Zawgyi ျဖင့္ဖတ္၇န္
႐ွား႐ွားပါးပါး ေတြ႕ထားတဲ့ crush ေလး တစ္ေယာက္႐ွိတယ္။ စကားေတြေျပာရင္းနဲ႔ပဲ ရင္းႏွီးလာစ ျဖစ္လာခ်ိန္ သူေျပာလိုက္တာကေတာ့ ကိုယ့္ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းကို သေဘာက်တယ္ဆုိတာပါပဲ။ Crush က ကိုယ့္ကိုျပန္မႀကိဳက္တာ လက္ခံႏိုင္ေပမဲ့ ကိုယ့္အခ်စ္ဆံုးသူငယ္ခ်င္းကိုမွ သူက သေဘာက်တယ္လို႔ ေျပာတဲ့အခါ ေၾကကြဲရတယ္ေလ။ ဘာဆက္လုပ္ရမလဲ?
၁။ သူတုိ႔ရဲ႕ခံစားခ်က္ေတြကိုလက္ခံလိုက္

ပထမဆံုးအေနနဲ႔ ကိုယ့္ crush က ကိုယ့္ကိုမႀကိဳက္ဘူးဆိုတာကို လက္ခံလိုက္ပါ။ သူမွ ကိုယ့္ကိုမႀကိဳက္တာ ဘာလုပ္ရမလဲ။ ကိုယ့္ကိုယ္ကိုစိတ္ညစ္ခံၿပီး ေမးခြန္းတစ္ဒါဇင္ေလာက္ ေမးေနမယ့္အစား အရွိကိုအရွိအတိုင္း လက္ခံလိုက္တာ အေကာင္းဆံုးျဖစ္ပါတယ္။
၂။ သူတို႔ႏွစ္ေယာက္လံုးအေပၚ ႐ိုးသားပါ

ဘာလို႔လဲဆုိေတာ့ ဒီအေျခအေနမွာ ကိုယ့္အေနနဲ႔ ႏွစ္ဘက္လံုးကို ခင္တြယ္ေနတာကိုး။ သူငယ္ခ်င္းကိုလည္း ခ်စ္တယ္။ Crush ကိုလည္း သေဘာက်တယ္။ မနာလို၊ ေဒါသထြက္၊ ေၾကကြဲရတာေတြ ဘာျဖစ္ျဖစ္ ပြင့္ပြင့္လင္းလင္းသာ ေျပာျပလိုက္ပါ။ လိမ္ညာေနရင္ ပိုဆိုးကုန္မယ္။
၃။ စည္းမ်ဥ္းေလးေတာ့ထား

သူတုိ႔ခ်င္း အဆင္ေျပသြားတာလည္း ျဖစ္ႏိုင္တယ္။ ေျပာလို႔မရဘူးေလ ကိုယ့္ေနာက္ကြယ္မွာ ေတြ႕ခ်င္ေတြ႕ေနၾကမွာေပါ့။ သူတို႔ကို နားလည္ေပးသလို ကိုယ့္ကိုနားလည္ေပးဖုိ႔လည္း ႀကိဳေျပာထားပါ။ ကိုယ့္ေရွ႕မွာ မ်က္စိေနာက္ေအာင္ လာလုပ္ျပရင္ ထသာထြက္ခဲ့လိုက္။
၄။ ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္ေအာင္ထား

ကိုယ့္မွာ တျခားအေပါင္းအသင္းေတြ႐ွိတယ္မဟုတ္လား၊ သူတုိ႔နဲ႔ပဲေန။ အခင္ဆံုးသူငယ္ခ်င္းနဲ႔ စကားမေျပာျဖစ္လို႔ဆုိၿပီး ႀကိတ္ေဆြးေနရင္ ဆက္ဆံေရးက ေျပလည္မွာမဟုတ္ဘူး။ သူတုိ႔ကို ခဏေလာက္ ပလစ္ထားလိုက္ေလ။ ကိုယ့္ဘာသာ တျခား ေပ်ာ္စရာေလးေတြ လုပ္ေနတာ ပိုေကာင္းပါတယ္။

Unicodeဖြင့်ဖတ်ရန်

ရှားရှားပါးပါး တွေ့ထားတဲ့ crush လေး တစ်ယောက်ရှိတယ်။ စကားတွေပြောရင်းနဲ့ပဲ ရင်းနှီးလာစ ဖြစ်လာချိန် သူပြောလိုက်တာကတော့ ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းကို သဘောကျတယ်ဆိုတာပါပဲ။ Crush က ကိုယ့်ကိုပြန်မကြိုက်တာ လက်ခံနိုင်ပေမဲ့ ကိုယ့်အချစ်ဆုံးသူငယ်ချင်းကိုမှ သူက သဘောကျတယ်လို့ ပြောတဲ့အခါ ကြေကွဲရတယ်လေ။ ဘာဆက်လုပ်ရမလဲ?
၁။ သူတို့ရဲ့ခံစားချက်တွေကိုလက်ခံလိုက်

ပထမဆုံးအနေနဲ့ ကိုယ့် crush က ကိုယ့်ကိုမကြိုက်ဘူးဆိုတာကို လက်ခံလိုက်ပါ။ သူမှ ကိုယ့်ကိုမကြိုက်တာ ဘာလုပ်ရမလဲ။ ကိုယ့်ကိုယ်ကိုစိတ်ညစ်ခံပြီး မေးခွန်းတစ်ဒါဇင်လောက် မေးနေမယ့်အစား အရှိကိုအရှိအတိုင်း လက်ခံလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။
၂။ သူတို့နှစ်ယောက်လုံးအပေါ် ရိုးသားပါ

ဘာလို့လဲဆိုတော့ ဒီအခြေအနေမှာ ကိုယ့်အနေနဲ့ နှစ်ဘက်လုံးကို ခင်တွယ်နေတာကိုး။ သူငယ်ချင်းကိုလည်း ချစ်တယ်။ Crush ကိုလည်း သဘောကျတယ်။ မနာလို၊ ဒေါသထွက်၊ ကြေကွဲရတာတွေ ဘာဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းသာ ပြောပြလိုက်ပါ။ လိမ်ညာနေရင် ပိုဆိုးကုန်မယ်။
၃။ စည်းမျဉ်းလေးတော့ထား

သူတို့ချင်း အဆင်ပြေသွားတာလည်း ဖြစ်နိုင်တယ်။ ပြောလို့မရဘူးလေ ကိုယ့်နောက်ကွယ်မှာ တွေ့ချင်တွေ့နေကြမှာပေါ့။ သူတို့ကို နားလည်ပေးသလို ကိုယ့်ကိုနားလည်ပေးဖို့လည်း ကြိုပြောထားပါ။ ကိုယ့်ရှေ့မှာ မျက်စိနောက်အောင် လာလုပ်ပြရင် ထသာထွက်ခဲ့လိုက်။
၄။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထား

ကိုယ့်မှာ တခြားအပေါင်းအသင်းတွေရှိတယ်မဟုတ်လား၊ သူတို့နဲ့ပဲနေ။ အခင်ဆုံးသူငယ်ချင်းနဲ့ စကားမပြောဖြစ်လို့ဆိုပြီး ကြိတ်ဆွေးနေရင် ဆက်ဆံရေးက ပြေလည်မှာမဟုတ်ဘူး။ သူတို့ကို ခဏလောက် ပလစ်ထားလိုက်လေ။ ကိုယ့်ဘာသာ တခြား ပျော်စရာလေးတွေ လုပ်နေတာ ပိုကောင်းပါတယ်။

Credit: Duwun