–Zawgyi ျဖင့္ဖတ္၇န္
ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ရွိ Palais de Tokyo လို႔ အမည္ေပးထားတဲ့ Contemporary Art အႏုပညာျပတိုက္ကို အဝတ္မပါ ကိုယ္ဗလာနဲ႔ သဘာ၀ အတိုင္း ဝင္ေရာက္ၾကည့္ရႈႏိုင္တဲ့ ပထမဆုံး ျပတိုက္ အျဖစ္ သတ္မွတ္လိုက္ပါၿပီ။

ၿပီးခဲ့တဲ့ ေမ ၅ ရက္ စေနေန႔က ဝိေရာဓိ၊ ည၏ သမီးပ်ိဳ (Discord, Daughter of the Night) လို႔ အမည္ေပးထားတဲ့ အႏုပညာ ျပပြဲအတြင္း Naturist (သဘာဝသမား) လူေပါင္း ၁၆၀ ဝန္းက်င္ ခန႔္ကို ဝတ္လစ္စလစ္ျဖင့္ ဝင္ေရာက္ လွည့္လည္ ၾကည့္ရႈ ခံစားခြင့္ ေပးခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

အဲဒီ ျပပြဲရက္ မတိုင္မီ ၂ ရက္အလိုေလာက္က အဆိုပါ ဝတ္လစ္စလစ္နဲ႔ ျပခန္းအတြင္း လွည့္လည္ ၾကည့္ရႈမယ့္ အစီအစဥ္ လက္မွတ္မ်ား ေရာင္းခ်ခဲ့တာ ျဖစ္ၿပီး သဘာဝသမားမ်ားရဲ႕ တက္ႂကြလႈပ္ရွားမႈကို အားေပးရာ ေျခလွမ္းတရပ္ ျဖစ္တယ္၊ ယမန္ႏွစ္က တည္ေထာင္ခဲ့တဲ့ Bois de Vincennes park ဖြင့္လွစ္ႏိုင္ဖို႔ လႈပ္ရွားသည့္ ေျခလွမ္းမ်ိဳးပင္ ျဖစ္တယ္ လို႔ ေျပာဆိုၾကပါတယ္။

ပါရီ သဘာဝသမားမ်ား အစည္းအ႐ုံး (Paris Naturists Association) ရဲ႕ ဆက္သြယ္ေရး ဒါ႐ိုက္တာ ဂ်ဴလီယန္ကေလာ့ဒ္ ပင္နီဂရီ (Julien Claude-Penegry) က “သဘာဝသမားေတြရဲ႕ အေနအထားက ဝတ္လစ္စလစ္ပါ။ ေန႔စဥ္လူမႈ ဘဝေတြရဲ႕ အစိတ္အပိုင္း တရပ္လည္း ျဖစ္ပါတယ္။ ၿပီးေတာ့ အခုရတဲ့ အခြင့္အလမ္းက တကယ့္ကို ထူးျခားပါတယ္” လို႔ ေျပာပါတယ္။

“ယေန႔ေခတ္မွာေတာ့ စိတ္ပိုင္းဆိုင္ရာ အေနအထားေတြက ေျပာင္းလဲ လာေနပါၿပီ၊ သဘာဝသမားေတြက လူမႈ အတားအဆီးေတြ၊ ဘာသာေရး တားျမစ္ခ်က္ေတြ၊ တနည္းအားျဖင့္ လူသားရဲ႕ စိတ္ပိုင္းဆိုင္ရာကို ေႏွာင္ငင္ ပိတ္ဆို႔ ထားေတြကို ဖယ္ရွားခ်ီတက္ေနပါတယ္” လို႔လည္း သူက ဆိုပါတယ္။

ျပင္သစ္တႏိုင္ငံလုံးမွာ သဘာဝသမား ၂ ဒသမ ၆ သန္းေက်ာ္ ရွိၿပီး ပါရီသဘာဝသမားမ်ား အစည္းအ႐ုံးဝင္က ၈ ေသာင္း ၈ ေထာင္ ရွိတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၃ ခုႏွစ္ကလည္း ဗီယင္နာမွာ ရွိတဲ့ ျပခန္းတခုရဲ႕ အမ်ိဳးသားNude ပန္းခ်ီကား ျပပြဲမွာ လာေရာက္ၾကည့္ရႈသူေတြကို အဝတ္အစားမဲ့ ဝင္ေရာက္ၾကည့္ရႈေစခဲ့သလို ၾသစေၾတးလ်က ျပတိုက္တခုကလည္း လာေရာက္ၾကည့္ရႈသူေတြကို အဝတ္အစား ခြၽတ္ကာ ၾကည့္ရႈခြင့္ ျပဳခဲ့တယ္ လို႔ ဆိုပါတယ္။

