ac0

Zawgyi ဖြင့်ဖတ်၇န်



ac2


ac1

Unicodeဖြင့်ဖတ်ရန်

ဒါဆို ပြည်ပ ပရိုမိုးရှင်းတွေအတွက်တော့အခက်ခဲပါပဲနော်။ ခပ်ရူပ်ရူပ် လုပ်ထုံးလုပ်နည်းတွေ လုပ်ပြီးတော့ ပြည်ပသွားလာခွင့်ရမယ်ထင်ပါတယ်။

တောင်ကိုရီးယား အေဂျင်စီ တစ်ခုက အခုချိန်မှာ Highlight အဖွဲ့ဝင် Doojoon တစ်ယောက် ပြည်ပပရိုမိုးရှင်းအတွက် စစ်မှုထမ်းတာဝန်မပြီးသေးတာကြောင့် အခက်ခဲရှိနေပါတယ်လို့ သတင်းထုတ်ပြန်ပြီးနောက်မှာ အခြားသော ကိုရီးယားနိုင်ငံက အသက် ၂၅ ကနေ ၃၀ အတွင်းစစ်မှုမထမ်းရသေးတဲ့ အနုပညာရှင်အမျိုးသားတွေအတွက် လဲ ဒီလိုအခက်ခဲကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ac2

မေလ ၂၉ ရက်နေ့ တောင်ကိုရီးယား စစ်မှုထမ်းဥပဒေကို ပြုပြင်ခဲ့ရာမှာ စစ်မှုထမ်းတာဝန်မပြီးမြောက်သေးတဲ့ အမျိုးသားတွေအနေနဲ့ နိုင်ငံတကာ ခရီးသွားမူ အကြိမ်ရေနဲ့ သွားလာမူအချိန်အတောတွင်းကို ကန့်သတ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့အသက် ၂၅ နှစ်ပြည့်ပြီးတဲ့ အမျိုးသားတိုင်း စစ်မှုထမ်းကာလ မပြီးဆုံးသေးတဲ့အချိန်မှာ ပြည်ပသွားလာခွင့်အတွက် Military Manpower Administration ဆီကနေ့ခွင့်ပြုချက် တောင်းခံရမှာဖြစ်ပါတယ်။

ac1

ဒီလိုဥပဒေ ပြင်ဆင် မူကြောင့် တောင်ကိုရီးယား ကေပေါ့အဖွဲ့တွေဖြစ်တဲ့ Exo, SHINee, BTS, WINNER, BTOB, Block B, B.A.P, INFINITE, FISLAND, B1A4 နဲ့အခြားသောအဖွဲ့ဝင်တွေဟာ ပြည်ပခရီးပရိုမိုးရှင်း သွားလာမူတွေအတွက် ကန့်သတ်မူတွေရှိလာတော့မှာဖြစ်ပါတယ်။
From MM