ZawGyiျဖင့္ဖတ္ရန္
ပညာေရး ျပဳျပင္ေျပာင္းလဲမႈ ေဆာင္႐ြက္ခ်က္မ်ားအရ ၂၀၂၁ ခုႏွစ္တြင္ အေျခခံပညာအဆင့္သည္ အဆင့္ ၁၂ ဆင့္ ရွိမည္ ျဖစ္၍ တကၠသိုလ္ဝင္ စာေမးပြဲ ရွိေတာ့မည္ မဟုတ္ေၾကာင္း ပညာေရး ဒုတိယဝန္ႀကီး ဦး ဝင္းေမာ္ထြန္းက ဧရာဝတီသို႔ ေျပာသည္။

“ပညာေရးက ၁၂ တန္း ေျပာင္းမွာ ျဖစ္တဲ့အတြက္ ၂၀၂၁ မွာေတာ့ စာေမးပြဲႀကီးျဖစ္တဲ့ တကၠသိုလ္ဝင္ စာေမးပြဲအစား ေနာက္တတန္း ထပ္ေနရမယ့္ အတြက္ စာေမးပြဲ မရွိႏိုင္တဲ့ သေဘာေတာ့ ရွိတယ္။ အဲဒီကာလကို ဘယ္လို လုပ္မ လဲဆိုတာ အခုမွ စဥ္းစားေနတုန္းပဲ”ဟု ၎က ဇြန္လ ၁၂ ရက္တြင္ ေျပာသည္။

ဇြန္လ ၁၂ ရက္က ျပည္ေထာင္စု လႊတ္ေတာ္၌ ျပဳလုပ္သည့္ အမ်ိဳးသား ပညာေရး မူဝါဒ ေကာ္မရွင္၏ လုပ္ငန္း ေဆာင္ ႐ြက္မႈမ်ားကို လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ေဆြးေႏြးရာတြင္လည္း ယင္း ၁၂ တန္းကိစၥ အပါအဝင္ ပညာေရး ျပဳျပင္ေျပာင္းလဲမႈမ်ားကို ေဆြးေႏြးခဲ့ ၾကသည္ကို ေတြ႕ရသည္။

မဂၤလာဒုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္လႈိင္ဝင္းက “အခုက KG+12 ဆိုေတာ့ တကၠသိုလ္ဝင္ စာေမးပြဲ မဟုတ္ဘဲ အထက္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္ပဲ ရေတာ့မွာ။ အခုက တကၠသိုလ္ဝင္တန္း အမွတ္နဲ႔ တကၠသိုလ္ကို သြားရတာ။ အခု ေျပာင္း မယ့္ ၂၀၂၁ က်ေတာ့ အထက္တန္း ၿပီးဆုံးေၾကာင္း လက္မွတ္ရမယ္။ အဲဒါၿပီး သြားရင္ သက္ဆိုင္ရာ တကၠသိုလ္ အသီးသီးကို ကိုယ့္ဘာ သာ ဝင္ခြင့္ သြားေလွ်ာက္ရမယ္။ တကၠသိုလ္ ဝင္ခြင့္အတြက္ သီးသန႔္ အတန္းႀကီး ၁ တန္း မလုပ္ထားေတာ့ဘူး” ဟု ဧရာဝတီသို႔ ေျပာ သည္။

ေျပာင္းလဲမည့္ ပညာေရး စနစ္သစ္အရ မူလတန္း ၅ ႏွစ္၊ အလယ္တန္း ၄ ႏွစ္၊ အထက္တန္းက ၃ ႏွစ္ ျဖစ္သြားမည္ ျဖစ္ေၾကာင္း၊ ၁၂ တန္းကို တခု တိုးလာမည္ ျဖစ္သလို ယင္းအတန္းကို တကၠသိုလ္ဝင္တန္းဟု ေခၚဆိုေတာ့မည္ မဟုတ္ေၾကာင္း ပညာေရး ဝန္ႀကီးဌာနမွ သိရသည္။

