Zawgyi ဖြင့်ဖတ်၇န်
Unicodeဖြင့်ဖတ်ရန်
သရုပ်ဆောင်ပိုင်းမှာရော အကပိုင်းမှာပါ ထူးချွန်သူလေးတစ်ဦးဖြစ်တဲ့ အေငြိမ်းဖြူကတော့ အသံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ အဘက်ဘက်ကပြီးပြည့်စုံတဲ့ မင်းသမီးချောလေး အေငြိမ်းဖြူကတော့ အချစ်ရေးမှာလည်း ချစ်သူရဲ့သဲသဲလှုပ်ချစ်ခြင်းကိုခံထားရတဲ့ ကံကောင်းသူလေးတစ်ဦးပါ။ ဒါပေမယ့်လည်း ဒီနေ့လေးမှာတော့ အေငြိမ်းဖြူက “We Broke Up” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးက စိုးရိမ်နေကြပေမယ့် ရဲရင့်အောင်ကတော့ ချစ်သူလေးရဲ့ပိုစ့်အောက်မှာ “ကစားချင်ရင်အရုပ်ဝယ်ထား အချိန်လာမဖြုန်းနဲ့” ဆိုပြီး ပြန်လည်ပြောဆိုထားတာကိုတွေ့ရတာကြောင့် သူတို့ရဲ့အချစ်ရေးက ပြေလည်နေဆဲလားဆိုတာ ဝေခွဲမရဖြစ်လို့ နေပါတယ်နော်။
လွန်ခဲ့တဲ့တစ်နာရီလောက်က ငြေိမ်းဖြူက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။
ပါပါရာဇီတွေကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတဲ့ ဆယ်လီတို့ရဲ့ပုံရိပ်ဆိုးများ
ရဲရင့်အောင်ကတော့ ချစ်ရသူလေးကို My Queen ဆိုပြီး အမြဲလိုလိုတင်စားပြီး တယုတယနဲ့ ချစ်တတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။
လိုက်ဖက်ညီလွန်းတဲ့ ချစ်စရာစုံတွဲလေး
အမြဲလိုလို စိတ်ကောက်တတ်ပေမယ့်လည်း တစ်ဦးနဲ့တစ်ဦးစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကြောင့် အချိန်တိုလေးတစ်ခုအတွင်း ပြေလည်သွားလေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရဲရင့်အောင်နဲ့ အေငြိမ်းဖြူတို့ချစ်သူနှစ်ဦး အချစ်ရေးသာယာပြီး ထာဝရပျော်ရွှင်စွာ လက်တွဲသွားနိူင်ပါစေလို့ ဆုတောင်းပေးလိုက်ပါဦးနော်။
Myint Myat
Source:A Nyein Phyu’s Facebook
Credit: MOMOLAY