ZawGyiဖြင့်ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် လူသုံးဦးက ၄င်းတို့အနက် ၁ ဦးအား “ ကုလား” ဟု ခေါ်ဆိုသွားသည့် အမျိုးသားကို မကျေနပ်၍ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က ကသာမြို့၊ ကန်ဘောင်လမ်းနှင့် ၃၅ လမ်းထောင့် ထမင်းဆိုင်၌ ဝင်းထက်ကိုကိုသည် သူငယ်ချင်းများနှင့်အတူထမင်းစားနေစဉ် လူ ၃ ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ၄င်း၏ နောက်ကျောကို ဓားဖြင့်ထိုး၍ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဝင်းထက်ကိုကို၏သူငယ်ချင်းဖြစ်သူ စိုးမင်းသိန်း(၃၆)နှစ်နှင့်အဖွဲ့က ၄င်းကိုဆေးရုံပို့ပြီးနောက် အမှတ်(၆)နယ်မြေရဲစခန်းသို့တိုင်ကြားခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ခဲ့ပြီး ကျော်မိုးဝင်း(၂၄)နှစ်၊ ထူးပြည့်စုံ(ခ)ကုလား(ခ)ဖူးကတုံး၊ (၂၁) နှစ်နှင့် ကျော်မင်းသူ(၁၇)နှစ်တို့အား မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။


Unicodeဖြင့်ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် လူသုံးဦးက ၎င်းတို့အနက် ၁ ဦးအား “ ကုလား” ဟု ခေါ်ဆိုသွားသည့် အမျိုးသားကို မကျေနပ်၍ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က ကသာမြို့၊ ကန်ဘောင်လမ်းနှင့် ၃၅ လမ်းထောင့် ထမင်းဆိုင်၌ ဝင်းထက်ကိုကိုသည် သူငယ်ချင်းများနှင့်အတူထမင်းစားနေစဉ် လူ ၃ ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ၎င်း၏ နောက်ကျောကို ဓားဖြင့်ထိုး၍ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဝင်းထက်ကိုကို၏သူငယ်ချင်းဖြစ်သူ စိုးမင်းသိန်း(၃၆)နှစ်နှင့်အဖွဲ့က ၎င်းကိုဆေးရုံပို့ပြီးနောက် အမှတ်(၆)နယ်မြေရဲစခန်းသို့တိုင်ကြားခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ခဲ့ပြီး ကျော်မိုးဝင်း(၂၄)နှစ်၊ ထူးပြည့်စုံ(ခ)ကုလား(ခ)ဖူးကတုံး၊ (၂၁) နှစ်နှင့် ကျော်မင်းသူ(၁၇)နှစ်တို့အား မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသည့် ၃ ဦးကိုစစ်ဆေးရာ ဝင်းထက်ကိုကိုက ထူးပြည့်စုံ(ခ)ကုလား(ခ)ဖူးကတုံးအား”ကုလား” ဟု ခေါ်ဆိုသဖြင့် ကျော်မင်းသူကမကျေနပ်၍ ဝင်းထက်ကိုကိုအား လိုက်ရှာပြီး ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ထို့ကြောင့်ပြစ်မှုကျူးလွန်သည့်ကျော်မင်းသူ၊ (၁၇)နှစ်၊ ကျော်မိုးဝင်း၊ (၂၄)နှစ်နှင့် ထူးပြည့်စုံ(ခ) ကုလား(ခ) ဖူးကတုံး(၂၁) နှစ်တို့ ၃ ဦးအား တရားစွဲတင်ဆောင်ရွက်စဉ် ဓားထိုခံရသည့် ဝင်းထက်ကိုကိုမှာ ဇွန်လ ၁၉ ရက်၊ ည ၁၀ နာရီခွဲခန့်က ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲစစ်ဆေးနေကြောင်း သတင်းရရှိသည်။
Credit: ဒါးဇ(အကုန္သိသတင္းဌာန)