ပညာေရး ဒုဝန္ႀကီး ဦးဝင္းေမာ္ထြန္းက “အခု ၂၀၁၈ မွာ ၂၀၂၁ ဆိုေတာ့ ၃ ႏွစ္လိုေသးတယ္။ ကိုယ္စားလွယ္ေတြ စဥ္းစား ေနတာက အဲဒီ အခ်ိန္ၾကရင္ အေျခခံပညာ အထက္တန္း စာေမးပြဲ အဲဒီလိုျဖစ္သြားႏိုင္မယ္။ အဲဒီအခ်ိန္မွာ တကၠသိုလ္ေတြ က ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ရသြားရင္ သူ႔ဘာသာ ဝင္ခြင့္ကို စိစစ္ စဥ္းစားလိမ့္မယ္” ဟု ေျပာသည္။

ထိုသို႔ ေျပာင္းလဲမႈမ်ား ျပဳလုပ္ရာ၌ ကိုယ္စားလွယ္မ်ား၊ အရပ္ဘက္ အဖြဲ႕အစည္း၊ မီဒီယာႏွင့္ ႏိုင္ငံတကာ ပညာေရး အေတြ႕အႀကဳံ ရွိသူမ်ားက ေထာက္ျပ မႈမ်ား ရွိလာႏိုင္ေၾကာင္း၊ ပညာေရး ဝန္ႀကီးဌာနအေနႏွင့္ ပိုမိုေကာင္းမြန္ေသာ ပညာေရး စနစ္ျဖစ္ရန္ လုပ္ ေဆာင္သည့္အတြက္ အက်ိဳးအရွိဆုံး အလုပ္ကို ေ႐ြးခ်ယ္ လုပ္ေဆာင္မည္ဟု ၎က ဆက္လက္ေျပာသည္။

ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ တဦးျဖစ္သူ ေဒါက္တာလွမိုးကလည္း “သြားတဲ့ ေျပာင္းလဲေရး ျဖစ္စဥ္အရကို အဲဒီအတိုင္းသြားမွာ။ ၂၀၁၆-၁၇ မွာ ဘယ္အတန္း ေျပာင္းမယ္။ ၁၇-၁၈ မွာ ဘယ္အတန္းေျပာင္းမယ္။ ေျပာင္းေျပာင္းလာရင္းနဲ႔ ၂၀၂၁ က်ရင္ ၁၀ တန္း စာေမးပြဲ ေပ်ာက္သြားမယ္” ဟု ေျပာသည္။

NLD အစိုးရလက္ထက္တြင္ ပညာေရး ျပဳျပင္ေျပာင္းလဲမႈမ်ားကို ႐ုတ္ခ်ည္း ေဆာင္႐ြက္မႈမ်ား ျပဳလုပ္ခဲ့ရသျဖင့္ နားလည္ေပးၾကရန္လည္း ပညာေရး ဒုဝန္ႀကီးက မီဒီယာမ်ားသို႔ ေျပာဆိုခဲ့ဖူးသည္။
Unicodeဖြင့်ဖတ်ရန်
ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များအရ ၂၀၂၁ ခုနှစ်တွင် အခြေခံပညာအဆင့်သည် အဆင့် ၁၂ ဆင့် ရှိမည် ဖြစ်၍ တက္ကသိုလ်ဝင် စာမေးပွဲ ရှိတော့မည် မဟုတ်ကြောင်း ပညာရေး ဒုတိယဝန်ကြီး ဦး ဝင်းမော်ထွန်းက ဧရာဝတီသို့ ပြောသည်။

“ပညာရေးက ၁၂ တန်း ပြောင်းမှာ ဖြစ်တဲ့အတွက် ၂၀၂၁ မှာတော့ စာမေးပွဲကြီးဖြစ်တဲ့ တက္ကသိုလ်ဝင် စာမေးပွဲအစား နောက်တတန်း ထပ်နေရမယ့် အတွက် စာမေးပွဲ မရှိနိုင်တဲ့ သဘောတော့ ရှိတယ်။ အဲဒီကာလကို ဘယ်လို လုပ်မ လဲဆိုတာ အခုမှ စဉ်းစားနေတုန်းပဲ”ဟု ၎င်းက ဇွန်လ ၁၂ ရက်တွင် ပြောသည်။

