Zawgyi ျဖင့္ဖတ္၇န္

မႏၱေလးတုိင္​း​ေဒသႀကီး ျမင္​းၿခံၿမိဳ႕တြင္​ ၂၀၁၈ -၂၀၁၉ ပညာသင္​ႏွစ္​အတြက္​ တကၠသုိလ္​ဝင္​တန္​းစာ​ေမးပြဲကုိ ျမင္​းၿခံသရဝဏ္​စာသင္​ဝုိင္​းမွ မသန္႔ထားထား​ေဇာ္​၊ မသန္​႔ထက္​ထက္​​ေဇာ္​၊ မသန္​႔ထူးထူး​ေဇာ္ တုိ႔ အႁမႊာညီမ ၃ ​ေယာက္​စလုံး ဂုဏ္​ထူး ၄ ခုစီနဲ႔ ​ေအာင္​ျမင္​ခဲ့ပါတယ္​။

ျမင္​းၿခံ သရဝဏ္​စာသင္​ဝုိင္​းမွ ​ဆရာမ ​ေဒၚျမဝင္​း က “ဒီညီအမ ၃ ​ေယာက္​လုံးက စာနဲ႔ ပတ္​သက္​လာရင္​ သိပ္ၿပီး​ေတာ့ အသည္းအသန္​ လုပ္​​ေပးစရာ မလုိဘူး၊ သူတုိ႔ ၃ ​ေယာက္​လုံးက စာကုိလုိခ်င္​စိတ္​ရွိၾကတယ္​။ ၿပီး​ေတာ့ သူတုိ႔အသိစိတ္​နဲ႔သူတုိ႔ ႀကိဳးစားၾကတယ္​။ ​ေက်ာင္​းမွန္​မွန္​ လည္​းတက္​တယ္​။ ဒီအႁမႊာညီအမ ၃ ​ေယာက္​လုံးက အ​ေနအထုိင္​ကလည္​း သိပ္ေအးတယ္​။ လိမၼာယဥ္​​ေက်းၾကတယ္​။ သူတုိ႔အခ်င္​းခ်င္​း စာပဲ တုိင္​ပင္​ၿပီး ႀကိဳးစားၾကတယ္​။ ဒါ​ေပမယ့္ အဂၤလိပ္​စာ​ေတာ့ သူတုိ႔ အားနည္​းၾကတယ္။၊ အဓိက​ေတာ့ သူတုိ႔ကုိယ္​တုိင္​ စာကုိ လုိခ်င္​တဲ့စိတ္​႐ွိၿပီး တ​အားႀကိဳးစားၾကတဲ့ က​ေလး​ေတြမုိ႔ ခုလုိ အႁမႊာညီအမ ၃ ​ေယာက္​လုံး ဂုဏ္​ထူး ၄ ခုစီနဲ႔ ​ေအာင္​ျမင္​ၾက​တာပါ။ အရမ္​းပီတိ ျဖစ္​ရပါတယ္” ​လုိ႔ ဒီဗြီဘီကုိ ​ေျပာပါတယ္​။
အႁမႊာညီအမ ၃ ​ေယာက္​စလုံးဟာ ျမင္​းၿခံၿမိဳ႕နယ္​ ဖက္​ပင္​အုိင္​​ေက်းရြာမွာ ၈ တန္​းအထိပညာသင္​ၾကားခဲ့တာ ျဖစ္​ၿပီး၊ ျမင္​းျခံ ( အ-ထ-က ၄ ) မွာ ၉ တန္​းမွစၿပီး တက္​​ေရာက္​ ပညာသင္​ၾကားခဲ့တာ ျဖစ္​ပါတယ္​။
အႁမႊာညီအမ ၃ ​​ေယာက္​ရဲ႕ မိခင္​ျဖစ္​တဲ့ ​ေဒၚခင္​မ်ဳိးမင္​းက “သူတုိ႔ ညီအမ ၃ ​ေယာက္​လုံးက ငယ္​စဥ္​ထဲက စာနဲ႔ပတ္​သက္ရင္​ တစုိက္​မတ္​မတ္​ႀကိဳးစားၾကတယ္​။ သူတုိ႔ ျဖစ္​ခ်င္​တဲ့ ဆႏၵေလး​ေတြ ျဖစ္​ခြင့္ရၾကရင္​​ေတာ့ ပုိ​ေကာင္​းတာ​ေပါ့။ သမီး​ေတြအတြက္​ အရမ္​းဝမ္​းသာမဆုံးျဖစ္​ရပါတယ္” ​လုိ႔ သူမ က ​ေျပာဆုိပါတယ္​။
အႁမႊာညီအမ ၃ ​ေယာက္​စလုံးဟာ သူတုိ႔ရဲ႕ ဝါသနာနဲ႔ ရည္​မွန္​းခ်က္​​ေတြက ဆရာဝန္​မႀကီး​ေတြ ျဖစ္​ခ်င္​ၾကတယ္​လုိ႔ ဆုိပါတယ္​။
မသန္​႔ထက္​ထက္​​ေဇာ္​က “သမီးတုိ႔ ညီအမ ၃ ​ေယာက္​လုံးရဲ႕ မိဘ​ေတြကလည္​း ပညာ​ေရးကုိ ျဖည့္ဆည္​း​ေပးတယ္​။ ၿပီး​ေတာ့ သမီးတုိ႔က က်န္​းမာ​ေရးကုိလည္​းဂ႐ုစုိက္​တယ္​။ စာကုိလည္​း ၾကဳိးစားတဲ့အတြက္​ ခုလုိ ​ေအာင္​ျမင္​ခဲ့တာပါ။ ၿပီး​ေတာ့ သမီးတုိ႔ ညီအမ ၃ ​ေယာက္​လုံးက ဆရာဝန္​မႀကီး ျဖစ္​ခ်င္​တယ္​။ ခုလုိ ​ေအာင္​ျမင္​လုိ႔ အရမ္​း ​ေပ်ာ္​ပါတယ္​” လုိ႔ ေျပာပါတယ္​။

