်မတန်လှပတာကို တွေ့ရပါတယ်။ ခေးကတော့ ဒီအခန်းလေးဟာ သူမတို့အတွက် “Heaven” ( နိဗာန် ) ပဲလို့ဆိုထားပြီး သူမတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ ဓာတ်ပုံလေးကို တင်ထားပါတယ်။ ကဲ ပရိသတ်ကြီးအတွက်ထက်နဲ့ ခေးတို့ရဲ့ အိမ်အသစ်က မြင်ကွင်းလေးနဲ့ရိုက်ထားတဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…

Photo Source : Yun Wadi Lwin Moe

Credit: myanmarload.com