ဇွန်လ ၁၂ ရက်က ပြည်ထောင်စု လွှတ်တော်၌ ပြုလုပ်သည့် အမျိုးသား ပညာရေး မူဝါဒ ကော်မရှင်၏ လုပ်ငန်း ဆောင် ရွက်မှုများကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင်လည်း ယင်း ၁၂ တန်းကိစ္စ အပါအဝင် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေးခဲ့ ကြသည်ကို တွေ့ရသည်။

မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “အခုက KG+12 ဆိုတော့ တက္ကသိုလ်ဝင် စာမေးပွဲ မဟုတ်ဘဲ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ပဲ ရတော့မှာ။ အခုက တက္ကသိုလ်ဝင်တန်း အမှတ်နဲ့ တက္ကသိုလ်ကို သွားရတာ။ အခု ပြောင်း မယ့် ၂၀၂၁ ကျတော့ အထက်တန်း ပြီးဆုံးကြောင်း လက်မှတ်ရမယ်။ အဲဒါပြီး သွားရင် သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးကို ကိုယ့်ဘာ သာ ဝင်ခွင့် သွားလျှောက်ရမယ်။ တက္ကသိုလ် ဝင်ခွင့်အတွက် သီးသန့် အတန်းကြီး ၁ တန်း မလုပ်ထားတော့ဘူး” ဟု ဧရာဝတီသို့ ပြော သည်။

ပြောင်းလဲမည့် ပညာရေး စနစ်သစ်အရ မူလတန်း ၅ နှစ်၊ အလယ်တန်း ၄ နှစ်၊ အထက်တန်းက ၃ နှစ် ဖြစ်သွားမည် ဖြစ်ကြောင်း၊ ၁၂ တန်းကို တခု တိုးလာမည် ဖြစ်သလို ယင်းအတန်းကို တက္ကသိုလ်ဝင်တန်းဟု ခေါ်ဆိုတော့မည် မဟုတ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “အခု ၂၀၁၈ မှာ ၂၀၂၁ ဆိုတော့ ၃ နှစ်လိုသေးတယ်။ ကိုယ်စားလှယ်တွေ စဉ်းစား နေတာက အဲဒီ အချိန်ကြရင် အခြေခံပညာ အထက်တန်း စာမေးပွဲ အဲဒီလိုဖြစ်သွားနိုင်မယ်။ အဲဒီအချိန်မှာ တက္ကသိုလ်တွေ က ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရသွားရင် သူ့ဘာသာ ဝင်ခွင့်ကို စိစစ် စဉ်းစားလိမ့်မယ်” ဟု ပြောသည်။

ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်ရာ၌ ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်း၊ မီဒီယာနှင့် နိုင်ငံတကာ ပညာရေး အတွေ့အကြုံ ရှိသူများက ထောက်ပြ မှုများ ရှိလာနိုင်ကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေနှင့် ပိုမိုကောင်းမွန်သော ပညာရေး စနစ်ဖြစ်ရန် လုပ် ဆောင်သည့်အတွက် အကျိုးအရှိဆုံး အလုပ်ကို ရွေးချယ် လုပ်ဆောင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာလှမိုးကလည်း “သွားတဲ့ ပြောင်းလဲရေး ဖြစ်စဉ်အရကို အဲဒီအတိုင်းသွားမှာ။ ၂၀၁၆-၁၇ မှာ ဘယ်အတန်း ပြောင်းမယ်။ ၁၇-၁၈ မှာ ဘယ်အတန်းပြောင်းမယ်။ ပြောင်းပြောင်းလာရင်းနဲ့ ၂၀၂၁ ကျရင် ၁၀ တန်း စာမေးပွဲ ပျောက်သွားမယ်” ဟု ပြောသည်။

NLD အစိုးရလက်ထက်တွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ရုတ်ချည်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရသဖြင့် နားလည်ပေးကြရန်လည်း ပညာရေး ဒုဝန်ကြီးက မီဒီယာများသို့ ပြောဆိုခဲ့ဖူးသည်။
Credit: burma.irrawaddy