Zawgyi ျဖင့္ဖတ္၇န္
စုေဆာင္းေဖြရွာ

ဒီမနက္ အေဖ အေမတို႔အိမ္မွာ “သားလတ္ကေလးေရ ေဗဒင္လို႔ ေရးထားတဲ့ စုဗူးရယ္ မက်ည္း႐ြက္လို႔ ေရးထားတဲ့စုဗူးရယ္ အေမ့ကိုယူလာေပး” က်ေနာ္ယူလာေတာ့ အေဖကေျပာတယ္ “ေဟ့ေရာင္ ေဗဒင္ကိုထားခဲ့ မက်ည္း႐ြက္က ႏွစ္ဗူးရွိတာ မက်ည္း႐ြက္ေတြပဲ ယူလာ” က်ေနာ္ အေဖေျပာတဲ့အတိုင္း ယူလာေပးလိုက္တယ္

စေကာထဲ စုဗူးႏွစ္လုံးေဖာက္ခ် ပိုက္ဆံေရၾကတယ္ စုစုေပါင္း275000ေက်ာ္ အရင္ႏွစ္က သုံးသိန္းေလာက္ရသတဲ့ ဒီႏွစ္နဲသြားသတဲ့ အေမေျပာတာ

႐ြာမွာ အေဖနဲ႔အေမ အိမ္ဆိုင္ေလးဖြင့္ထားတာ စားေလာက္႐ုံမကပါဘူး ပိုေငြေတာင္ႏွစ္စဥ္ အလႉအတန္းလုပ္ႏိုင္ပါေသးတယ္

ဒါေပမဲ့ အေမကေန႔စဥ္ အားတဲ့အခ်ိန္တိုင္း ႐ြာ႐ိုးတေလွ်ာက္ မက်ည္း႐ြက္ ကင္းမုံ႐ြက္ က်ီးအာ႐ြက္ ၾကက္ဟင္းခါးသီး အကုန္လိုက္ခူးတယ္ ႐ြာမွာေနတဲ့ ဝမ္းကြဲအမက က်ေနာ့္ကိုဖုန္းဆက္ၿပီး အၿမဲေျပာတယ္ အေမကေတာ့ ဘယ္သူေျပာေျပာခူးၿမဲ

အေဖေလ သူေဗဒင္ေဟာလို႔ရတဲ့ေငြ သူေတာင္းစား အိမ္ေရွ႕လာေတာင္းရင္ အနည္းဆုံး ငါးရာတန္ေပးတာဗ် က်ေနာ္က အေႂကြရွာတုန္း

အေမ ဟင္း႐ြက္ေရာင္းရသမွ်ပိုက္ဆံ စုဗူးထဲထည့္တာ သူ႔အတြက္အပိုဝင္ေငြတဲ့ အေဖ ေဗဒင္ေဟာလို႔ရတဲ့ေငြ စုဗူးထဲထည့္တာm သူ႔အတြက္အပိုဝင္ေငြပါတဲ့

က်ေနာ့္အေမ ဘယ္ေလာက္စံနစ္ေကာင္းသလဲ ပိုက္ဆံကို သပ္သပ္ရပ္ရပ္ေခါက္ အပ္ခ်ည္နဲ႔ခ်ည္ၿပီး စုဗူးထဲထည့္တာ မ်ားမ်ားဆံ့ေအာင္ေလ ေခါက္တာစုဗူးထဲေရာက္သြားရင္ အေခါက္ေျပၿပီး အမ်ားႀကီးမဆံ့ေတာ့ဘူးဆိုပဲ

မနက္ျဖန္ က်ေနာ္ျပန္မယ္ေျပာေတာ့ အေဖက “အေမႀကီး မင့္သားျပန္ရင္ ပိုက္ဆံေပးလိုက္အုံး “တဲ့

“ေပးႏိုင္ပါဘူးေတာ္ သူ႔လည္းပိုက္ဆံပါတာပဲ တေပါင္းအလႉလုပ္ဖို႔စုထားတာ” အဲ့လို အေမေျပာေတာ့ အေဖျပန္ေျပာတာ က်ေနာ္မ်က္ရည္လည္မိတယ္

“အေမႀကီး မင္းေနမေကာင္းလို႔ မင့္ သားလာရတာ မင္းမွာတာဝန္ရွိတယ္ ေပးလိုက္ပါကြာ “တဲ့

မိဘဆိုတာ ဒီလိုပါလို႔ေျပာပါရေစ တစ္ခ်ိဳ႕မိဘေတြေတာ့က်ေနာ္မသိဘူး

က်ေနာ္လည္းမိဘအ႐ြယ္မို႔ ဆုေတာင္းမိတယ္ ငါ့မိဘလို မိဘမ်ိဳးကလြဲလို႔ အျခားမိဘေတြလိုမျဖစ္ပါရေစနဲ႔ က်ေနာ့္ မိဘလို မိဘမ်ိဳးျဖစ္ဖို႔ ဆုေတာင္း ႀကိဳးစားသြားမယ္ဗ်ာ

က်ေနာ္တတ္ႏိုင္သေလာက္ကန္ေတာ့ခဲ့တယ္

ဒါေတာင္ အေဖက အိပ္ယာေဘးလာၿပီး “ငါ့သား မင္းအေမ မသိေအာင္သိမ္းထားတာရွိတယ္ ကေလးေတြအတြက္ယူသြား”တဲ့ လာေပးေနေသးတာ

အေဖနဲ႔အေမက အသက္၇၀ေက်ာ္ ခုခ်ိန္ထိ ေျမးေတြကို ေကြၽးတုန္း ေပးတုန္း ခုခ်ိန္ထိ ရွာတုန္းေဖြတုန္း လႉဒါန္း ေပးကမ္းတုန္း က်ေနာ္သူတို႔လိုျဖစ္ခ်င္တာသူတို႔ဆီက အတုေရာအစစ္ေရာယူမယ္ဗ်ာ