ျမင္​းၿခံၿမိဳ႕နယ္​မွာ စာစစ္​ဌာန ၇ ခု ရွိခဲ့ၿပီး၊ ဝင္​​ေရာက္​​ေျဖဆုိသူ ၄၆၆၀ ဦး ရွိကာ တကၠသုိလ္​ဝင္​တန္​း စာ​ေမးပြဲ ​ေအာင္​ျမင္​ခဲ့သူ ၁၅၄၈ ဦး တုိ႔ ​ေအာင္​ျမင္​ခဲ့ၾကၿပီး ဘာသာစုံ ဂုဏ္​ထူးထြက္​ရွိသူတဦး ပါဝင္​ခဲ့ပါတယ္​။
ျမင္​းၿခံ အ-ထ-က ၄ မွ ဝင္​​ေရာက္​​ေျဖဆုိသူ အႁမႊာညီအမ​ေတြ ျဖစ္​တဲ့ မသန္​႔ထားထား​ေဇာ္​ (သခ်ၤာ-ဓာတု-႐ူပ-ဇီဝ)၊ သန္​႔ထက္​ထက္​​ေဇာ္​ (ျမန္​မာစာ-ဓာတု-႐ူပ-ဇီဝ ) နဲ႔ သန္​႔ထူးထူး​ေဇာ္​ (သခ်ၤာ-ဓာတု -႐ူပ- ဇီဝ) တုိ႔နဲ႔ ​ေအာင္​ျမင္​ခဲ့ၾကတာလည္​း ျဖစ္​ပါတယ္​။
သတင္​း ရီရီထြန္​း (ျမင္​းၿခံ )

Credit to DVB

Unicode ျဖင့္ဖတ္ရန္

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြင်းခြံသရဝဏ်စာသင်ဝိုင်းမှ မသန့်ထားထားဇော်၊ မသန့်ထက်ထက်ဇော်၊ မသန့်ထူးထူးဇော် တို့ အမြွှာညီမ ၃ ယောက်စလုံး ဂုဏ်ထူး ၄ ခုစီနဲ့ အောင်မြင်ခဲ့ပါတယ်။

