Zawgyi ျဖင့္ဖတ္၇န္
မေန႔ကယွဥ္ၿပိဳင္သြားတဲ့ ကမၻာ့ဖလားေဘာလံုးၿပိဳင္ပြဲ အုပ္စု အက္ဖ္ ပြဲစဥ္မွာ လက္ရွိခ်န္ပီယံ ဂ်ာမနီဟာ အံအားသင့္ဖြင့္ ရလဒ္အျဖစ္ ေတာင္ကုိရီးယားကုိ ၂ ဂိုး ဂိုးမရွိနဲ႔ ႐ႈံးနိမ့္သြားပါတယ္။

ဒီပြဲမွာ ဂ်ာမနီအသင္း ေဘာလံုးကုိင္ၿပီး ဖိအားေပး ကစားႏုိင္ေပမယ့္ တဖက္ေနာက္တန္းကုိ ထိထိေရာက္ေရာက္ မၿခိမ္းေျခာက္ႏုိင္ခဲ့ပါဘူး။

ဂုိးသြင္းခြင့္ေတြရေပမယ့္ ဂ်ာမန္ကစားသမားေတြ ဂိုးသြင္းပံု မေသခ်ာတာရယ္၊ ဂိုးကံေခတာရယ္နဲ႔ တဖက္ဂိုးသမား လက္စြမ္းျပ ကာကြယ္ႏုိင္လို႔ ဂိုးမသြင္းႏုိင္ ျဖစ္ခဲ့ရပါတယ္။

ေတာင္ကုိရီးယားအတြက္ ဦးေဆာင္ဂိုးကုိ အခ်ိန္ပုိ ၉၂ မိနစ္မွာ ကင္ေရာ္ဝမ္းက ဂ်ာမန္ေနာက္တန္း မရွင္းထုတ္ႏုိင္တဲ့ အမွားကေန သြင္းယူပါတယ္။ ဒီဂိုးေပးဖုိ႔ ကြင္းလယ္ဒုိင္က VAR နည္းစနစ္ အကူအညီ ရယူခဲ့ရပါတယ္။

ဒီပြဲမွာ ဂ်ာမန္အသင္း ကစားပံုဟာ ခ်န္ပီယံအသင္းလုိ႔ ေမးယူရေလာက္ေအာင္ အေပးအယူ အခ်ိတ္အဆက္ေတြ လြဲခဲ့ပါတယ္။

ကုိရီးယားအတြက္ ဒုတိယဂိုးကို တန္ျပန္တုိက္စစ္ကေန ဆြန္ေဟာင္မင္က သြင္းယူပါတယ္။

ကမၻာ့ခ်န္ပီယံ ၄ ႀကိမ္ ျဖစ္ဖူးထားတဲ့ ဂ်ာမနီဟာ ၁၉၃၈ ေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ အုပ္စုအဆင့္ကေန လွည့္ျပန္ရတာပါ။

ကုိရီးယားဟာ ဒီပြဲႏုိင္ေပမယ့္ ၃ မွတ္ပဲရလုိ႔ အုပ္စုအဆင့္က ထြက္ခဲ့ရပါတယ္။

ကမၻာ့ဖလားၿပိဳင္ပြဲမွာ လက္ရွိခ်န္ပီယံအသင္းေတြ အုပ္စုအဆင့္ကေန ထြက္ရတာဟာ အခုေနာက္ပုိင္းမွာ အစဥ္အလာတခုလုိ ျဖစ္လာေနပါတယ္။
Unicodeဖြင့်ဖတ်ရန်

မနေ့ကယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စု အက်ဖ် ပွဲစဉ်မှာ လက်ရှိချန်ပီယံ ဂျာမနီဟာ အံအားသင့်ဖွင့် ရလဒ်အဖြစ် တောင်ကိုရီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။

ဒီပွဲမှာ ဂျာမနီအသင်း ဘောလုံးကိုင်ပြီး ဖိအားပေး ကစားနိုင်ပေမယ့် တဖက်နောက်တန်းကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

ဂိုးသွင်းခွင့်တွေရပေမယ့် ဂျာမန်ကစားသမားတွေ ဂိုးသွင်းပုံ မသေချာတာရယ်၊ ဂိုးကံခေတာရယ်နဲ့ တဖက်ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်လို့ ဂိုးမသွင်းနိုင် ဖြစ်ခဲ့ရပါတယ်။

တောင်ကိုရီးယားအတွက် ဦးဆောင်ဂိုးကို အချိန်ပို ၉၂ မိနစ်မှာ ကင်ရော်ဝမ်းက ဂျာမန်နောက်တန်း မရှင်းထုတ်နိုင်တဲ့ အမှားကနေ သွင်းယူပါတယ်။ ဒီဂိုးပေးဖို့ ကွင်းလယ်ဒိုင်က VAR နည်းစနစ် အကူအညီ ရယူခဲ့ရပါတယ်။

ဒီပွဲမှာ ဂျာမန်အသင်း ကစားပုံဟာ ချန်ပီယံအသင်းလို့ မေးယူရလောက်အောင် အပေးအယူ အချိတ်အဆက်တွေ လွဲခဲ့ပါတယ်။

ကိုရီးယားအတွက် ဒုတိယဂိုးကို တန်ပြန်တိုက်စစ်ကနေ ဆွန်ဟောင်မင်က သွင်းယူပါတယ်။

ကမ္ဘာ့ချန်ပီယံ ၄ ကြိမ် ဖြစ်ဖူးထားတဲ့ ဂျာမနီဟာ ၁၉၃၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်ကနေ လှည့်ပြန်ရတာပါ။

ကိုရီးယားဟာ ဒီပွဲနိုင်ပေမယ့် ၃ မှတ်ပဲရလို့ အုပ်စုအဆင့်က ထွက်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံအသင်းတွေ အုပ်စုအဆင့်ကနေ ထွက်ရတာဟာ အခုနောက်ပိုင်းမှာ အစဉ်အလာတခုလို ဖြစ်လာနေပါတယ်။

Credit: DVB