ZawGyiဖြင့်ဖတ်ရန်




-ထွန်းထွန်း
Unicodeဖြင့်ဖတ်ရန်

ကမ္လောဇဘဏ်ရဲ့ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုအတွက် ဒီဂျစ်တယ်နည်းစနစ်ကို အဆင့်မြှင့်တင် ပြောင်းလဲဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

“ပြည်တွင်းငွေလွှဲဝန်ဆောင်မှုနှုန်းထားတွေက လွန်ခဲ့တဲ့ (၇) နှစ် အတွင်းမှာ ပြောင်းလဲမှု မရှိခဲ့ပါဘူး၊ လက်ရှိ နှုန်းထားတွေကလည်း ခေတ်နဲ့လျော်ညီခြင်း မရှိတော့တဲ့အတွက် ဘဏ်အနေနဲ့ ရေရှည်ယှဉ်ပြိုင်နိုင် စွမ်းကို အားကောင်းစေနိုင်ဖို့ အခုလိုပြင်ဆင်ရတာ ဖြစ်ပါတယ်” လို့ ကမ္ဘောဇဘဏ်ရဲ့ Head of Domestic Remittance ဖြစ်သူ ဦးပိုင်မင်းက ပြောပါတယ်။

ဘဏ်ခွဲကောင်တာမှာ ငွေလွှဲပို့မှု အနည်းဆုံးကောက်ခံတဲ့ ဝန်ဆောင်ခကို ဇူလိုင် ၁ ရက်ကနေစပြီး မြန်မာကျပ်ငွေ (၅၀၀) သို့ ပြောင်းလဲသွားမှာဖြစ်ကြောင်း၊ အခြားသော ငွေလွှဲခနှုန်းတွေက ယခင်အတိုင်းသာ ရှိမှာဖြစ်ပြီး အနိမ့်ဆုံး ကောက်ခံမယ့် ဝန်ဆောင်ခသာ ပြောင်းလဲမယ်လို့ ဆိုပါတယ်။ KBZ iBanking ကို အသုံးပြုပြီး အခြားသူတွေရဲ့ ကမ္ဘောဇဘဏ်အကောင့်သို့ ငွေလွှဲပေးပို့တဲ့ ဝန်ဆောင်ခတွေ (Internal Transfer Fees) ကိုလည်း ဇူလိုင်လ ၁ ရက်၊ ၂၀၁၈ မှာ ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

-ထွန်းထွန်း
Credit: Internet Journal