ေဩာ္????????စုန္ေရေလစုန္ေရ

Unicodeဖြင့်ဖတ်ရန်

စုဆောင်းဖွေရှာ

ဒီမနက် အဖေ အမေတို့အိမ်မှာ “သားလတ်ကလေးရေ ဗေဒင်လို့ ရေးထားတဲ့ စုဗူးရယ် မကျည်းရွက်လို့ ရေးထားတဲ့စုဗူးရယ် အမေ့ကိုယူလာပေး” ကျနော်ယူလာတော့ အဖေကပြောတယ် “ဟေ့ရောင် ဗေဒင်ကိုထားခဲ့ မကျည်းရွက်က နှစ်ဗူးရှိတာ မကျည်းရွက်တွေပဲ ယူလာ” ကျနော် အဖေပြောတဲ့အတိုင်း ယူလာပေးလိုက်တယ်

စကောထဲ စုဗူးနှစ်လုံးဖောက်ချ ပိုက်ဆံရေကြတယ် စုစုပေါင်း275000ကျော် အရင်နှစ်က သုံးသိန်းလောက်ရသတဲ့ ဒီနှစ်နဲသွားသတဲ့ အမေပြောတာ

ရွာမှာ အဖေနဲ့အမေ အိမ်ဆိုင်လေးဖွင့်ထားတာ စားလောက်ရုံမကပါဘူး ပိုငွေတောင်နှစ်စဉ် အလှူအတန်းလုပ်နိုင်ပါသေးတယ်

ဒါပေမဲ့ အမေကနေ့စဉ် အားတဲ့အချိန်တိုင်း ရွာရိုးတလျှောက် မကျည်းရွက် ကင်းမုံရွက် ကျီးအာရွက် ကြက်ဟင်းခါးသီး အကုန်လိုက်ခူးတယ် ရွာမှာနေတဲ့ ဝမ်းကွဲအမက ကျနော့်ကိုဖုန်းဆက်ပြီး အမြဲပြောတယ် အမေကတော့ ဘယ်သူပြောပြောခူးမြဲ

အဖေလေ သူဗေဒင်ဟောလို့ရတဲ့ငွေ သူတောင်းစား အိမ်ရှေ့လာတောင်းရင် အနည်းဆုံး ငါးရာတန်ပေးတာဗျ ကျနော်က အကြွေရှာတုန်း

အမေ ဟင်းရွက်ရောင်းရသမျှပိုက်ဆံ စုဗူးထဲထည့်တာ သူ့အတွက်အပိုဝင်ငွေတဲ့ အဖေ ဗေဒင်ဟောလို့ရတဲ့ငွေ စုဗူးထဲထည့်တာm သူ့အတွက်အပိုဝင်ငွေပါတဲ့

ကျနော့်အမေ ဘယ်လောက်စံနစ်ကောင်းသလဲ ပိုက်ဆံကို သပ်သပ်ရပ်ရပ်ခေါက် အပ်ချည်နဲ့ချည်ပြီး စုဗူးထဲထည့်တာ များများဆံ့အောင်လေ ခေါက်တာစုဗူးထဲရောက်သွားရင် အခေါက်ပြေပြီး အများကြီးမဆံ့တော့ဘူးဆိုပဲ

မနက်ဖြန် ကျနော်ပြန်မယ်ပြောတော့ အဖေက “အမေကြီး မင့်သားပြန်ရင် ပိုက်ဆံပေးလိုက်အုံး “တဲ့

“ပေးနိုင်ပါဘူးတော် သူ့လည်းပိုက်ဆံပါတာပဲ တပေါင်းအလှူလုပ်ဖို့စုထားတာ” အဲ့လို အမေပြောတော့ အဖေပြန်ပြောတာ ကျနော်မျက်ရည်လည်မိတယ်

“အမေကြီး မင်းနေမကောင်းလို့ မင့် သားလာရတာ မင်းမှာတာဝန်ရှိတယ် ပေးလိုက်ပါကွာ “တဲ့

မိဘဆိုတာ ဒီလိုပါလို့ပြောပါရစေ တစ်ချို့မိဘတွေတော့ကျနော်မသိဘူး

ကျနော်လည်းမိဘအရွယ်မို့ ဆုတောင်းမိတယ် ငါ့မိဘလို မိဘမျိုးကလွဲလို့ အခြားမိဘတွေလိုမဖြစ်ပါရစေနဲ့ ကျနော့် မိဘလို မိဘမျိုးဖြစ်ဖို့ ဆုတောင်း ကြိုးစားသွားမယ်ဗျာ

ကျနော်တတ်နိုင်သလောက်ကန်တော့ခဲ့တယ်

ဒါတောင် အဖေက အိပ်ယာဘေးလာပြီး “ငါ့သား မင်းအမေ မသိအောင်သိမ်းထားတာရှိတယ် ကလေးတွေအတွက်ယူသွား”တဲ့ လာပေးနေသေးတာ

အဖေနဲ့အမေက အသက်၇၀ကျော် ခုချိန်ထိ မြေးတွေကို ကျွေးတုန်း ပေးတုန်း ခုချိန်ထိ ရှာတုန်းဖွေတုန်း လှူဒါန်း ပေးကမ်းတုန်း ကျနော်သူတို့လိုဖြစ်ချင်တာသူတို့ဆီက အတုရောအစစ်ရောယူမယ်ဗျာ

ေဩာ်????????စုန်ရေလေစုန်ရေ

Credit: Min Khaing Fb