ZawGyiျဖင့္ဖတ္ရန္

လႈိင္သာယာၿမိဳ႕နယ္တြင္ ဘုရားမီးပူေဇာ္ထားသည့္ ဖေယာင္းတုိင္လဲက်ရာမွ မီး ေလာင္ၿပီး က်ဴးေက်ာ္အိမ္ ၁၆ လုံး ဆုံး႐ႈံးခဲ့ေၾကာင္း ရန္ကုန္တုိင္း မီးသတ္တပ္ဖဲြ႕က သတင္းထုတ္ ျပန္သည္။

လႈိင္သာယာၿမိဳ႕နယ္ အမွတ္ (၅)ရပ္ကြက္ ျမရိပ္ညိဳ ၂ လမ္းႏွင့္ ဇီဇ၀ါလမ္းေထာင့္ရွိ အိမ္တစ္ အိမ္တြင္ ဇြန္လ ၂၁ ရက္နံနက္က မီးေလာင္ခဲ့သည္။

က်ဴးေက်ာ္ေနအိမ္ ၁၆ လုံး မီးေလာင္ဆုံး႐ႈံးၿပီး ဆုံး႐ႈံးမႈတန္ဖုိးက်ပ္ ၁၄ သိန္းခန္႔ရွိေၾကာင္း မီး သတ္တပ္ဖဲြ႕က သတင္းထုတ္ျပန္ သည္။ မီးေလာင္မႈေၾကာင့္ ထိခိုက္ ဒဏ္ရာရရွိသူ မရွိဘဲ မီးေလာင္မႈ စတင္သည့္ အိမ္ရွင္အမ်ဳိးသမီး ကို မီးေပါ့ဆမႈ ပုဒ္မ ၂၈၅ ျဖင့္ လႈိင္သာယာၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားသည္။

ယခုႏွစ္ ဇန္န၀ါရီႏွင့္ မတ္လက လႈိင္သာယာၿမိဳ႕နယ္ရွိ က်ဴးေက်ာ္တဲမ်ားတြင္ မီးေလာင္မႈ ျဖစ္ပြားခဲ့သည္။ ဇန္န၀ါရီ ၂၃ ရက္္က လႈိင္သာယာစက္မႈဇုန္ (၄)၌ ေရေႏြးအိုးတည္ထားရာမွ မီးေလာင္ခဲ့ရာ က်ဴးေက်ာ္ေနအိမ္ ၈၀ ေက်ာ္ မီးေလာင္ဆုံး႐ံႈးၿပီး ေလျဖန္းေရာဂါ ခံစားေနရသည့္ အမ်ဳိးသားတစ္ဦး မီးေလာင္ေသဆုံးခဲ့ သည္။ မတ္လ ၂၆ ရက္ မီးေလာင္မႈသည္ ဖေယာင္းတုိင္မီးထြန္းထားသည္ကို ေမ့ေလ်ာ့၍ အိပ္ေပ်ာ္ရာမွအနီးရွိ ၀ါးထရံကို မီးကူးစက္ေလာင္ခဲ့ၿပီး က်ဴးေက်ာ္တဲ ၃၃ လုံး မီးေလာင္ကာ လူႏွစ္ဦး ဒဏ္ရာ ရရွိခဲ့သည္။
Unicodeျဖင့္ဖတ္ရန္

မီးငြိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − Aung Khaing)

လှိုင်သာယာမြို့နယ်တွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်လဲကျရာမှ မီး လောင်ပြီး ကျူးကျော်အိမ် ၁၆ လုံး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

လှိုင်သာယာမြို့နယ် အမှတ် (၅)ရပ်ကွက် မြရိပ်ညို ၂ လမ်းနှင့် ဇီဇဝါလမ်းထောင့်ရှိ အိမ်တစ် အိမ်တွင် ဇွန်လ ၂၁ ရက်နံနက်က မီးလောင်ခဲ့သည်။

ကျူးကျော်နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၁၄ သိန်းခန့်ရှိကြောင်း မီး သတ်တပ်ဖွဲ့က သတင်းထုတ်ပြန် သည်။ မီးလောင်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ မရှိဘဲ မီးလောင်မှု စတင်သည့် အိမ်ရှင်အမျိုးသမီး ကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

ယခုနှစ် ဇန်နဝါရီနှင့် မတ်လက လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်တဲများတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ဇန်နဝါရီ ၂၃ ရက်က လှိုင်သာယာစက်မှုဇုန် (၄)၌ ရေနွေးအိုးတည်ထားရာမှ မီးလောင်ခဲ့ရာ ကျူးကျော်နေအိမ် ၈၀ ကျော် မီးလောင်ဆုံးရှုံးပြီး လေဖြန်းရောဂါ ခံစားနေရသည့် အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ သည်။ မတ်လ ၂၆ ရက် မီးလောင်မှုသည် ဖယောင်းတိုင်မီးထွန်းထားသည်ကို မေ့လျော့၍ အိပ်ပျော်ရာမှအနီးရှိ ဝါးထရံကို မီးကူးစက်လောင်ခဲ့ပြီး ကျူးကျော်တဲ ၃၃ လုံး မီးလောင်ကာ လူနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။
Credit: 7Day