Zawgyi ျဖင့္ဖတ္၇န္
စစ္ကိုင္းၿမိဳ႕နယ္ ကုန္း႐ြာေက်း႐ြာမိုင္တိုင္အမွတ္ (၂၃/၁)ႏွင့္ (၂၃/၂)ၾကားတြင္ ဇြန္လ ၅ ရက္ ေန႔လည္ ၁၁ နာရီခြဲအခ်ိန္က ယာဥ္နွစ္စီးမ်က္နွာခ်င္းဆိုင္တိုက္မႈ ျဖစ္ပြားခဲ့ၿပီး ကားေပၚတြင္ပါသည့္ လူ (၇) ဦးေသဆံုး၍ (၉) ဦးဒဏ္ရာရခဲ့ေၾကာင္း စစ္ကိုင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕ က သိရသည္။

စစ္ကိုင္းမွ အုန္းေခ်ာဘက္သို႔ ယာဥ္ေမာင္း ေလးမင္း (၄၀) ႏွစ္ ေမာင္းႏွင္သည့္ Light Truck ယာဥ္နွင့္ မုံ႐ြာမွ စစ္ကိုင္းဘက္သို႔ ေမာင္းနွင္လာသည့္ CANTER (၆) ဘီးတို့ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာ Light Truck ေပၚတြင္လိုက္ပါလာသည့္ ခရီးသည္ (၁၆) ဦးအနက္ (၅) ဦးေနရာတြင္ ေသဆံုးခဲ့သည္။

ယင္းယာဥ္တိုက္မႈေၾကာင့္ ဒဏ္ရာရသူမ်ားကို စစ္ကိုင္းေဆးရံု နွင့္ မႏၲေလးအေထြေထြေရာဂါကု ေဆးရံုႀကီးတို့တြင္ တင္ပို့ခဲ့ၿပီး ေဆးရံုအေရာက္တြင္ (၂) ဦး ထပ္မံေသဆံုးခဲ့ေၾကာင္း စစ္ကိုင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕ မွ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

ယာဥ္တိုက္မႈျဖစ္စဥ္မွ မုံ႐ြာမွ စစ္ကိုင္းဘက္သို႔ ေမာင္းနွင္လာသည့္ CANTER (၆) ဘီးယာဥ္ေမာင္းမွာ ထြက္ေျပးသြားၿပီး ဖမ္းဆီးရမိေရးေဆာင္ရြက္ေနကာ သက္ဆိုင္ရာ ရဲစခန္းတြင္ အမႈဖြင့္အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

Unicodeဖြင့်ဖတ်ရန်

စစ်ကိုင်းမြို့နယ် ကုန်းရွာကျေးရွာမိုင်တိုင်အမှတ် (၂၃/၁)နှင့် (၂၃/၂)ကြားတွင် ဇွန်လ ၅ ရက် နေ့လည် ၁၁ နာရီခွဲအချိန်က ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကားပေါ်တွင်ပါသည့် လူ (၇) ဦးသေဆုံး၍ (၉) ဦးဒဏ်ရာရခဲ့ကြောင်း စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ က သိရသည်။

စစ်ကိုင်းမှ အုန်းချောဘက်သို့ ယာဉ်မောင်း လေးမင်း (၄၀) နှစ် မောင်းနှင်သည့် Light Truck ယာဉ်နှင့် မုံရွာမှ စစ်ကိုင်းဘက်သို့ မောင်းနှင်လာသည့် CANTER (၆) ဘီးတို့ မျက်နှာချင်းဆိုင် တိုက်မိရာ Light Truck ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် (၁၆) ဦးအနက် (၅) ဦးနေရာတွင် သေဆုံးခဲ့သည်။

ယင်းယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူများကို စစ်ကိုင်းဆေးရုံ နှင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတို့တွင် တင်ပို့ခဲ့ပြီး ဆေးရုံအရောက်တွင် (၂) ဦး ထပ်မံသေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှ မုံရွာမှ စစ်ကိုင်းဘက်သို့ မောင်းနှင်လာသည့် CANTER (၆) ဘီးယာဉ်မောင်းမှာ ထွက်ပြေးသွားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေကာ သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Credit: နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/