မြင်းခြံ သရဝဏ်စာသင်ဝိုင်းမှ ဆရာမ ဒေါ်မြဝင်း က “ဒီညီအမ ၃ ယောက်လုံးက စာနဲ့ ပတ်သက်လာရင် သိပ်ပြီးတော့ အသည်းအသန် လုပ်ပေးစရာ မလိုဘူး၊ သူတို့ ၃ ယောက်လုံးက စာကိုလိုချင်စိတ်ရှိကြတယ်။ ပြီးတော့ သူတို့အသိစိတ်နဲ့သူတို့ ကြိုးစားကြတယ်။ ကျောင်းမှန်မှန် လည်းတက်တယ်။ ဒီအမြွှာညီအမ ၃ ယောက်လုံးက အနေအထိုင်ကလည်း သိပ်အေးတယ်။ လိမ္မာယဉ်ကျေးကြတယ်။ သူတို့အချင်းချင်း စာပဲ တိုင်ပင်ပြီး ကြိုးစားကြတယ်။ ဒါပေမယ့် အင်္ဂလိပ်စာတော့ သူတို့ အားနည်းကြတယ်။၊ အဓိကတော့ သူတို့ကိုယ်တိုင် စာကို လိုချင်တဲ့စိတ်ရှိပြီး တအားကြိုးစားကြတဲ့ ကလေးတွေမို့ ခုလို အမြွှာညီအမ ၃ ယောက်လုံး ဂုဏ်ထူး ၄ ခုစီနဲ့ အောင်မြင်ကြတာပါ။ အရမ်းပီတိ ဖြစ်ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အမြွှာညီအမ ၃ ယောက်စလုံးဟာ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ကျေးရွာမှာ ၈ တန်းအထိပညာသင်ကြားခဲ့တာ ဖြစ်ပြီး၊ မြင်းခြံ ( အ-ထ-က ၄ ) မှာ ၉ တန်းမှစပြီး တက်ရောက် ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။
အမြွှာညီအမ ၃ ယောက်ရဲ့ မိခင်ဖြစ်တဲ့ ဒေါ်ခင်မျိုးမင်းက “သူတို့ ညီအမ ၃ ယောက်လုံးက ငယ်စဉ်ထဲက စာနဲ့ပတ်သက်ရင် တစိုက်မတ်မတ်ကြိုးစားကြတယ်။ သူတို့ ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ ဖြစ်ခွင့်ရကြရင်တော့ ပိုကောင်းတာပေါ့။ သမီးတွေအတွက် အရမ်းဝမ်းသာမဆုံးဖြစ်ရပါတယ်” လို့ သူမ က ပြောဆိုပါတယ်။
အမြွှာညီအမ ၃ ယောက်စလုံးဟာ သူတို့ရဲ့ ဝါသနာနဲ့ ရည်မှန်းချက်တွေက ဆရာဝန်မကြီးတွေ ဖြစ်ချင်ကြတယ်လို့ ဆိုပါတယ်။
မသန့်ထက်ထက်ဇော်က “သမီးတို့ ညီအမ ၃ ယောက်လုံးရဲ့ မိဘတွေကလည်း ပညာရေးကို ဖြည့်ဆည်းပေးတယ်။ ပြီးတော့ သမီးတို့က ကျန်းမာရေးကိုလည်းဂရုစိုက်တယ်။ စာကိုလည်း ကြိုးစားတဲ့အတွက် ခုလို အောင်မြင်ခဲ့တာပါ။ ပြီးတော့ သမီးတို့ ညီအမ ၃ ယောက်လုံးက ဆရာဝန်မကြီး ဖြစ်ချင်တယ်။ ခုလို အောင်မြင်လို့ အရမ်း ပျော်ပါတယ်” လို့ ပြောပါတယ်။

မြင်းခြံမြို့နယ်မှာ စာစစ်ဌာန ၇ ခု ရှိခဲ့ပြီး၊ ဝင်ရောက်ဖြေဆိုသူ ၄၆၆၀ ဦး ရှိကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သူ ၁၅၄၈ ဦး တို့ အောင်မြင်ခဲ့ကြပြီး ဘာသာစုံ ဂုဏ်ထူးထွက်ရှိသူတဦး ပါဝင်ခဲ့ပါတယ်။
မြင်းခြံ အ-ထ-က ၄ မှ ဝင်ရောက်ဖြေဆိုသူ အမြွှာညီအမတွေ ဖြစ်တဲ့ မသန့်ထားထားဇော် (သင်္ချာ-ဓာတု-ရူပ-ဇီဝ)၊ သန့်ထက်ထက်ဇော် (မြန်မာစာ-ဓာတု-ရူပ-ဇီဝ ) နဲ့ သန့်ထူးထူးဇော် (သင်္ချာ-ဓာတု -ရူပ- ဇီဝ) တို့နဲ့ အောင်မြင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
သတင်း ရီရီထွန်း (မြင်းခြံ )

Credit to DVB