ZawGyiဖြင့်ဖတ်ရန်


ဖြစ်စဉ်မှာ ယာဉ်အနောက်ဘက် ဘယ်ဘက်ဘီး တာယာပွင့်ထွက်ပြီး အပူလွန်ကဲရာ မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ပြီး တာယာ(၁)လုံး၊ ထိုင်ခုံကူရှင် (၃)လုံး မီးလောင်ခဲ့ပါသည်။

မီးလောင်မှုအား အဆိုပါယာဉ်ပေါ်ပါ မီးသတ် ဆေးဘူးများနှင့် လည်းကောင်း၊ အနီးရှိ ကွင်းချောင်းမှ စိုက်ခင်းသို့ ရေစုပ်စက်ဖြင့် ရေတင်နေသော တောင်သူ ဦးကျော်နိုင်မှ ၄င်း၏ ရေစုပ်စက်ဖြင့် လည်းကောင်း ကူညီငြှိမ်းသတ် ပေးခဲ့ပြီး အင်းတော်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသည်ယာဉ်(၁)စီး နှင့် မြို့နယ်အရန်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးလည်း အဆိုပါနေရာသို့ သတင်းရခြင်း ထွက်ခွာခဲ့ပါသည်။


ကိုရှမ်း ကသာ
Unicodeဖြင့်ဖတ်ရန်

ဂျိန်းဖောရွှေမြေ ခရီးသည်တင်ကား မီးလောင်မှုဖြစ်ပွား
ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိ

(၁၆.၆.၂၀၁၈)ရက်နေ့၊ နံနက်(၅)နာရီအချိန်ခန့် တွင် ကသာခရိုင်၊အင်းတော်မြို့နယ်၊ မြစ်ကြီးနား -ရွှေဘို ဗျူဟာကားလမ်း၊ မိုင်တိုင်အမှတ် (၁၂၅/၃)၊ ကွင်းချောင်းရေကျော်အနီးတွင် ယာဉ်မောင်းဦးမျိုးသန့် မောင်းနှင်၍ မြစ်ကြီးနား မြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော ယာဉ်အမှတ် (5E/6673)၊ ယာဉ်အမျိုးအစား (YUTONG) ခရီးသည်(၃၂)ဦးပါ #ဂျိန်းဖောရွှေမြေ ခရီးသည်တင် ယာဉ်တစ်မီးလောင်မှု ဖြစ်ပွားကြောင်း သိရရသည်။

ဖြစ်စဉ်မှှာ ယာဉ်အနောက်ဘက် ဘယ်ဘက်ဘီး တာယာပွင့်ထွက်ပြီး အပူလွန်ကဲရာ မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ပြီး တာယာ(၁)လုံး၊ ထိုင်ခုံကူရှင် (၃)လုံး မီးလောင်ခဲ့ပါသည်။

မီးလောင်မှုအား အဆိုပါယာဉ်ပေါ်ပါ မီးသတ် ဆေးဘူးများနှင့် လည်းကောင်း၊ အနီးရှိ ကွင်းချောင်းမှ စိုက်ခင်းသို့ ရေစုပ်စက်ဖြင့် ရေတင်နေသော တောင်သူ ဦးကျော်နိုင်မှ ၎င်း၏ ရေစုပ်စက်ဖြင့် လည်းကောင်း ကူညီငြှိမ်းသတ် ပေးခဲ့ပြီး အင်းတော်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသည်ယာဉ်(၁)စီး နှင့် မြို့နယ်အရန်စခန်းမှ မီးငြှိှမ်းသတ်ယာဉ် (၁)စီးလည်း အဆိုပါနေရာသို့ သတင်းရခြင်း ထွက်ခွာခဲ့ပါသည်။

မီးလောင်မှုကြောင့် ခရီးသည်ပြည်သူများ ထိခိုက်ဒဏ်ရရှိမှု မရှိကြောင်း သိရသည်။

ကိုရှမ်း ကသာ

Credit:Dagaung News