Zawgyi ျဖင့္ဖတ္၇န္

အတြင္းခံေလးပဲ ဝတ္ထားတဲ့ အမ်ဳိးသားတဦးဟာ ေလယာဥ္ေတာင္ပံေပၚကို တက္ၿပီး ျပတင္းတံခါးကို ထု႐ိုက္ခဲ့တဲ့အတြက္ ေလဆိပ္တာဝန္က်ရဲေတြရဲ႕ ဖမ္းဆီးခံခဲ့ရပါတယ္။

ဒီအျဖစ္အပ်က္ဟာ အေမရိကန္ႏုိင္ငံ အတၱလႏၱာၿမိဳ႕၊ ေလဆိပ္တခုတြင္းမွာ ဇြန္ ၂၇ ရက္ေန႔က ျဖစ္ခဲ့ၿပီး အဲဒီအမ်ိဳးသားဟာ ေလယာဥ္ကြင္းအစပ္ စည္း႐ုိးအနီးက ေလယာဥ္ရဲ႕ အျပင္ဘက္မွာ ရွိေနတာပါ။

ေလယာဥ္ေပၚပါ ခရီးသည္ေတြက ဂ်င္းေဘာင္းဘီတထည္ လက္ထဲကိုင္ထားၿပီး အတြင္းခံေဘာင္းဘီနဲ႔ အမ်ိဳးသားတဦး အျပင္မွာ က်န္ေနေသးတယ္လို႔ ေအာ္ေျပာေျပာခဲ့ၾကေပမယ့္ ေလယာဥ္ပိုင္းေလာ့ကေတာ့ သူဟာ ခရီးသည္မဟုတ္ဘူးလို႔ ေနာက္ပိုင္းမွာ ျပန္ေျပာခဲ့တာပါ။

႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ေလယာဥ္ကို ထု႐ုိက္ခဲ့ၿပီးေနာက္ ေအာ္ဟစ္ေျပာေနခ်ိန္မွာ ရဲေတြ ဖမ္းဆီးခဲ့တာ ေတြ႔ရပါတယ္။

ေနာက္ပိုင္းမွာေတာ့ အဲဒီအမ်ိဳးသားဟာ အသက္ ၁၉ ႏွစ္အရြယ္ ဂ်ာရင္ဂ်ဳံးစ္လို႔ သိခဲ့ရၿပီးေနာက္ သူ႔ကို တရားမဝင္ပုိင္နက္ထဲ ဥပေဒခ်ိဳးေဖာက္ က်ဴးေက်ာ္ဝင္ေရာက္ခဲ့မႈ၊ အမ်ားျပည္သူ စိတ္အေႏွာင့္အယွက္ ျဖစ္ေစမႈေတြနဲ႔ ဖမ္းဆီးအေရးယူသြားမယ္လို႔ ရဲေတြက ေျပာပါတယ္။

သူဟာ ဘာေၾကာင့္ ခုလိုလုပ္ရတယ္ ဆုိတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိႏိုင္ေသးဘဲ ခုလိုလုပ္ေဆာင္ခဲ့မႈေၾကာင့္ ေလဆိပ္တြင္း တျခားလုပ္ေဆာင္မႈေတြကို ေႏွာင့္ေႏွးခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ ဟာ့တ္စ္ဖီးလ္ဒ္ဂ်က္ဆင္ အျပည္ျပည္ဆိုင္ရာေလေၾကာင္းက တြစ္တာစာမ်က္ႏွာေပၚမွတဆင့္ ေရးသားခဲ့တာကို ေတြ႔ရပါတယ္။
Unicodeဖြင့်ဖတ်ရန်

အတွင်းခံလေးပဲ ဝတ်ထားတဲ့ အမျိုးသားတဦးဟာ လေယာဉ်တောင်ပံပေါ်ကို တက်ပြီး ပြတင်းတံခါးကို ထုရိုက်ခဲ့တဲ့အတွက် လေဆိပ်တာဝန်ကျရဲတွေရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ အတ္တလန္တာမြို့၊ လေဆိပ်တခုတွင်းမှာ ဇွန် ၂၇ ရက်နေ့က ဖြစ်ခဲ့ပြီး အဲဒီအမျိုးသားဟာ လေယာဉ်ကွင်းအစပ် စည်းရိုးအနီးက လေယာဉ်ရဲ့ အပြင်ဘက်မှာ ရှိနေတာပါ။

လေယာဉ်ပေါ်ပါ ခရီးသည်တွေက ဂျင်းဘောင်းဘီတထည် လက်ထဲကိုင်ထားပြီး အတွင်းခံဘောင်းဘီနဲ့ အမျိုးသားတဦး အပြင်မှာ ကျန်နေသေးတယ်လို့ အော်ပြောပြောခဲ့ကြပေမယ့် လေယာဉ်ပိုင်းလော့ကတော့ သူဟာ ခရီးသည်မဟုတ်ဘူးလို့ နောက်ပိုင်းမှာ ပြန်ပြောခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လေယာဉ်ကို ထုရိုက်ခဲ့ပြီးနောက် အော်ဟစ်ပြောနေချိန်မှာ ရဲတွေ ဖမ်းဆီးခဲ့တာ တွေ့ရပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီအမျိုးသားဟာ အသက် ၁၉ နှစ်အရွယ် ဂျာရင်ဂျုံးစ်လို့ သိခဲ့ရပြီးနောက် သူ့ကို တရားမဝင်ပိုင်နက်ထဲ ဥပဒေချိုးဖောက် ကျူးကျော်ဝင်ရောက်ခဲ့မှု၊ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေမှုတွေနဲ့ ဖမ်းဆီးအရေးယူသွားမယ်လို့ ရဲတွေက ပြောပါတယ်။

သူဟာ ဘာကြောင့် ခုလိုလုပ်ရတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘဲ ခုလိုလုပ်ဆောင်ခဲ့မှုကြောင့် လေဆိပ်တွင်း တခြားလုပ်ဆောင်မှုတွေကို နှောင့်နှေးခဲ့တာမျိုး မရှိခဲ့ဘူးလို့ ဟာ့တ်စ်ဖီးလ်ဒ်ဂျက်ဆင် အပြည်ပြည်ဆိုင်ရာလေကြောင်းက တွစ်တာစာမျက်နှာပေါ်မှတဆင့် ရေးသားခဲ့တာကို တွေ့ရပါတယ်။

Credit: Popinvdo