ZawGyiျဖင့္ဖတ္ရန္
အေမရိကန္ျပည္ေထာင္စု နယူးဂ်ာစီျပည္နယ္မွာ ညလုံးေပါက္ က်င္းပျပဳလုပ္ေနတဲ့ အႏုပညာပြဲေတာ္အတြင္း ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆုံးကာ အျခား လူ ၂၀ ထက္မနည္း ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။

ထရန္တန္ၿမဳိ႕မွာ က်င္းပျပဳလုပ္တဲ့ Art All Night Festival မွာ ယေန႕ (ဇြန္လ ၁၇ ရက္) ေဒသစံေတာ္ခ်ိန္ မနက္ ၃ နာရီမွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း Los Angeles Times သတင္းက ေဖာ္ျပပါတယ္။ ပစ္ခတ္ခဲ့သူေတြဟာ အမ်ဳိးသားႏွစ္ဦးျဖစ္ၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ အမ်ဳိးသားမွာ အျပန္အလွန္ ပစ္ခတ္မႈအတြင္း ေသဆုံးခဲ့ေၾကာင္းနဲ႕ ေနာက္ထပ္ သံသယ႐ွိသူကုိေတာ့ ရဲတပ္ဖြဲ႕က ဖမ္းဆီးထားေၾကာင္း သိရပါတယ္။

“ကနဦး စုံစမ္းစစ္ေဆးမႈေတြအရ Art All Night ပြဲကုိ လာေရာက္ခဲ့သူႏွစ္ဦးက ပစ္ခတ္ခဲ့ၾကၿပီး ၎တို႕ထံမွာ လက္နက္အခ်ဳိ႕ သိမ္းဆည္းရမိခဲ့ပါတယ္” လုိ႕ မာဆာေကာင္တီ အစိုးရေ႐ွ႕ေန အန္ဂ်လုိအြန္ႏုိဖရီက သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ပစ္ခတ္မႈအတြင္း ဒဏ္ရာရခဲ့သူေတြအနက္ အသက္ ၁၃ ႏွစ္အ႐ြယ္ ေယာက္်ားေလးတစ္ဦးဟာ ဒဏ္ရာအလြန္ျပင္းထန္ေၾကာင္းလည္း သိရပါတယ္။ ပစ္ခတ္မႈျဖစ္ပြားစဥ္ ပြဲေတာ္ကုိလာေရာက္သူ ၁,၀၀၀ ေက်ာ္ေနခဲ့ေၾကာင္းလည္း အန္ဂ်လုိက ေျပာပါတယ္။

Art All Night ပြဲေတာ္မွာ အႏုပညာလက္ရာမ်ား၊ ေတးဂီတေဖ်ာ္ေျဖမႈနဲ႕ အစားအေသာက္ ေရာင္းခ်မႈတြ ပါဝင္တယ္လို႕ဆုိပါတယ္။ ယခု က်င္းပျပဳလုပ္မႈဟာ ၁၂ ႀကိမ္ေျမာက္ အႏုပညာပြဲေတာ္ျဖစ္ၿပီး ေဒသတြင္း အႏုပညာ႐ွင္ေတြအတြက္ ရန္ပုံေငြရ႐ွိေစရန္ ရည္႐ြယ္ေၾကာင္း သိရပါတယ္။

Art All Night ပြဲေတာ္ကုိ စေနေန႕ (ဇြန္လ ၁၆ ရက္) မြန္းလြဲပုိင္းမွာစတင္ခဲ့ၿပီး ေနာက္တစ္ရက္ျဖစ္တဲ့ ဇြန္လ ၁၇ ရက္ မြန္းလြဲပုိင္းအထိ ၂၄ နာရီၾကာ ဆက္တုိက္ က်င္းပျပဳလုပ္ေနတာလည္း ျဖစ္ပါတယ္။ သုိ႕ေသာ္ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ယခုအခါ ပြဲေတာ္ကိုဖ်က္သိမ္းလုိက္ၿပီလို႕ သိရပါတယ္။
Unicodeျဖင့္ဖတ္ရန္
အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်မှာ ညလုံးပေါက် ကျင်းပပြုလုပ်နေတဲ့ အနုပညာပွဲတော်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ အခြား လူ ၂၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ထရန်တန်မြို့မှာ ကျင်းပပြုလုပ်တဲ့ Art All Night Festival မှာ ယနေ့ (ဇွန်လ ၁၇ ရက်) ဒေသစံတော်ချိန် မနက် ၃ နာရီမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Los Angeles Times သတင်းက ဖော်ပြပါတယ်။ ပစ်ခတ်ခဲ့သူတွေဟာ အမျိုးသားနှစ်ဦးဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် အမျိုးသားမှာ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ကြောင်းနဲ့ နောက်ထပ် သံသယရှိသူကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရပါတယ်။

“ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ Art All Night ပွဲကို လာရောက်ခဲ့သူနှစ်ဦးက ပစ်ခတ်ခဲ့ကြပြီး ၎င်းတို့ထံမှာ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပါတယ်” လို့ မာဆာကောင်တီ အစိုးရရှေ့နေ အန်ဂျလိုအွန်နိုဖရီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူတွေအနက် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးဟာ ဒဏ်ရာအလွန်ပြင်းထန်ကြောင်းလည်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားစဉ် ပွဲတော်ကိုလာရောက်သူ ၁,၀၀၀ ကျော်နေခဲ့ကြောင်းလည်း အန်ဂျလိုက ပြောပါတယ်။

Art All Night ပွဲတော်မှာ အနုပညာလက်ရာများ၊ တေးဂီတဖျော်ဖြေမှုနဲ့ အစားအသောက် ရောင်းချမှုတွ ပါဝင်တယ်လို့ဆိုပါတယ်။ ယခု ကျင်းပပြုလုပ်မှုဟာ ၁၂ ကြိမ်မြောက် အနုပညာပွဲတော်ဖြစ်ပြီး ဒေသတွင်း အနုပညာရှင်တွေအတွက် ရန်ပုံငွေရရှိစေရန် ရည်ရွယ်ကြောင်း သိရပါတယ်။

Art All Night ပွဲတော်ကို စနေနေ့ (ဇွန်လ ၁၆ ရက်) မွန်းလွဲပိုင်းမှာစတင်ခဲ့ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းအထိ ၂၄ နာရီကြာ ဆက်တိုက် ကျင်းပပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ သို့သော် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ ပွဲတော်ကိုဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။
Credit: Duwun