Ref: www.dailymail.co.uk
Unicodeဖြင့်ဖတ်ရန်
ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Palais de Tokyo လို့ အမည်ပေးထားတဲ့ Contemporary Art အနုပညာပြတိုက်ကို အဝတ်မပါ ကိုယ်ဗလာနဲ့ သဘာ၀ အတိုင်း ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ပထမဆုံး ပြတိုက် အဖြစ် သတ်မှတ်လိုက်ပါပြီ။

ပြီးခဲ့တဲ့ မေ ၅ ရက် စနေနေ့က ဝိရောဓိ၊ ည၏ သမီးပျို (Discord, Daughter of the Night) လို့ အမည်ပေးထားတဲ့ အနုပညာ ပြပွဲအတွင်း Naturist (သဘာဝသမား) လူပေါင်း ၁၆၀ ဝန်းကျင် ခန့်ကို ဝတ်လစ်စလစ်ဖြင့် ဝင်ရောက် လှည့်လည် ကြည့်ရှု ခံစားခွင့် ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲဒီ ပြပွဲရက် မတိုင်မီ ၂ ရက်အလိုလောက်က အဆိုပါ ဝတ်လစ်စလစ်နဲ့ ပြခန်းအတွင်း လှည့်လည် ကြည့်ရှုမယ့် အစီအစဉ် လက်မှတ်များ ရောင်းချခဲ့တာ ဖြစ်ပြီး သဘာဝသမားများရဲ့ တက်ကြွလှုပ်ရှားမှုကို အားပေးရာ ခြေလှမ်းတရပ် ဖြစ်တယ်၊ ယမန်နှစ်က တည်ထောင်ခဲ့တဲ့ Bois de Vincennes park ဖွင့်လှစ်နိုင်ဖို့ လှုပ်ရှားသည့် ခြေလှမ်းမျိုးပင် ဖြစ်တယ် လို့ ပြောဆိုကြပါတယ်။

ပါရီ သဘာဝသမားများ အစည်းအရုံး (Paris Naturists Association) ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ ဂျူလီယန်ကလော့ဒ် ပင်နီဂရီ (Julien Claude-Penegry) က “သဘာဝသမားတွေရဲ့ အနေအထားက ဝတ်လစ်စလစ်ပါ။ နေ့စဉ်လူမှု ဘဝတွေရဲ့ အစိတ်အပိုင်း တရပ်လည်း ဖြစ်ပါတယ်။ ပြီးတော့ အခုရတဲ့ အခွင့်အလမ်းက တကယ့်ကို ထူးခြားပါတယ်” လို့ ပြောပါတယ်။

“ယနေ့ခေတ်မှာတော့ စိတ်ပိုင်းဆိုင်ရာ အနေအထားတွေက ပြောင်းလဲ လာနေပါပြီ၊ သဘာဝသမားတွေက လူမှု အတားအဆီးတွေ၊ ဘာသာရေး တားမြစ်ချက်တွေ၊ တနည်းအားဖြင့် လူသားရဲ့ စိတ်ပိုင်းဆိုင်ရာကို နှောင်ငင် ပိတ်ဆို့ ထားတွေကို ဖယ်ရှားချီတက်နေပါတယ်” လို့လည်း သူက ဆိုပါတယ်။

ပြင်သစ်တနိုင်ငံလုံးမှာ သဘာဝသမား ၂ ဒသမ ၆ သန်းကျော် ရှိပြီး ပါရီသဘာဝသမားများ အစည်းအရုံးဝင်က ၈ သောင်း ၈ ထောင် ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း ဗီယင်နာမှာ ရှိတဲ့ ပြခန်းတခုရဲ့ အမျိုးသားNude ပန်းချီကား ပြပွဲမှာ လာရောက်ကြည့်ရှုသူတွေကို အဝတ်အစားမဲ့ ဝင်ရောက်ကြည့်ရှုစေခဲ့သလို သြစတြေးလျက ပြတိုက်တခုကလည်း လာရောက်ကြည့်ရှုသူတွေကို အဝတ်အစား ချွတ်ကာ ကြည့်ရှုခွင့် ပြုခဲ့တယ် လို့ ဆိုပါတယ်။

Credit: burma.irrawaddy